အိမ်ထောင်ပြုတယ်ဆိုတာ တကယ်တော့အရမ်းလေးနက်ပါတယ်။ယူပြီးမှလဲ ပြန်အမ်းလို့မရတဲ့ အရာတစ်ခုပါ။ဆုံးဖြတ်ချက်တွေမှားသွားရင် တစ်သက်လုံး စိတ်ဆင်းရဲရမယ့် အရာတွေထဲမှာ အိမ်ထောင်ရေးကလည်း ထိပ်ဆုံးကပါပါတယ်။ဒါကြောင့် ဘဝနဲ့ ရင်းပြီး စိတ်ဆင်းရဲမှုတွေကို မခံစားရစေဖို့ အိမ်ထောင်ဖက်အဖြစ်လုံးဝမရွေးသင့်တဲ့ အမျိုးသမီးတို့ရဲ့ စရိုက်လက္ခဏာတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) တစ်ကိုယ်ကောင်းဆန်သူ

Source : Shutterstock

သာယာပျော်ရွှင်ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို တစ်ကိုယ်ကောင်းဆန်ခြင်းတွေနဲ့ တည်ဆောက်လို့မရနိုင်ပါဘူး။အိမ်ထောင်ဖက်ဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွှက်ဖြစ်တဲ့ စွယ်တော်ရွှက်လိုပါပဲ။တစ်ယောက်နဲ့တစ်ယောက်အပေးအယူမျှတဖို့ အရမ်းအရေးကြီးပါတယ်။ဒီလိုမှမဟုတ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့အမျိုးသမီးကိုရွေးချယ်မိမယ်ဆိုရင်တော့ တစ်သက်လုံးညှိနှိုင်းရခက်ပြီး စိတ်ဆင်းရဲဖို့ ရာခိုင်နှုန်းများပါတယ်။

(၂) လေးစားမှုမရှိသူ

Source : Shutterstock

အိမ်ထောင်ရေးတစ်ခုမှာ အပြန်အလှန်​လေးစားမှုက အရမ်းအရေးကြီးပါတယ်။ကိုယ်ထက်အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ့်ခင်ပွန်း ကိုယ်ဇနီးဆိုတာမျိုးနဲ့ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိနေခြင်းက ချစ်တာထက်ပိုပြီး လေးနက်တဲ့ သဘောသက်ရောက်ပါတယ်။ကိုယ့်အပေါ်လေးစားမှုလည်းမရှိ တန်ဖိုးဆိုတာလည်း နားမလည်တဲ့မိန်းကလေးမျိုးဆိုရင်တော့ ဝေးဝေးကပဲလက်ရှောင်လိုက်သင့်ပါတယ်။

(၃) စရိုက်ကြမ်းသူ

Source : Cositas Femeninas

တစ်ချို့သော မိန်းကလေးတွေဟာ ရုပ်လေးနဲ့ မလိုက်အောင် ပင်ကိုယ်စရိုက်ဗီဇကြမ်းတမ်းကြပါတယ်။ စကားပြောရင် အဆဲအဆိုတွေ တစ်ခုခုဆိုရင် ခြေပါလက်ပါတက်တဲ့ စရိုက်ကြမ်းသူအမျိုးသမီးတွေကိုလည်း အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့ မသင့်တော်ပါဘူး။

(၄) ပိုင်ဆိုင်မှုကိုတွက်ချက်တက်သူ

Source : Catch Cheaters Fast

အိမ်ထောင်ရေးဆိုတာ အချစ်ကိုအခြေတည်ပြီး တည်ဆောက်တာပဲ ကောင်းပါတယ်။ပိုင်ဆိုင်မှုငွေကြေးဥစ္စာတွေကိုတွက်ချက်ပြီး လက်ထပ်ဖို့ရွေးချယ်သူဆိုရင်တော့ တနည်းအားဖြင့် သူမက သိုက်တူးသမားဖြစ်ဖို့များပါတယ်။မရေရာတဲ့ငွေကြေးချမ်းသာကြွယ်ဝမှုမရှိတော့တဲ့တစ်နေ့ ကိုယ်အနားကပျောက်ကွယ်သွားမယ့်သူမျိုးက လက်တွဲဖော်အဖြစ်မရွေးချယ်မိဖို့ သတိပြုသင့်ပါတယ်။