ပထမဆုံး အကြံပေးချင်တာက ကယ်လိုရီလောင်ကျွမ်းစေချင်ရုံနဲ့ Gym သွားစရာမလိုဘူးဆိုတာပဲ။ အိမ်မှုကိစ္စလေးတွေ နေ့စဉ်လုပ်ရင်းနဲ့လည်း ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။

(၁) ကားရေဆေးခြင်း

Handsomen man in a black sweater washing his car

Source: Freepik

စနေ ၊ တနင်္ဂနွေနေ့တွေမှာ အားလပ်ရက်ရတုန်း ကိုယ့်ကားလေးကို ရေဆေး သန့်ရှင်းပေးမယ်ဆိုရင် ကားလည်း သန့်ရှင်း ၊ လူလည်း ကယ်လိုရီလောင်ကျွမ်းတာကြောင့် ရောဂါ အဖြစ်နည်းစေပါတယ်။ ကားရေဆေးတာဟာ အနည်းဆုံး၂ နာရီခန့် ကြာတာ ဖြစ်လို့ လူအတွက်လည်း အကျိုးရှိ ၊ အလုပ်လည်း တွင်စေပါတယ်။

(၂) ကခုန်ခြင်း

man in stylish shirt in headphones listening music and enjoying music

Source: Freepik

ကလပ်မှာပဲ ကက ၊ ကိုယ့်အခန်းထဲမှာပဲ သီချင်းတေးသွားဖွင့်ပြီး ကက အကအခုန် တစ်နာရီ လောက် လုပ်တာနဲ့ ကယ်လိုရီ ၅၀၀ အထိ ကျစေပါတယ်။

(၃) ခွေးနဲ့ လမ်းလျှောက်ခြင်း

Young stylish couple walking with dog in street. man and woman happy together with husky breed,

Source: Freepik

လမ်းလျှောက်ခြင်းဟာ အဖိုးတန်သလောက် အခကြေးငွေ ပေးစရာမလိုတဲ့ လေ့ကျင့်ခန်းပါ။ ခွေးတစ်ကောင်နဲ့ လမ်းလျှောက်မယ်ဆိုရင် ပိုလည်း လမ်းလျှောက်ဖြစ်သလို လမ်းလျှောက်တာကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။ တစ်နာရီလောက် နေ့တိုင်း ပုံမှန် လမ်းလျှောက်ဖြစ်မယ်ဆိုရင် နှလုံးကြွက်သား ကြံ့ခိုင်အားကောင်းတဲ့ အကျိုးကျေးဇူးပါ ရလာမှာပါ။

(၄) ဥယျာဉ်စိုက်ခြင်း

strong man in gloves cutting leaves in his garden. farmer spending summer morning working in garden near countryside house

Source: Freepik

သဘာဝထဲ နေထိုင်သူတွေဟာ အသက်ပိုရှည်ကြပါတယ်။ အိမ်မှာ မြေနေရာလွတ်ရှိရင် အပင်စိုက်ဖို့ အကြံပြုချင်ပါတယ်။ တစ်ပတ်ကို ၅ နာရီပဲ ဥယျာဉ်ထဲမှာ အချိန်ကုန်စေတယ်ဆိုရင်တောင် တစ်နှစ်ကို ကယ်လိုရီ ၁၉၀၀၀ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့ လေလည်း ရှုရှိုက်ရလို့ ကျန်းမာသွက်လက်တဲ့ ကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။

(၅) အိမ်မှုကိစ္စလုပ်ခြင်း

man cleaning his home with copyspace on wall

Source: Freepik

တိုတိုထွာထွာဆိုပေမယ့် အိမ်သန့်ရှင်းရေးလုပ်တာ ၊ မီးဖိုချောင်ထဲ ဝင်တာဟာ ခန္ဓာကိုယ် ကြွက်သားတွေ ပျော့ပြောင်းပြီး ကိုယ်လက်ကြံ့ခိုင်လာစေပါတယ်။ ကြမ်းတိုက်ဖို့အတွက် ဖုန်သန့်ရှင်းဖို့အတွက် လူရဲ့ ကိုယ်ခန္ဓာဟာ ပုံစံမျိုးစုံနဲ့ ပြောင်းပေးနေရပါတယ်။ ဒါဟာ ကိုယ်လက်အကြောတွေ ပျော့ပြောင်းတဲ့အပြင် ကယ်လိုရီကိုလည်း ဆက်တိုက် လောင်ကျွမ်းစေပါတယ်။

(၆) ဈေးဝယ်ထွက်ခြင်း

healthy couple looking at fruits and vegetables in the supermarket while shopping

Source: Freepik

အွန်လိုင်းကပဲ ဈေးဝယ်နေတာဟာ ခေတ်မီပေမယ့် ကျန်းမာရေးနဲ့ မညီပါဘူး။ အပြင်ထွက်ပြီး ဈေးဝယ်လိုက်ပါ။ ဈေးဝယ်တာဟာ ကိုယ့်အကြိုက် မတွေ့မချင်း လှည့်သွားနေရတာဖြစ်လို့ လူလည်း လမ်းလျှောက်ဖြစ် ၊ကယ်လိုရီလည်း အများကြီး လောင်ကျွမ်းပါတယ်။