Shoes ဆိုတာ ယောင်္ကျားတစ်ယောက်ကို ပိုပြီး ယောင်္ကျားပီသအောင် ဆွဲဆောင်နိုင်တဲ့ ဖက်ရှင်ပစ္စည်းဖြစ်ပေမယ့် Shoes တိုင်းက Sexy ဖြစ်တာတော့လည်း မဟုတ်ပါဘူး။ တချို့ Shoes တွေဆို အတော်လေး ရုပ်ဆိုးစေလို့ မဝတ်ဘဲ ရှောင်ရမယ့်စာရင်းမှာတောင် ထည့်ထားရမှာပါ။ ဘယ်လို Shoes တွေက ယောင်္ကျားသားတို့ မဝတ်သင့်တာလဲ ကြည့်ရအောင်ပါ။
ပထမ Shoes အမျိုးအစားက Boat Shoes ဖြစ်ပါတယ်။ Boat Shoes တွေက အရုပ်အဆိုးဆုံး Shoes ထဲမှာ ပါပါတယ်။ Boat Shoes အစား သပ်ရပ်ပြီး Minimal ဆန်တဲ့ လယ်သာ Sneakers မျိုး စီးသင့်ပါတယ်။ Boat Shoes တွေလိုပဲ ရုပ်ဆိုးတဲ့ နောက်ထပ် Shoes တစ်မျိုးက ခြေလျှိုစီးနိုင်တဲ့ Slip-On Hiking Shoes တွေပါပဲ။ အကြမ်းပတမ်းခံ စီးနိုင်အောင် ထုတ်ထားတာ ဖြစ်လို့ သူတို့ရဲ့ ပုံစံကိုက အရုပ်ဆိုးပါတယ်။
Photo: outdoorgearlab
ဖက်ရှင်အမြင်အရ တွဲမဝတ်သင့်တဲ့ စတိုင်တစ်ခုက အားကစားသမားစီး Athletic Sneaker နဲ့ အားကစားသမားဝတ်စုံ မဟုတ်တဲ့ ဖက်ရှင်မျိုးကို တွဲဝတ်တာပါပဲ။ တကယ်လို့ ရိုးရိုးပေါ့ပေါ့ပါးပါး Non-Athletic အဝတ်အစား ဝတ်ချင်တယ်ဆိုရင် Retro စတိုင် Sneaker ဖြစ်ဖြစ် Leather Sneaker ဖြစ်ဖြစ် စီးနိုင်ပါတယ်။ ဖိနပ်ဒီဇိုင်း ရွေးမယ်ဆိုရင် ဦးထိပ်ဖျားတွေ ချွန်လွန်းတာ ၊ လေးထောင့်ဆန်တာတွေ ရှောင်ပါ။
ရှောင်သင့်တဲ့ Shoes ဒီဇိုင်းတွေထဲမှာ Hyped-Up စတိုင် နောက်ခုံအမြင့် Active ဆန်လွန်းတဲ့ ဖိနပ်တွေပါပဲ။ ဒီလို ဖိနပ်မျိုးက Trendy ဆန်လို့ ခဏတစ်ပန်းလောက် ဖက်ရှင်ကျကျ စီးလို့ ကောင်းပေမယ့် ရေရှည်အတွက် အဆင်မပြေတဲ့အထဲမှာ ပါပါတယ်။ Shoes တွေ ဝယ်တော့မယ်ဆိုရင် တတ်နိုင်ရင် Leather အစစ်နဲ့ ချုပ်ထားတဲ့ ဖိနပ်မျိုး ဝယ်ပါ။ Leather အတုတွေ စီးတာက ကိုယ့်ရဲ့ Personal Style ကို ပျက်စီးစေပါတယ်။
Photo: Esquire
ပိုက်ဆံနည်းနည်း ပိုသုံးလိုက်တာနဲ့ Leather Shoes အစစ်တွေက ကြည့်ရတာလည်း သားနားပြီး စီးလို့လည်း ပိုကောင်းပါတယ်။ သက်တောင့်သက်သာရှိတာချင်းလည်း မတူသလို တာရှည်ခံတဲ့နေရာမှာလည်း သွားယှဉ်လို့ မရပါဘူး။ ဒါကြောင့် Quality အတွက် ပိုက်ဆံပိုသုံးပါလို့ အကြံပေးလိုက်ရပါတယ်။