တစုံတယောက်ကို ကွီးတို့ကိုသဘောကျနေပြီဆိုရင် သူတို့ရဲ့မျတ်လုံးနဲ့ခန္ဓာကိုယ်လှုပ်ရှားပုံကိုကြည့်ပြီး သိနိုင်ပါတယ်။လူတော်တော်များများက သူတို့ crush နေတဲ့သူတွေနားရောက်သွားရင် သူတို့ကိုယ်တိုင်တောင်သတိမထားမိလိုက်ခင်မှာ အမူအရာတွေတမူထူးခြားစွာပြောင်းသွားတတ်ပါတယ်။ဒါကကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိကြမှာပါ။အခုပြောပြပေးမှာကတော့ တစုံတယောက်က သင့်ကိုစိတ်ဝင်စားနေပြီဆိုတာဘယ်လိုသိနိုင်လဲဆိုတာပါ။

(၁) မျတ်စိသူငယ်အိမ် ကျယ်လာမယ်

Source: Bustle.

မျတ်လုံးက စကားပြောတယ်ဆိုတဲ့စကားက တကယ်မှန်ပါတယ်။ နှယောက်သားမျက်နှာချင်းဆိုင်မိရင် သူ့မျက်လုံးကို သေချာဂရုစိုက်ပြီး ကြည့်ကြည့်ပါ။တစုံတယောက်က သင့်ကိုသဘောကျနေရင် သူတို့ရဲ့မျတ်လုံးသူငယ်အိမ်က အရောင်တွေတောက်လာတတ်ပြီး နဂိုရှိရင်းထက်ပိုကျယ်လာတတ်တယ်လို့ body language expert ဖြစ်သူ Tiffany Toombs ကပြောထားပါတယ်။ နှစ်ယောက်သား စကားပြောနေချိန် ဒီလိုမျတ်လုံးအိမ်တွေကျယ်လာပြီး အရောင်တောက်လာတာကသင်နေတဲ့အကြောင်းအရာအပေါ်စိတ်ဝင်စားမူရှိပြီး ပိုပြီးတော့ နားထောင်ချင်တဲ့သဘောသက်ရောက်ပါတယ်။ ဒါကြောင့် သူ့မျတ်လုံးကိုကြည့်ဖို့မမေ့ပါနဲ့။

(၂) မျတ်တောင် ခတ်ဖို့မေ့နေမယ်

Source: Bustle

မျတ်နှာချင်းဆုံပြီးစကားပြောတဲ့အခါ တဖက်လူကမျက်တောင်မကြာခဏမခတ်တော့တာကလည်း သင့်ကိုစိတ်ဝင်စားနေကြောင်းသိနိုင်တဲ့အချက်ပါပဲ။ မျတ်လုံးသူငယ်အိမ်လိုပဲ တစုံတယောက်က သင့်ကိုစိတ်ဝင်စားနေရင် (သို့)သင်ပြောတာ စိတ်ဝင်စားနေရင် မျတ်တောင်ခတ်ဖို့မေ့နေတတ်ပါတယ်။

(၃) ကိုးယိုးကားယား ဖြစ်နေမယ်

Source: Hack Spirit.

ရုတ်တရက် crush နဲ့တွေ့လိုက်ရင် ကိုယ့်ရဲ့လုပ်ပုံကိုင်ပုံတွေက ကိုးယိုးကားတွေဖြစ်ကုန်တာ၊ စကာပြောလိုက်ရင်အယောင်ယောင်အမှားမှားနဲ့ တောင်ရောက်မြောက်ရောက်တွေဖြစ်ကုန်တာ လူတိုင်းနီးပါကြုံဖူးကြမှာပါ။သင်နဲ့တွေ့တဲ့အချိန်မှာ သူစိတ်လှုပ်ရှားနေမယ်ဆိုရင် နားရွတ်ကိုင်တာ၊ လက်ချောင်းတွေ ပွတ်တာ၊ လည်ပင်းဘေးဖက်ကို လက်ဖဝါးနဲ့ပွတ်တာ တွေစတဲ့ ကိုးယိုးကားယားနိုင်တဲ့အပြုအမူတွေ လုပ်တာတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ သူသင့်ကို စိတ်ဝင်းစားနေတာ သေချာပါပြီ။

(၄) သင့်ရဲ့လက်ဟန်အမူအရာတွေ ပုံတူကူးလာမယ်

Source: Reader’s Digest Canada

လူတယောက်ကတစုံတယောက်ကို သဘောကျနေပြီဆိုရင် အဲ့ဒီလူရဲ့ စကားပြောဟန်နဲ့ လက်အမူအရာစတာတွေကို ပုံတူကူးပြီး အသုံးပြုတတ်ပါတယ်။မိမိကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲနဲ့ တခြားတယောက်ရဲ့ စကားလုံးတွေ၊ လက်ဟန်အမူအရာတွေ၊ ကိုယ်ဟန်အမူအရာတွေ နဲ့ အသက်ရှူပုံတွေကို အတုလိုက်ခိုးနေမိပြီဆိုရင် သင်အဲ့ဒီလူကိုသဘောကျနေတာ သေချာသွားပါပြီ။

စုံတွဲတော်တော်များများကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့စကားပြောပုံတွေ အမူအရာတွေက တယောက်နဲ့တယောက် တူနေတာကို တွေ့ရပါလိမ့်မယ်။တယောက်ယောက်က သင့်အပေါ် စိတ်ဝင်စားနေတယ်လို့ သံသယ ရှိနေပြီလား။ အပေါ်ကအချက်တွေက ဒီသသယကိုဖျောက်ပေးဖို့ အထောက်အကူပြုနိုင်လို့ထင်ပါတယ်။