ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တွင် လေးစားအားကျထိုက်သူတွေ နဲ့ ကျွန်တော်တို့ဘဝကို ဖျက်စီးနိုင်တဲ့သူတွေဖြင့် ဝိုင်းရံနေလျက်ရှိပါတယ်။ ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းကတော့ လူတွေရဲ့ဘဝကို ဖျက်စီးနိုင်တဲ့ အဆိပ်လိုလူစားအကြောင်းတွေပါ။
ဒုက္ခသည်များ
Source: graceywangoi
တစ်ယောက်နဲ့တစ်ယောက်မတွေ့တာလည်း နှစ်နဲ့ချီပြီးကြာနေပြီ။ သူ့အကြောင်းလည်း သင်ကသေချာမသိဘူး။ ဒါပေမယ့် ရုတ်တရက်ပေါ်လာပြီး မိမိကို အကူအညီလာတောင်းတတ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုအသုံးပြုဖို့ သက်သက်ပါပဲ။ ဒီလိုလူမျိုးတွေနဲ့ တွေ့ရပြီဆိုရင် အားနာမနေပါနဲ့။ ဘာအကူအညီပဲ လာတောင်းတောင်း ငြင်းလွှတ်လိုက်ပါ။
ခြောက်လှန့်ရေးသမားများ
Source: Exposing Online
ဒီလိုလူမျိုးတွေဟာ ဘယ်နေရာဘယ်အချိန်မဆို ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် အထိတ်တလန့်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိကြတယ်။ ဒီလိုလူမျိုးတွေနဲ့ အတူနေရပြီဆိုရင် အမြဲတမ်း ထိတ်ထိတ်ပျာပျာ ဖြစ်နေရတတ်ပါတယ်။ ဒီလိုလူတွေကို ရှောင်ရှားနိုင်ဖို့ကြိုးစားပါ။ အထူးသဖြင့် ခရီးထွက်ဖို့စီစဉ်နေတဲ့အချိန်မှာ ဒီလိုလူတွေနဲ့ မတွေ့ပါနဲ့။ သူတို့က သင့်ရဲ့ခရီးကို ဖျက်စီးနိုင်ပါတယ်။
ကြောင်သူတော်များ
Source: CareerCast
ဒီလိုလူမျိုးတွေက သင့်ရှေ့မှာချီးမွမ်းစကားတွေပြောနေတတ်ပေမယ့် နောက်ကွယ်မှာ သင့်ရဲ့မကောင်းကြောင်းကို ပြောတတ်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေဆီကနေ အခြားလူတွေက သင့်အကြောင်းအမှန်ကို ဘယ်လိုနည်းနဲ့မှ မသိနိုင်ကြပါဘူး။ သူတို့တွေက အမြဲတမ်း ချဲ့ကားပြီးပြောတတ်သလို လိမ်လည်ပြီးလည်းပြောတတ်ပါတယ်။ ဒီလိုလူသူငယ်ချင်းမျိုးက ယုံစားလို့မရပါဘူး။ သင့်ကို တစ်ချိန်မဟုတ်တစ်ချိန် သစ္စာဖောက်သွားမှာပါ။
တစ်ကိုယ်ကောင်းဆန်သူ
Source: lifealth.com
တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ သင့်ရဲ့ချစ်ခြင်းနဲ့ဂရုစိုက်မူကို စားသုံးတတ်တဲ့သူမျိုးတွေပါ။ သူတို့တွေဟာ သင့်ကိုအနားမှာထားပြီး သင်လိုအပ်တာအကုန်လုပ်ပေးဖို့ ကတိတွေပေးပေမယ့် ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး။ သူတို့ဟာ သင့်ဆီကနေ သူတို့လိုချင်တာကို ယူဆောင်တတ်ကြတယ်။ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်နဲ့ဘဝ ကိုသူတို့ကိုပေးရတတ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုးတွေဆီကနေ တတ်နိူင်သမျှဝေးဝေးမှာ နေပေးဖို့ အကြံပေးပါရစေ။