ဗုဒ္ဓဟူးနေ့ နံနက်ပွဲစဉ်မှာတော့ ယူနိုက်တက် နောက်ခံလူ ယန်းရဲ့ အနီကဒ်နဲ့ စမောလင်းရဲ့ Own Goal တွေကြောင့် ဝုဗ်လ်တို့ နိုင်ပွဲ ထပ်မံရရှိသွားခဲ့ကြ ပါတယ်။ ယူနိုက်တက်ကတော့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်မယ့် ရွှေရောင်အခွင့်အလမ်းကောင်းတစ်ခုကို လက်လွှတ်ဆုံးရှုံးခံခဲ့ လိုက်ရပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ကွင်းလယ်လူ မက်တော်မီနေးက အဝေးကန်ချက်ကနေ ရယူပေးနိုင်ခဲ့ပေမယ့် မကြာမီမှာပဲ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဂျိုတာက ခြေပဂိုးပြန်လည်သွင်းယူ သွားနိုင်ခဲ့တဲ့အတွက် ပထမပိုင်းဟာ ၁ – ၁ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ရ ပါတယ်။

အဲ့ဒီနောက် ပွဲချိန် ၅၇ မိနစ်မှာ ယူနိုက်တက်အသင်းရဲ့ နောက်ခံ လူ ယန်းဟာ နှစ်ဝါ တစ်နီ ပြသခံခဲ့ရတဲ့အတွက် လက်ကျန်ပွဲချိန်တွေကို ယူနိုက်တက် တို့ ကစားသမား ၁၀ ယောက်နဲ့သာ ဆက်လက် ယှဉ်ပြိုင်သွားခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၇၇ မိနစ်မှာ စမောလင်းရဲ့ OG က ယူနိုက်တက်တို့ရဲ့ မျှော်လင့်ချက်ကို မှေးမှိန်သွားစေခဲ့ပါပြီ။

ဒီနေ့ပွဲစဉ်မှာတော့ နှစ်ဖက်အသင်းတို့ အခွင့်အရေးဖန်တီးမှုတွေများစွာ လုပ်ဆောင်ထားနိုင်ခဲ့ကြပေမယ့် ယူနိုက်တက်ထက် ဝုလ်ဖ်ရဲ့ ကောင်တာထိုးဖောက်မှုတွေက ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဝုလ်ဖ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကစားပုံက အသက်မပါတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုတော့ ယူနိုက်တက်တို့ ပြိုင်ဖက် အာဆင်နယ် ၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးအသင်းတို့ထက် တစ်ပွဲပို ကစားထားပြီး အဆင့် ၅ နေရာမှာသာ ရပ်တည် နိုင်ခဲ့ပါတယ်။ ဒါ့ အပြင် FA ဖလားပြိုင်ပွဲမှာ ဝုလ်ဗ်ကြောင့် ကွာတားမှ လှည့်ပြန်ခဲ့ရတဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာပါ ဒီအသင်းကိုပဲ ဆက်လက် ရှုံးနိမ့်ခဲ့ရခြင်းက ထိပ်သီးလေးသင်း စာရင်းဝင်ရောက်နိုင်ရေး အိပ်မက်ကိုပါ မွှေနှောက်သွားခဲ့ပါပြီ။

အခုတော့ ယူနိုက်တက်ရဲ့ ရှုံးပွဲနဲ့အတူ ပရီးမီးယားလိဂ် အဆင့် ၃/၄ ဝင်ရောက်နိုင်ရေး အနေအထားဟာ ဘယ်လို ပြောင်းလဲသွားခဲ့ပြီလဲဆိုတာ အသင်း တွေရဲ့ ရမှတ် ၊ ပွဲကျန်တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်

????

လက်ရှိ အဆင့် – ၃

ရမှတ် – ၆၃

ပွဲကျန် – ၇ ပွဲ ( အိမ် ၂ ပွဲ ၊ အဝေး ၅ ပွဲ )

လက်ကျန် ပွဲစဉ် များ

???????

အဲဗာတန် ( အဝေး ) ၊ ဝက်ဖို့ဒ် ( အဝေး ) ၊ ခရစ္စတယ်ပဲလေ့စ် ( အိမ် ) ၊ ဝုလ်ဗ် ( အဝေး ) ၊ လက်စတာ စီးတီး ( အဝေး ) ၊ ဘရိုက်တန် ( အိမ် ) ၊ ဘန်လေ ( အဝေး )

နောက်ဆုံး ၆ ပွဲ ရလဒ် – ၅ ပွဲ နိုင် ၊ ၁ ပွဲ သရေ

ရမှတ်စုဆောင်းနိုင်မှု – ၁၆ မှတ်

* အာဆင်နယ်ဟာ လက်ကျန်ပွဲစဉ်တွေမှာ အသင်းကြီး အချင်းချင်း ရင်ဆိုင်တွေ့ရဖို့ ရှိမနေတော့ပါဘူး။

တော့တင်ဟမ် ဟော့ စပါး

????????

