လူတွေကမကောင်းဘူးလို့ ယူဆထားကြတဲ့ တစ်ချို့သော အလေ့အကျင့်တွေက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ လေ့လာသူတွေက တွေ့ရှိထားကြပါတယ်။ အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကို မမေ့ဖို့ပါပဲ။ ပီကေဝါးခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီးမှက်ဉာဏ်အားကိုတိုးမြှင့်ပေးပါတယ်

Source: Greatist

ပီကေဝါးခြင်းက စိတ်ဖိစီးမှုကို‌ လျှော့ချပေးပါတယ်။ ဘာလို့လဲဆိုတော့ ပီကေဝါးနေချိန်မှာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ cortisol ဟော်မုန်းပမာဏကို လျှော့ကျစေလို့ပါပဲ။ ပြီးတော့ ပီကေဝါးခြင်းက မှက်ဉာဏ်၊ အာရုံစူးစိုက်မှု နဲ့ ဆုံးဖြတ်ချက်ချရတဲ့ အချိန်တွေမှာ အထောက်အကူဖြစ်စေတယ်လို့ ပြောထားကြပါတယ်။

ဗီဒီယိုဂိမ်းကစားခြင်းက လေ့လာမှုစွမ်းရည်နဲ့ဆုံးဖြတ်ချက်ချတဲ့ စွမ်းရည်ကိုမြှင့်မားစေတယ်

Source: University of Rochester

အက်ရှင် ဂိမ်းတွေကစားတဲ့အခါ (သို့) ဆုံးဖြတ်ချက်မြန်မြန်ချဖို့လိုအပ်တဲ့ ဂိမ်းတွေ ကစားတဲ့အခါမှာ လူတွေဟာ ဆုံးဖြတ်ချက်ချရတဲ့ အနေအထားတွေမှာ ပိုပြီးမြန်ဆန်ကာမှန်ကန်လေ့ရှိကြောင်း လေ့လာမှုတွေက ထောက်ပြထားကြပါတယ်။ ပြီးတော့ နည်းဗျူဟာပိုင်းနဲ့ဆိုင်တဲ့ ဂိမ်းတွေကလည်း လူတွေရဲ့ ဦးနှောက်စွမ်းရည်နဲ့ သင်ယူမူပိုင်းကို မြှင့်တင်ပေးတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ လူကြီးသူမတွေ့ရဲ့စကားကိုတော့ သတိချပ်ဖို့လိုအပ်ပါတယ်။

ကျိန်ဆဲခြင်းက စိတ်ဖိစီးမှုကို လျှော့ကျစေတယ်

Source: HuffPost Canada

လူတော်တောများများကတော့ ကျိန်ဆဲခြင်းဟာ မကောင်းဘူးလို့လက်ခံထားကြတယ်။ ဒါပေမယ့်လေ့လာမှုတော်တော်များများရဲ့ တွေ့ရှိချက်အရ ကျိန်ဆဲခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ခံပြင်းစိတ်တွေကိုလည်း ဖယ်ရှားပေးတယ်လို့ ဆိုထားပါတယ်။ တစ်ချို့တွေက စိတ်ဖိစီးမူကို လျှော့ချဖို့အတွက် ကျိန်ဆဲကြပေမယ့် အ်လွန်အကျွံ ဖြစ်သွားရင်တော့ မကောင်းတဲ့ဖက်ကို ဦးတည်သွားစေပါတယ်။

အတင်းပြောခြင်းက သူငယ်ချင်းကြားမှာ ရင်းနှီးမှုပိုစေပြီး စိတ်ဖိစီးမူကို သက်သာစေတယ်

Source: Pinterest

အတင်းပြောခြင်းက လူမူရေးအရ မကောင်းဘူးလို့ ယူဆထားကြတယ်။ ဒါပေမယ့် အတင်းပြောခြင်းကြောင့် လူတွေမှာ အကျိုးသက်ရောက်မူတွေ ရှိနေပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ အတင်းပြောချင်းဟာ သူငယ်ချင်းတွေကြား ရင်းနှီးမူပိုစေပြီး စိတ်ဖိစီးမူနဲ့စိုးရိမ်ကြောင်းကျမှုကို သက်သာစေတယ်လို့ ဆိုထားပါတယ်။