သမိုင်းတန်ဖိုးရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို ခရီးသွားတာကို ကြိုက်ရင် UNESCO Word Heritage Sites တွေကို အလည်သွားသင့်ပါတယ်။ UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် နေရာတွေထဲမှာ လူလုပ် အဆောက်အဦတွေ ရှိသလို သဘာဝအံ့ဖွယ်နေရာတွေလည်း ရှိကြတာပါပဲ။ ဒါကြောင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်တွေထဲ လေ့လာရေးခရီးသွားချင်သူတွေအတွက် UNESCO အမွေအနှစ်စာရင်းဝင်နေရာ တချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။
(၁) Taj Mahal

Photo : rdasia
တက်ဂျ်မဟာအဆောက်အဦကို အင်ဒို-အစ္စလာမ်မစ်ဗိသုကာထဲမှာ အကြီးကျယ်ဆုံးလက်ရာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြပါတယ်။ ၁၆၃၂ ခုနှစ်မှာ Mughal ဘုရင် Shah Jahan က သူ့ရဲ့ အချစ်ဆုံးမိဖုရား Mumtaz Mahal အတွက် အဖြူရောင်မာဘယ်ကျောက်တွေနဲ့ ဖန်တီးထားတဲ့ အလှဆုံးဂူဗိမာန်တစ်ဆောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အာဂရာမှာ ရှိပါတယ်။
(၂) Angkor Wat

Photo : rdasia
ကမ္ဘောဒီးယားနိုင်ငံမှာ ရှိပြီး ၄၀၂ ဧက ကျယ်တဲ့မြေပြင်ပေါ် ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အဦတစ်ခုပါ။ အရှေ့တောင်အာရှရဲ့ အထင်ကရ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခု ဖြစ်ပြီး ၉ ရာစုကနေ ၁၄ ရာစုအထိ Khmer Empire ရဲ့ ရှေးဟောင်းမြို့တော်လည်း ဖြစ်ခဲ့ပါတယ်။ အစောပိုင်းက ဟိန္ဒူ ဗိဿနိုးနတ်ဘုရားကျောင်းအဖြစ် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦအနေနဲ့လည်း အသုံးပြုခဲ့ပါတယ်။
(၃) Great Barrier Reef

Photo : rdasia
ဩစတြေးလျနိုင်ငံ Queensland ကမ်းရိုးတမ်းအလွန်က The Great Barrier Reef သန္တာကျောက်တန်းကြီး ဖြစ်ပြီး ကီလိုမီတာ ၂၃၀၀ ကျော်အထိ ရှည်လျားတာကြောင့် ကမ္ဘာပေါ်မှာ အကြီးဆုံး သက်ရှိနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ငါးမျိုးစိတ်ပေါင်း ၁၅၀၀ ၊ သန္တာကောင်အမျိုးအစား ၄၀၀ နဲ့ ခရုပက်ကျိအမျိုးအစား ၄၀၀၀ အပါအဝင် အဏ္ဏဝါလောကသားတို့ နေအိမ်တစ်ခုဖြစ်ပါတယ်။ Scuba Diver ရေငုပ်သူတွေကို ဆွဲဆောင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
(၄) Plitvice Lakes National Park

Photo : rdasia
ခရိုအေးရှားမှာ ရှိတဲ့ အမျိုးသားဥယျာဉ် Plitvice Lakes National Park ဟာ Zagreb နဲ့ Zadar အကြား လမ်းတစ်ဝက်မှာ ရှိပါတယ်။ ဆန်းပြားခြားနားလှတဲ့ ရေတံခွန်တန်းတွေ အများအပြား ချိတ်ဆက်ထားတဲ့ သလင်းကျောက်ကန်ပေါင်း ၁၆ ကန်အပြင် အံ့ဖွယ်ဂူတွေ နဲ့ သာယာတဲ့ တောတန်းတွေကြောင့် ထင်ရှားပါတယ်။ နှစ်တိုင်း ဒီပန်းခြံကို ခရီးသည် ၁ သန်းကျော် လာရောက်လည်ပတ်ပြီး သဘာဝရဲ့ အလှအပတွေကို ခံစားကြပါတယ်။
(၅) The Parthenon
Photo : rdasia
အေသန်ရှေးဘုရားကျောင်းဆောင်တစ်ခု ဖြစ်တဲ့ ပါသီနွန်နတ်ကျောင်းကို ဟိုးရှေးခေတ် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ဆောက်ခဲ့တာပါ။ ပါသီနွန်နတ်ဘုရားကျောင်းဟာ နတ်ဘုရားမ အေသင်နာအတွက် ရည်စူးပြီး တည်ဆောက်ထားတာပါ။ ခရစ်တော်မပေါ်မီ ၄၄၇ BC က စပြီး Ictinus နဲ့ Callicrates တို့က တည်ဆောက်ခဲ့တာပါ။ ရှားရှားပါးပါး ကျန်နေရစ်တဲ့ ရှေးဟောင်းဂရိ အမွေအနှစ် အဆောက်အဦလည်း ဖြစ်ပါတယ်။
Featured Photo : oversixtydev