လက်ရှိ အဆင့် – ၎

ရမှတ် – ၆၁

ပွဲကျန် – ၇ ပွဲ ( အိမ် ၅ ပွဲ ၊ အဝေး ၂ ပွဲ )

လက်ကျန် ပွဲစဉ် များ

???????

ခရစ္စတယ် ပဲလေ့စ် ( အိမ် ) ၊ ဘရိုက်တန် ( အိမ် ) ၊ ဟတ်ဒါဖီးလ် ( အိမ် ) ၊ မန်စီးတီး ( အဝေး ) ၊ ဝက်စ်ဟမ်း ( အိမ် ) ၊ ဘုန်းမောက် ( အဝေး ) ၊ အဲဗာတန် ( အိမ် )

နောက်ဆုံး ၆ ပွဲ ရလဒ် – ၁ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၄ ပွဲ ရှုံး

ရမှတ်စုဆောင်း နိုင်မှု – ၄ မှတ်

* တော့တင်ဟမ်ကတော့ အမှတ်ပေးဖလားဆုအတွက် ရှေ့ဆက်ရမယ့် မန်စီးတီးတစ်သင်းနဲ့သာ ရင်ဆိုင်ကစားရပါတော့မယ်။

မန်ချက်စတာ ယူနိုက်တက်

?????????

လက်ရှိ အဆင့် – ၅

ရမှတ် – ၆၁

ပွဲကျန် – ၆ ပွဲ ( အိမ် ၄ ပွဲ ၊ အဝေး ၂ ပွဲ )

လက်ကျန် ပွဲစဉ် များ

???????

ဝက်စ်ဟမ်း ( အိမ် ) ၊ အဲဗာတန် ( အဝေး ) ၊ မန်စီးတီး ( အိမ် ) ၊ ချဲလ်ဆီး ( အိမ် ) ၊ ဟတ်ဒါဖီးလ် ( အဝေး ) ၊ ကာဒစ်ဖ် ( အိမ် )

နောက်ဆုံး ၆ ပွဲ ရလဒ် – ၃ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၂ ပွဲ ရှုံး

ရမှတ်စုဆောင်း နိုင်မှု – ၁၀ မှတ်

* ယူနိုက်တက်ကတော့ အမှတ်ပေးဖလားဆုအတွက် ရှေ့ဆက်ရမယ့် မန်စီးတီး ၊ ထိပ်သီးလေးသင်း ဝင်ရောက်နိုင်ရေးအတွက် အပြိုင်ကြဲရမယ့် ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ကစားရပါဦးမယ်။

ချဲလ်ဆီး

???

လက်ရှိ အဆင့် – ၆

ရမှတ် – ၆၀

ပွဲကျန် – ၇ ပွဲ ( အိမ် ၄ ပွဲ ၊ အဝေး ၃ ပွဲ )

လက်ကျန် ပွဲစဉ် များ

???????

ဘရိုက်တန် ( အိမ် ) ၊ ဝက်စ်ဟမ်း ( အိမ် ) ၊ လီဗာပူး ( အဝေး ) ၊ ဘန်လေ ( အိမ် ) ၊ မန်ယူနိုက်တက် ( အဝေး ) ၊ ဝက်ဖို့ဒ် ( အိမ် ) ၊ လက်စတာစီးတီး ( အဝေး )

နောက်ဆုံး ၆ ပွဲ ရလဒ် – ၄ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၁ ပွဲ ရှုံး

ရမှတ်စုဆောင်း နိုင်မှု – ၁၃ မှတ်

* ချဲလ်ဆီးကလည်း အမှတ်ပေးဖလားဆုအတွက် ရှေ့ဆက်ရမယ့် လီဗာပူး ၊ ထိပ်သီးလေးသင်း ဝင်ရောက်နိုင်ရေးအတွက် အပြိုင်ကြဲရမယ့် ယူနိုက်တက်တို့နဲ့ ရင်ဆိုင်ကစား ရပါဦးမယ် ။

လက်ကျန် ပွဲစဉ်ဇယားအရတော့ မြောက်လန်ဒန်အခြေစိုက်ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ ပိုမို ကောင်းမွန်တဲ့ အခွင့်အရေး တွေ ပိုင်ဆိုင်နေကြပါတယ်။

Source : Football journal in myanmar