အဖြူရောင် ရှုးဖိနပ်အများစုဟာ ဝတ်ရတာစမတ်ကျသလောက် ထိန်းသိမ်းရလည်းခက်ပါတယ်။ အဖြူရောင်ဆိုတဲ့အတိုင်း ညစ်ပေးစွန်းထင်းဖို့လည်း အရမ်းကိုလွယ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ကွီးတို့အကြိုက်ဆုံး အဖြူရောင်ရှုးဖိနပ်တွေကို အသစ်တိုင်းပြန်လည် သစ်လွင်တောင်ပြောင်အောင် သန့်ရှင်းရေးလုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါနဲ့ သန့်ရှင်းရေးလုပ်နည်း

Clean White Shoes With Baking Soda
Photo : Better Homes and Gardens

ရှုးဖိနပ်အဖြူရောင်တွေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ မုန့်ဖုတ်ဆိုဒါက ဆရာကြီးပါပဲ။ အသုံးပြုနည်းကတော့ ရေနွေးတစ်ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းတို့ကို သမအောင်ရောမွှေပြီး ဖိနပ်ပေါ်က ညစ်ပေစွန်းထင်းနေတဲ့နေရာတွေကို brush နဲ့ စက်ဝိုင်းပုံစံ ညင်သာစွာသုတ်လိမ်းပေးပါ။

ထို့နောက် နေရောင်အောက်မှာ ၃ နာရီလောက် အခြောက်ခံထားလိုက်ပါ။ ပြီးရင်တော့ ခြောက်သွားတဲ့မုန့်ဖုတ်ဆော်ဒါအမှုန့်တွေကို ခါချပြီး သွားပွတ်တံအဟောင်းနဲ့ညင်သာစွာ လိုက်လံပွတ်ပေးမယ်ဆိုရင် ဝယ်လာတုန်းကအတိုင်း သစ်လွင်တောက်ပြောင်တဲ့ ဖိနပ်လေးကိုရရှိမှာဖြစ်ပါတယ်။

(၂) သွားတိုက်ဆေးနဲ့ သန့်ရှင်းရေးလုပ်နည်း

Clean White Shoes With Toothpaste

Photo : Loom Footwear

သွားတိုက်ဆေးကိုအသုံးပြုပြီးလည်း ဖိနပ်အဖြူတွေကို သန့်ရှင်းရေးကောင်းကောင်းလုပ်နိုင်ပါတယ်။ အသုံးပြုနည်းကတော့ ဂျယ်မဟုတ်တဲ့ အဖြူရောင်သွားတိုက်ဆေးနဲ့ သွားပွတ်တံ အဟောင်းတစ်ချောင်းလိုအပ်ပါတယ်။ သွားပွတ်တံထဲကို သွားတိုက်ဆေးအနည်းငယ်ထည့် ပြီး ညစ်ပေနေတဲ့နေရာများကို ဝက်ဝိုင်းပုံစံပဲ ခပ်ဖြေးဖြေးပွတ်လိမ်းပေးပါ။ ထို့နောက် ၁၀ မိနစ်လောက်ထားလိုက်ပါ။

အချိန်ပြည့်ရင် အနည်းငယ်ရေစွတ်ထားတဲ့ ပုဝါ သို့မဟုတ် wet tissue ကိုအသုံးပြုပြီး ဖိနပ်ပေါ်က သွားတိုက်ဆေးတွေကိုဖယ်ရှားလိုက်ပါ။ အစွန်းအထင်းတွေ သန့်စင်တဲ့အဖြူရောင်ဖိနပ်လေးကို ရပါလိမ့်မယ်။

(၃) ခဲဖျက်နဲ့ သန့်ရှင်းရေးလုပ်နည်း

Clean White Shoes With Erasers
Photo : Primer Magazine

ခဲဖျက်တွေကိုအသုံးပြုပြီးလည်း အဖြူရောင်ဖိနပ်တွေကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ အသုံးပြုနည်းကတော့ ဖိနပ်ပေါ်က အစွန်းအထင်းနေရာတွေကို ရေလေးနည်းနည်းစွတ်ပြီး ခဲဖျက်နဲ့ သေချာလေးပွတ်တိုက်ပေးရပါမယ်။ ဖိနပ်ပေါ်က အစွန်းအထင်း/အညစ်အကြေးတွေ မပျောက်မချင်း သေချာစိတ်ရှည်ရှည်နဲ့ ပွတ်တိုက်ပေးရုံပါပဲ။

အစွန်းချွတ်ဆေးနဲ့ သန့်ရှင်းရေးလုပ်လို့ရလား

 Cleaning White Shoes With Bleach

Photo : Regions4

အဖြူရောင်ရှုးဖိနပ်တွေကို အစွန်းချွတ်ဆေးသုံးပြီး သန့်ရှင်းရေးလုပ်လို့ရလားလို့ တော်တော်များများမေးကြပါတယ်။ အတိုချူံးဖြေရရင်တော့ ရပါတယ်။ ဒါပေမယ့် အစွန်းချွတ်ဆေးသုံးတဲ့အခါ အထူးသတိထားဖို့တော့လိုမှာပါ။ ဘာကြောင့်လဲဆိုရင် အစွန်းချွတ်ဆေးတွေမှာ အပြင်းစားအက်စစ်တွေပါဝင်တဲ့အတွက် ဖိနပ်တွေကိုပျက်စီးစေပြီး အဖြူရောင်ကနေ အဝါရောင်ဘက်ကိုပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် အစွန်းချွတ်ဆေးတွေနဲ့ သန့်ရှင်းရေး လုပ်မယ်ဆိုရင် အစွန်ချွတ်ဆေးတစ်စ ရေ ၅ စရောစပ်ပြီးသုံးသင့်ပါတယ်။

နောက်တစ်ခုသတိထားရမှာက အသားကိုတိုက်ရိုက်မထိအောင် လက်အိတ်ဝတ်ဖို့နဲ့ မျက်လုံး ၊ ပါးစပ်တွေထဲ မဝင်အောင်သတိထားဖို့ပါပဲ။ အကောင်းဆုံးကတော့ အစွန်းအထင်းကြီးကြီးမားမားမဟုတ်ရင် အထက်ပါသန့်ရှင်းရေးလုပ်နည်း ၃ မျိုးအပြင် သာမာန်ဆပ်ပြာမှုန်နဲ့ ရေကိုအသုံးပြုပြီး ပွတ်တိုက်ဆေးကြောတာကောင်းပါတယ်။ ချွတ်ရခက်တဲ့အစွန်းအထင်းတွေမှသာ အစွန်းချွတ်ဆေးကိုအသုံးပြုပေးပါ။

အမြဲဂရုစိုက်ပါ

White Shoes

Photo : BootMoodFoot

ကွီးတို့က White Shoes တွေကို Crazy ဖြစ်သူတစ်ယောက်ဆိုရင်တော့ ဖိနပ်တွေကိုသေချာဂရုတစိုက်လေးစီး သင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်မှုရှိတယ်ဆိုသလို White Shoes တွေစီးတဲ့အခါ အစွန်းအထင်းတွေ ညစ်ပေမှုတွေမဖြစ်အောင် သေချာဂရုစိုက်သင့်ပြီး သွားမယ့်နေရာ ၊ ရာသီဥတု စတဲ့အချက်တွေကိုလည်း ကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်းစီးဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Loom Footwear