ခေါင်းကိုက်ခြင်း ဝေဒနာက အင်မတန်ခံစားရခက်ပြီး ခံစားရတဲ့ ဝေဒနာ ပျောက်ကင်းဖို့ရန်အတွက်လည်း အချိန်ယူရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မကြာခဏ ခေါင်းကိုက်တတ်သူတွေအတွက် ချက်ချင်း ခေါင်းကိုက်ပျောက်သွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

သစ်သီး Smoothies ဖျော်ရည် လုပ်သောက်ပါ

သစ်သီးများနဲ့ ဖျော်ထားတဲ့ Smoothie ဖျော်ရည်စစ်စစ်က ခံတွင်းရနံ့ကို သင်းပျံ့စေပြီး ခေါင်းကိုက်ဝေဒနာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အိပ်ရေး မဝလို့ပဲဖြစ်ဖြစ်၊ နေပူထဲ လျှောက်သွားရလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတဲ့အခါ သစ်သီး Smoothie လေးသာ ဖျော်သောက်လိုက်ပါ။

ငှက်ပျောသီးခွံကို နဖူးပေါ် တင်ထားပါ

ငှက်ပျောသီးအခွံကို သန့်စင်အောင် ပြုလုပ်ပြီးနောက် ထိုငှက်ပျောခွံပေါ်တွင် အရက် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို လှဲလျောင်းကာ နဖူးပေါ်တွင် ထိုငှက်ပျောခွံ ကပ်ထားပေးလိုက်ပါ။ မိနစ် ၃၀ ခန့် ကပ်ထားပြီးတဲ့နောက်မှာတော့ ငှက်ပျောခွံက အဆိပ်အတောက်အားလုံးကို စုပ်ယူပေးပြီး ခေါင်းကိုက်ဝေဒနာက ချက်ချင်း သက်သာပျောက်ကင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

သံပုယိုရည်ထဲ ဆား ထည့်သောက်ပါ

ဆားထဲမှာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပုယိုရည် ဖန်ခွက်တစ်ဝက်စာထဲ ထည့်ကာ သမအောင် မွှေပါ။ ထိုသံပုယိုရည်ကို သောက်သုံးပြီးနောက်မှာတော့ ခေါင်းကိုက်ဝေဒနာက ချက်ချင်းဆိုသလို ပျောက်ကင်းသွားပါလိမ့်မယ်။

လက်မနှင့် လက်ညှိုးကြား ဆုံတဲ့နေရာကို ဖိပါ

ဒီနည်းလမ်းကတော့ အပ်စိုက်ကုထုံးကို အခြေခံပြီး ပြုလုပ်ထားတဲ့ ကုသနည်းပဲဖြစ်ပါတယ်။ လက်မနှင့် လက်ညှိုးကြား ဆုံတဲ့နေရာကို ဖိနှိပ်ပေးခြင်းအားဖြင့် သွေးလှည့်ပတ်မှု ကောင်းစေပြီး ခေါင်းကိုက်ခြင်းဝေဒနာများ ပျောက်ကင်းသွားပါလိမ့်မယ်။

ယောဂ ဆော့ပါ

တခါတရံမှာ သင့်ရဲ့စိတ်ခံစားချက်တွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် ယောဂ ကစားခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေပြီး ခေါင်းကိုက်ခြင်း ဝေဒနာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

Source: Brightside.me