ဘဝမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုလူတိုင်းမှာရှိပါတယ်။အောင်မြင်တယ်ဆိုတာ ငွေကြေးချမ်းသာရုံတစ်ခုတည်းနဲ့ အောင်မြင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ဒါဆိုအောင်မြင်ဖို့ သင်အနေနဲ့ဘာတွေသိထားဖို့လိုမလဲ ဘယ်အရာတွေပိုင်ဆိုင်ထားသင့်လဲ။ဒီနေ့မှာတော့ ဘဝမှာအောင်မြင်ချင်သူတိုင်း မဖြစ်မနေရှိထားသင့်တဲ့ Skills တွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) စီမံခန့်ခွဲမှု Skills

Source : Shutterstock

လူတိုင်းလူတိုင်းအတွက် စီမံခန့်ခွဲမှုဆိုင်ရာ Skills ကမရှိမဖြစ်တက်မြောက်ထားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။စီမံခန့်ခွဲမှုကောင်းတဲ့လူတွေဟာ အောင်မြင်ဖို့ အလားအလာပိုရှိသလို လူတွေရဲ့ ယုံကြည်လေးစားမှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။ကိုယ်တိုင်စီမံခန့်ခွဲမှုကောင်းတဲ့ သူတစ်ယောက်အတွက် လူပေါင်းများစွာကို စီမံခန့်ခွဲမှုတွေပြုလုပ်ပေးရာမှာလည်း ကျွမ်းကျင်စေမှာဖြစ်သလို အဖွဲ့အစည်းကိုဦးဆောင်နိုင်သူ ပြဿနာများကို ဖြေရှင်းနိုင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

(၂) စေ့စပ်ညှိနှိုင်းမှု Skills

Source : Shutterstock

အောင်မြင်နေတဲ့လူအများစုကိုကြည့်လိုက်ရင် သူတို့ဟာ စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ အတော်လေးကျွမ်းကျင်ကြတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ဟာ စကားအပြောအဆိုကျွမ်းကျင်လိမ်မာပြီး လူအများလက်ခံလာအောင်လဲ ဆွဲဆောင်ပြောဆိုနိုင်ကြလို့ပါ။ ဒီ Skills ကအလုပ်ခွင်မှာသာမက ကိုယ့်ရဲ့ ဘဝအတွက်လည်းမရှိမဖြစ်ကျွမ်းကျင်ထားသင့်တဲ့ Skill တစ်ခုဖြစ်ပါတယ်။လူအများနဲ့ စေ့စပ်ညှိနှိုင်းလုပ်ဆောင်တက်ခြင်းကြောင့် ဘဝမှာအောင်မြင်မှုအသီးအပွင့်တွေကို ပိုမိုခံစားရမှာဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုလည်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) ပေါင်းသင်းဆက်ဆံရေး Skills

Source : Shutterstock

ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်ခြင်းက အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုလို့ ဆိုရင်မမှားနိုင်ပါဘူး။အောင်မြင်နေသူတွေရဲ့ နေ့စဥ်ဘဝမှာလည်းကောင်း မွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကိုအလေးထားတက်ကြပါတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကျွမ်းကျင်ခြင်းကြောင့် အဆက်သွယ်ကောင်းတွေ အခွင့်အလမ်းကောင်းတွေရရှိလာနိုင်ပြီး သင့်ကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ လမ်းစတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

(၄) အာရုံစူးစိုက်မှု Skills

Source : Shutterstock

ဘယ်အရာမဆို အာရုံစူးစိုက်မှုကောင်းကောင်းနဲ့လုပ်ဆောင်တက်တဲ့သူတွေဟာ ဘဝမှာအောင်မြင်မှုရရှိဖို့ အခွင့်အလမ်းများသလို မိမိဘဝရဲ့ရည်မှန်းချက် အနာဂတ်အိမ်မက်တွေပြည့်ဝဖို့ အထောက်အပံ့ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ အာရုံစူးစိုက်မှုကောင်းခြင်းဟာ ကိုယ်ဘဝရဲ့အနာဂတ်တွေဆီလျောက်လှမ်းတဲ့နေရာမှာ လမ်းကြောင်းအမှန်ကိုပိုမိုမြင်သာစေပြီး ကိုယ်ရဲ့ဦးတည်ချက်တွေကိုခိုင်မာစေတဲ့အတွက် ဘဝမှာကိုယ်မျော်မှန်းတဲ့အောင်မြင်မှု ဆီအရောက်သွားနိုင်ဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု Skills

Source : Shutterstock

အောင်မြင်ခြင်းရဲ့ မျိုးစေ့တစ်ခုကိုပြောပါဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းက မျိုးစေ့ကောင်း တစ်ခုဖြစ်ပါတယ်။ဘဝမှာအောင်မြင်ဖို့ ကိုယ်ရဲ့ယုံကြည်ချက် ရှုးသွပ်မှုတွေကိုကိုယ်တိုင် ယုံကြည်နေဖို့အရေးကြီးပါတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုမြင့်မားတဲ့သူတွေကို လူအများစုကလည်းလေးစားကြပါတယ်။ဒါကြောင့်ဘဝမှာအောင်မြင်ချင်ရင်ကိုယ့်ကိုယ်ကိုယုံကြည်မှု Skills ကိုလည်းမြင့်တင်ဖို့မဖြစ်မနေလိုအပ်ပါတယ်။