လက်ရှိပရီးမီးယားလိဂ် ဇယားကိုရမှတ်အပြတ်အသတ် ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးရာသီ ပြီးဆုံးအောင်မကျင်းပနိူင်ခဲ့ပါက ချန်ပီယံ အဖြစ်သတ်မှတ်ပေးမှာမဟုတ်ဘူးလို့ UEFA ဥက္ကဌ Aleksander Ceferin ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ကကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အခုလိုပဲပြေားကြားသွားခဲ့တာပါ။
Source: Newscastars
ယူရို ၂၀၂၀ ပြိုင်ပွဲတွေကိုလည်း ၂၀၂၁ ခုနှစ် နွေရာသီအထိ ရွှေ့ဆိုင်းလိုက်ပြီး ပြည်တွင်း ကလပ်ပြိုင်ပွဲတွေကိုလည်း ဇွန်လ ၃၀၊ ၂၀၂၀ မှာ ကျင်းပပြီးစီးနိူင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်လို့ ဇွန်လ ၃၀ ရက်နေ့အထိ ပြိုင်ပွဲတွေ ဆက်လတ်မကျင်းပနိူင်ပါက ပြိုင်ပွဲတွေ ဖျတ်သိမ်း ဖွယ်ရှိနေပါတယ်။
“သတင်းအမှားတွေက ကျနော်တွေ့နေရပါတယ်။ UEFA ကပြိုင်ပွဲတွေ ပြီးဆုံးအောင်ကျင်းပနိူင်ဖို့ စီစဉ်နေပါတယ်။ ချန်ပီယံဆုကိုလည်း ဘောလုံးရာသီပြီးဆုံးမှာ ဆုံးဖြတ်မှာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ပြိုင်ပွဲတွေအကုန်လုံး ပြီးဆုံးအောင် ကျင်းပနိူင်ဖို့ပါပဲ။” ဟု Ceferin ကပြောသွားခဲ့ပါတယ်။
Source: HITC
လီဗာပူးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ အကြာမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိူင်ဖို့ လက်တကမ်းအလိုမှာ ပြိုင်ပွဲတွေ ဖျတ်သိမ်းပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ပါက လီဗာပူးအတွက် အလွန်နှစ်နာဖွယ်ရှိနေပါတယ်။
Source: Daily Mail
လာလီဂါ ဥက္ကဌ Luis Rubiales ကလည်း ပြိုင်ပွဲ ဖျတ်သိမ်းခဲ့ရပါက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံဆု ရရှိမှာမဟုတ်ဘူးလို့ အလားတူပြောကြားထားပါတယ်။ ဘာစီလိုနာဟာဒုတိယနေရာမှာ ရီးရဲအသင်းနဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။
အကယ်၍ ပြည်တွင်းဘောလုံးပြိုင်ပွဲတွေ အချိန်မီပြီးဆုံးတဲ့အထိ မကျင်းပနိူင်ခဲ့ပါက ကလပ်အသင်းတော်တော်များများ နှစ်နာဖွယ်ရှိနေပါတယ်။