ကျွန်တော်တို့ ခေတ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်မဟုတ်ပေမယ့် ကီနူးရိဗ်စ်ဆိုတာ လူချစ်လူခင်အများဆုံး သရုပ်ဆောင်ဆိုတာကတော့ သေချာပါတယ်။ ကနေဒါနိုင်ငံသား ဟောလီးဝုဒ်သရုပ်ဆောင် ကီနူးရိဗ်စ်ကို John Wick ၊ The Matrix စီးရီး ၊ Speed ၊ Constantine စတဲ့ ရုပ်ရှင်တွေနဲ့ လူသိများပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် Arch Motorcycles ဆိုတဲ့ ဆိုင်ကယ် ဒီဇိုင်းဆင် ပြန်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ပြီး ပရဟိတနဲ့အလှူအတန်းတွေ လုပ်လို့ နာမည်ကျော်တဲ့ ကီနူးရိဗ်စ်ရဲ့ စိတ်ခွန်အားရစရာ အမှတ်ရစကားတချို့အကြောင်း မျှဝေလိုက်ပါတယ်။

keanu reeves

Photo: popsugar

(၁) “တချို့တွေက အမြဲတမ်းလှပနေမယ် ၊ တော်နေထက်နေမယ်။ ပိုပြီးလည်း နုပျိုနေမယ်။ ဒါပေမယ့် အဲ့ဒီလူတွေဟာ ဘယ်တော့မှ သင်မဟုတ်ပါဘူး”
(၂) “ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ကိုယ်မလုပ်ချင်တဲ့ဟာ ဘယ်ဟာမှ လုပ်ဖို့ မကြိုးစားဘူး”
(၃) “တကယ်တမ်းမှာ ဘယ်အရာမှ သေဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ စကြဝဠာကြီးက ဘာမှ အလဟဿအဖြစ် မခံပါဘူး။ အရာတိုင်းက ရိုးရှင်းစွာ အသွင်ပြောင်းသွားတာပါပဲ”
(၄) “ကျွန်တော့်ကိုယ်ကျွန်တော် အငြင်းအခုန်တွေထဲကနေ ဆွဲထုတ်နိုင်တဲ့ ဘဝမှာ နေနိုင်ပါပြီ။ အခု ခင်ဗျားက ကျွန်တော့်ကို ၁ နဲ့ ၁ ပေါင်းလို့ ၅ ရတယ် ပြောရင်တောင် ခင်ဗျားမှန်ပါတယ်ဆိုပြီး ပျော်အောင်ထားမယ့်လူမျိုးပါ”

 Keanu Reeves

Photo: Showbiz Cheat Sheet

(၅) “ဘဝမှာ ပထမဆုံးအကြိမ် ချစ်မိသွားခြင်းဟာ ကျွန်တော်တို့ ဗိသုကာထဲက အထူးတလည်နေရာတစ်ခုပါပဲ”
(၆) “ခင်ဗျားမှာ ဆန်းဒွစ်ချ်ကောင်းကောင်း တစ်ချပ်ရှိတဲ့အခါ ဘဝက သာယာပါတယ်။”
(၇) “ကျွန်တော်က ရုပ်ချောပြီး ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က မျှော်လင့်ချက်မဲ့နေသူ ဖြစ်မနေတာပါပဲ”
(၈) “အာရုံစိုက်ပေးလိုက်ခြင်းရဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်လေးဟာ သင့်ကို ခရီးဝေးကို ခေါ်သွားနိုင်ပါတယ်။ ”
(၉) “တစ်ခါတလေမှာ ရန်သူတွေဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆရာတွေဖြစ်လာပါတယ်။ လူတွေဟာ အမှားတွေကနေ သင်ယူနိုင်ကြပါတယ်။ တစ်ခါတရံမှာ ဖျက်ဆီးခြင်းဟာ တဖန်မွေးဖွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။”
(၁၀) “အနုပညာဟာ လူတွေထဲက ကောင်းကွက်တွေ ရှာဖို့ နဲ့ ကမ္ဘာကြီးကို ပိုပြီး စာနာကရုဏာထားတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်နေတဲ့ အရာပါပဲ။”

Featured Photo: New Yorker