မျှော့တွေမှာ ဦးနှောက် (၁) ခု၊ (၂) ခု (သို့) ၁၀ ခုထက်ပိုတယ်ဆိုတာ သင်သိပါသလား။ လူတွေရဲ့လျှာဟာ မထင်မှတ်ထားတဲ့ အနေအထား မှာရှိနေတယ်ဆိုတာကိုကော သင်သိပြီးပြီလာ။ ဒီနေ့ kwee page ကပရိသတ်တွေအတွက် စိတ်ဝင်စားစရာလည်းကောင်း ဗဟုသုတလည်း ရတဲ့ အကြောင်းအရာများကို ဖော်ပြပေးသွားမှာပါ။

  • မျှော့တစ်ကောင်မှာ ဦးနှောက် (၃၂) ခု ရှိပါတယ်။

Source: The Guardian

  • လျှာဟာ အောက်အာခေါင်ထက် အပေါ်အာခေါင်နဲ့ ပိုပြီးနီးကပ်စွာတည်ရှိနေပါတယ်။ လူတော်တော်များများကတော့ လျှာကို အောက်အာခေါင်နဲ့ နီးတယ်လို့ ယူဆထားကြတယ်။
  • အမွှာတစ်ဦးနဲ့တစ်ဦး မွေးဖွာချိန်အကြာဆုံးဟာ (၈၇) အထိရှိပါတယ်။
  • ရှေးခေတ် ချမ်းသာတဲ့ ရောမလူမျိုးတွေမှာ ထူးခြားတဲ့ အစားအသောက်နဲ့ ဧည့်ခံတဲ့ပွဲလုပ်လေ့ရှိပါတယ်။ သူတို့ရဲ့ထူးခြားတဲ့ အစားအသောက်ကတော့ ဘဲထဲမှာကြက်ကိုထည့်တယ်။ ပြီးတော့ အဲ့ဒီဘဲကိုဆိတ်ထဲထည့်တယ်။ ပြီးတော့ ဆိတ်ကို ဝက်ထဲထည့်တယ်။ ပြီးတာနဲ့ နောက်ဆုံး အဲ့ဒီဝက်ကို နွားထဲထည့်ပြီး ချက်ပြုတ်ပါတယ်။
  • စိတ်ကစဉ်ကလျား ရောဂါရှိသည့် နားထိုင်းသူများဟာ သူတို့ ခေါင်းထဲတွင် အသံကို မကြားကြပါဘူး။ လက်ဟန် ခြေဟန် လှုပ်ရှား ပြောဆိုပုံကိုသာ သူတို့ သိကြပါတယ်။
  • သွားနှုတ်ခြင်း သို့မဟုတ် အမြစ်ကနေ သွားကျွတ်ထွားမယ်ဆိုရင်တောင် ချက်ချင်းပြန်စိုက်ပြီးကုသနိုင်ပါတယ်။

Source: Southfield Family Dental

  • သုတေသန ရှာဖွေတွေ့ရှိချက်များ အရ လ မစေ့ပဲမွေးသော ကလေးများဟာ အခြား ကလေးများထက် ဘယ်သန်ဖြစ်နိုင်ချေ အခွင့်အရေးပိုများကြတယ်
  • Taste Receptors လို့ ခေါ်တဲ့ အရသာခံ အဖုသည် သွားရည် မရှိရင် အလုပ်မလုပ်ပါ။ ခြောက်သွေ့ နေတဲ့ လျှာပေါ်ကို အစာတင်လိုက်မယ် ဆိုရင် အရသာကို သိရလိမ့်မည် မဟုတ်ပါ။
  • အင်္ဂလိပ်ဘာသာ တွင် စကားလုံးအသစ် (၁၇၀၀) ထွက်ပေါ်လာခဲ့သည့်အတွက် ရှိတ်စပီးယားကို ကျေးဇူးတင်သင့်ပါတယ်။ ထပ်ပေါင်းပြောရရင် Jessica ဆိုတဲ့ နာမည်ကို လည်း သူပဲ တီထွင်ခဲ့တာ ဖြစ်ပါတယ်။
  • ခဲတံ အချောင်းရေ (၉၀၀၀) ထုတ်ဖို့ရန် လူ့ခန္ဓာ ကိုယ်ထဲတွင် ကာဗွန် အလုံအလောက် ရှိပါတယ်။
  • အပြာရောင် ဝေလငါး တစ်ကောင်၏ လျှာ အလေးချိန်သည် ဆင်တစ်ကောင်၏ အလေးချိန်နှင့် ညီမျှပါသည်။

Source: BBC Earth

  • လက်တလော ရိတ်ထားတဲ့ မြတ်ပင်တွေမှာ အနံတစ်ချို့ရှိနေတက်ပါတယ်။ ဒါဟာ အပင်တွေရဲ့ အန္တရာယ်အပေါ် တုံ့ပြန်မှုပဲဖြစ်ပါတယ်။ အနံထွက်ရခြင်း ရဲ့ရည်ရွယ်ချက်ကတော့ အခြားအပင်တွေကို အန္တရာယ်အကြောင်း သတိပေးခြင်းဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။
  • ပင်လယ်ဓားမြ များသည် မျက်စိတစ်ဖက် မရှိသည့်အတွက် အဝတ်မည်း ဖြင့် ဖုံးကွယ်ထားခြင်းမဟုတ်ပါ။ အမှောင်ထုထဲတွင် ပိုမိုမြင်သာရန် ပရိယာယ် ဆင် သုံးထားခြင်းဖြစ်ပါတယ်။ ဥပမာ ပြောရ ရင် အမှောင်ထု နှင့် လိုက်ဖက်အောင် မျက်လုံးကို ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။
  • အကယ်၍ လပေါ်ကို ကားမောင်းပြီးသွားလိုရခဲ့မယ်ဆိုရင် (၆) လခန့်ကြာမြင့်ပါလိမ့်မယ်။ ဒါဟာ တစ်နာရီကို (၆၂) မိုင်နှုန်းဖြင့် မောင်းတဲ့မြန်နှုန်းပါ။