UEFA ဟာ COVID (19) ယခုနှစ်ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို အကန့်အသတ်မရှိရွှေ့ဆိုင်း ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

UEFA အဖွဲ့ဝင် (၅၅) နိုင်ငံမှ ဘောလုံးအဖွဲ့ချုပ်ကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Source: Mirror

ယခုလက်ရှိအချိန်မှာ ဗိုင်းရပ်စ်အန္တာရာယ်ကြောင့် ဘီလာရုစ်လိဂ်ပြိုင်ပွဲမှလွဲပြီး ဥရောပဘောလုံးပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းထားပါတယ်။ ပြည်တွင်းဘောလုံးပြိုင်ပွဲတွေကို ပြီးစီးအောင် ကျင်းပနိူင်ဖို့အတွက် အခုလို ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကိုရွှေ့ဆိုင်းလိုက်တာဖြစ်ကြောင်းလည်း Mirror ကဖော်ပြထားပါတယ်။

Source: ESPN

ဥရောပပြိုင်ပွဲတွေအပြင် ဇွန်လတွင်း ကျင်းပမည့် နိူင်ငံတကာပြိုင်ပွဲတွေအပြင် ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေ ပြီးစီးသွားရင်တော့ ဥရောပပြိုင်ပွဲတွေ ဆက်လတ်ကျင်းပနိူင်ဖွယ်ရှိကြောင်း လည်းသိရပါတယ်။

Source: NDTV Sports

ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပမည့်အချိန်နှင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလ သတ်မှတ်ချက်များကို ယခုလအတွင်း အစည်းအဝေးလုပ်က ထပ်မံဆွေးနွေးသွားဖွယ်ရှိကြောင်း သိရပါတယ်။