အာဆင္နယ္အသင္းရဲ႕ နည္းျပ အူနိုင္းအမ္မရီဟာ အသင္းရဲ႕ ပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္ အရမ္းမႀကီးမားဖို႔ သတိေပး ေျပာဆိုလိုက္ပါတယ္။ အမ္မရီရဲ႕ အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္မွာ အဆင့္၆ေနရာမွာ ရပ္တည္ေနျပီး အဆင့္၄က ခ်ယ္လ္ဆီးအသင္းနဲ႔ ၃မွတ္သာ ကြာဟတာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ပရိသတ္ေတြဟာ အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေစရန္ ေမွ်ာ္လင့္ေနတာပါ။

လက္ရွိအခ်ိန္မွာ အာဆင္နယ္ ခ်ယ္လ္ဆီးအသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ အျပိဳင္ျဖစ္ေနတာပါ။ အမ္မရီကေတာ့ အာဆင္နယ္အသင္းဟာ ျပိဳင္ဘက္နွစ္သင္းထက္ အင္အားနည္းပါးတာေၾကာင့္ အသင္းရဲ႕ ပရိသတ္ေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ မထားသင့္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

အမ္မရီက ” အခုခ်ိန္မွာ ကြ်န္ေတာ္တို႔ထက္ ပိုျပီး ေကာင္းတဲ့ အသင္းေတြ ရွိေနပါတယ္။ ျပီးေတာ့ ကြ်န္ေတာ္တို႔က အခုခ်ိန္မွာ အဆင့္ ၄ ဝင္ဖို႔ ျဖစ္နိုင္မယ္ထင္လား။ အခုေလာေလာဆယ္မွာေတာ့ ကြ်န္ေတာ္တို႔က အဆင့္ ၆ ေနရာမွာပါ။ ဒါက အမွန္တရားပါပဲ။ ကြ်န္ေတာ္တို႔ဟာ အခုခ်ိန္ထိ အဆင့္ ၄ ဝင္ဖို႔ ေမွ်ာ္လင့္ထားတုန္းျဖစ္ျပီး ဒါဟာ ခက္ခဲမယ္ဆိုတာလည္း သိပါတယ္။ ” လို႔ အသင္းဟာ ခက္ခက္ခဲခဲ လုပ္ေဆာင္ရမယ့္ အရာကို ေျပာျပသြားခဲ့ပါတယ္။

ဆက္လက္ျပီး ” မန္စီးတီး၊ လီဗာပူးလ္းနဲ႔ စပါးတို႔က အခုခ်ိန္မွာ ကြ်န္ေတာ္တို႔ထက္ ပိုမိုေကာင္းမြန္ေနၾကျပီး အမွတ္ကြာဟခ်က္ကလည္း ႀကီးမားလြန္းပါတယ္။ ယူနိုက္တက္နဲ႔ ခ်ယ္လ္ဆီးတို႔ကို ကြ်န္ေတာ္တို႔က လိုက္ပါဖိအားေပးနိုင္ ေနဆဲပါ။ ကြ်န္ေတာ္တို႔ဟာ အဆင့္ ၄ ေနရာကို ရနိုင္မယ္လို႔ေတာ့ ယံုၾကည္ေနဆဲပါ ” လို႔ သူ႔ရဲ႕ ယံုၾကည္ခ်က္ကို ေျပာျပသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ယခုတစ္ပတ္မွာေတာ့ ဇယားေအာက္ဆံုးက ဟက္ဒါဖီးလ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာပါ။

(Unicode)

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ ပရိသတ်တွေကို မျှော်လင့်ချက် အရမ်းမကြီးမားဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။ အမ်မရီရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့်၆နေရာမှာ ရပ်တည်နေပြီး အဆင့်၄က ချယ်လ်ဆီးအသင်းနဲ့ ၃မှတ်သာ ကွာဟတာကြောင့် အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေရန် မျှော်လင့်နေတာပါ။

လက်ရှိအချိန်မှာ အာဆင်နယ် ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် အပြိုင်ဖြစ်နေတာပါ။ အမ်မရီကတော့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက်နှစ်သင်းထက် အင်အားနည်းပါးတာကြောင့် အသင်းရဲ့ ပရိသတ်တွေနဲ့ မျှော်လင့်ချက်တွေ မထားသင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အမ်မရီက ” အခုချိန်မှာ ကျွန်တော်တို့ထက် ပိုပြီး ကောင်းတဲ့ အသင်းတွေ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့က အခုချိန်မှာ အဆင့်၄ဝင်ဖို့ ဖြစ်နိုင်မယ်ထင်လား။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့က အဆင့်၆နေရာမှာပါ။ ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့ဟာ အခုချိန်ထိ အဆင့်၄ဝင်ဖို့ မျှော်လင့်ထားတုန်းဖြစ်ပြီး ဒါဟာ ခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ ” လို့ အသင်းဟာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမယ့် အရာကို ပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး ” မန်စီးတီး လီဗာပူးလ်းနဲ့ စပါးတို့က အခုချိန်မှာ ကျွန်တော်တို့ထက် ပိုမိုကောင်းမွန်နေကြပြီး အမှတ်ကွာဟချက်ကလည်း ကြီးမားလွန်းပါတယ်။ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကို ကျွန်တော်တို့က လိုက်ပါဖိအားပေးနိုင် နေဆဲပါ။ ကျွန်တော်တို့ဟာ အဆင့်၄နေရာကို ရနိုင်မယ်လို့တော့ ယုံကြည်နေဆဲပါ ” လို့ သူ့ရဲ့ ယုံကြည်ချက်ကို ပြောပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုတစ်ပတ်မှာတော့ ဇယားအောက်ဆုံးက ဟက်ဒါဖီးလ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာပါ။