လူတွေမှာ အန္တရာယ်နဲ့ နီးလာပြီဆိုရင် အလိုလိုသိနေတဲ့ အာရုံရှိပါတယ်။ ဒါပေမယ့် အန္တရာယ်အားလုံးကိုတော့ ကြိုမသိနိုင်ပါဘူး။ အထူးသဖြင့် နေ့စဉ် ပြုလုပ်နေကြအပြုအမူတွေဖြစ်တဲ့ ဖုန်းကိုတစ်ချိန်လုံးအသုံးပြုနေတာ စတာတွေကို အန္တရာယ်ရှိတယ်လို့ မယူဆထားကြဘူး။ ဒီနေ့ဆောင်းပါးမှာတော့ လူတွေနေ့စဉ်ပြုလုပ်နေကြဖြစ်တဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ပလက်စတစ်ဘူးထဲက အရည်တွေကို သောက်သုံးခြင်း

Source: BBC
မိုက်ခရိုပလက်စတစ်လေးတွေကို ပလက်စတစ်ဘူးတွေ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ ဒီ မိုက်ခရိုပလက်စတစ်လေးတွေကို လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီအရာတွေက ခန္ဓာကိုယ်အဆီတွေကို တိုးလာစေတာ နဲ့ အာရုံကြောနဲ့ ကိုယ်ခံအားစနစ်တွေအတွက် မကောင်းတဲ့သက်ရောက်မှုတွေရှိစေပါတယ်။ ဒီပလက်စတစ်ဗူးတွေက ကလေးတွေကို ပိုပြီးကျန်းမာရေးထိခိုက်စေပါတယ်။
နှာချေချင်တာကို အောင့်ထားခြင်း

Source: Healthline
နှာချေချင်ပါလျက်နဲ့ ပါးစပ်နဲ့နှားခေါင်းကို ပိတ်လိုက်ပြီး နှာမချေအောင် အောင့်လိုက်တာတဲ့အခါ ဦးနှောက်ထဲကို သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်သွားတယ်။ သွေးကြောတွေနဲ့ အာရုံကြောတစ်ရှုးတွေပေါ် ဖိအားသက်ရောက်စေတယ်။ နောက်ဆက်တွဲပြဿနာအနေနဲ့ ခေါင်းကိုက်တာတွေဖြစ်စေနိုင်ပါတယ်။
ရေမွှေး

Source: FragranceX
သဘာဝကရတဲ့ မွှေးရနံ့မဟုတ်ဘဲ လူတို့ပြုပြင်ဖန်တီးထားတဲ့မွှေးရနံ့ (ရေမွှေး)တွေက စိတ်ခံစားမှုကို ကောင်းစေတယ်။ ဒါပေမဲ့ အချို့ရေမွှေးတွေဟာ လူကိုမူးဝေစေတယ်၊ အိပ်ချင်မူးတူးဖြစ်သွားစေတယ်။ မျက်လုံး၊ လည်ပင်းနဲ့ အရေပြားကို ယားယံမှုဖြစ်စေတယ်။
အိပ်ခါနီးဖုန်းအသုံးပြုခြင်း

Source: Sites-at-Penn-State
အိပ်ရာထဲရောက်နေပြီ။ အိပ်ခါနီးလေး ဖေ့စ်ဘွတ်လေး ခနကြည့်လိုက်မယ်ဆိုပြီး ဖုန်းကိုပွတ်လိုက်တာ တစ်နာရီမက ကြာသွားတာမျိုး ကြုံဖူးမယ်ထင်တယ်။ သဘာဝအလင်းရောင်မဟုတ်တဲ့ အလင်းရောင်တွေဟာ လူတွေကို အိပ်မပျော်စေဘဲ နိုးကြားနေစေပါတယ်။
အစာစားပြီး သွားတိုက်ခြင်း

Source: Healthline
အစာအစားပြီးလို့ သွားတိုက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အစာစားပြီး နောက်ထပ် ၃၀ မိနစ် စောင့်ဆိုင်းပြီးမှ သွားတိုက်ရမယ်လို့ သွားကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ သွားကြွေလွှာတွေ ပျက်စီးမှာစိုးရိမ်ရင် အစာစားပြီးပြီးချင်း သွားမတိုက်ပါနဲ့။
သစ်သီးဖျော်ရည်

Source: Healthline
လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေက အရသာလည်းရှိ ကျန်းမာရေးအတွက်လည်းကောင်းလို့ သောက်ဖြစ်နေကြတယ်။ ဒါပေမဲ့ သစ်သီးဖျော်ရည်ကို သကြားအများကြီးအသုံးပြုကာ ဖျော်ထားတယ်ဆိုရင် ကျန်းမာရေးအတွက် ထိခိုက်စေပါတယ်။
