ယောင်္ကျား ၁၀၀ မှာ ၈၀ လောက်က သူတို့ရဲ့ပုံပန်းသဏ္ဌာန်နဲ့ ပတ်သက်လို့ စိတ်တိုင်းမကျဖြစ်ကြတယ်လို့ Chapman University က လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ ကိုယ့်စတိုင်အပေါ် စိတ်ကျေနပ်မှုမရတာဟာ ဖြစ်တတ်တဲ့သဘောဆိုပေမယ့် အတော်များများက စတိုင်အမှားတွေ လုပ်မိတတ်တာကြောင့်လို့ ဆိုပါတယ်။ ယောင်္ကျားတွေ မတော်တဆ လုပ်တတ်ကြတဲ့ စတိုင်အမှားတွေထဲမှာ အခုပြောမယ့်အမှားတွေလည်း ပါပါတယ်။
(၁) ရေမွှေးဆွတ်နည်း မတတ်လို့
Photo: Dapper Confidential
သင်းပျံ့တဲ့ ရနံ့တစ်ခုဟာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို စိတ်ကြည်လင်စေပြီး နှစ်လိုမှုဖြစ်စေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့လည်း ယောင်္ကျားလေးအများစုကတော့ ရေမွှေးကို မှန်မှန်ကန်ကန် စနစ်တကျ မဆွတ်တတ်လို့ ရေမွှေးနံ့တာရှည်မစွဲတာ ၊ ရေမွှေးနံ့တွေ တစ်နေရာတည်းမှာ အီနောက်နေအောင် ဆွတ်မိတာမျိုး ဖြစ်တတ်ပါတယ်။
(၂) ဂျက်ကတ်အောက်ဆုံးကြယ်သီး တပ်နည်း မသိလို့
အမျိုးသားဝတ် Suit ဂျက်ကတ်တွေ ဝတ်တော့မယ်ဆိုရင် အောက်ဆုံးက ကြယ်သီးကို အမြဲ မတပ်ဘဲထားရပါတယ်။ ဒါက စတိုင်အစဉ်အလာတစ်ခုလို ဖြစ်ပြီး သတ္တမမြောက် အက်ဒွပ်ဘုရင်က စခဲ့တာ ဖြစ်ပါတယ်။ အလွယ်မှတ်ချင်ရင်တော့ ကြယ်သီး ၃ လုံးတပ်ဆိုရင် အပေါ်ဆုံးကြယ်သီးကို တစ်ခါတစ်လေ တပ်လို့ ရပြီး အလယ်ကြယ်သီးကို အမြဲတပ်ထားရမှာပါ။ အောက်ဆုံး ကြယ်သီးကိုတော့ မတပ်ဘဲ ထားရမှာပါ။
ကြယ်သီး ၂ လုံးတပ် Suit တွေမှာ အပေါ်ကြယ်သီးကို အမြဲတပ်ထားပြီး အောက်က ကြယ်သီးကို မတပ်ဘဲ ထားရမှာ ဖြစ်ပါတယ်။ ကြယ်သီးတစ်လုံးတည်း ပါတဲ့ Jacket Style မှာဆို ကြယ်သီးပုံမှန် တပ်ထားတာ အကောင်းဆုံးပါပဲ။
(၃) အရောင်ရင့်တွေ ရှောင်ခြင်း
Photo: Mens Fashion Magazine
တချို့လူတွေက နုချင်လို့ အရောင်ရင့်တဲ့ Dark Colors တွေ ရှောင်ကြပါတယ်။ ပွဲတက်တဲ့ Suits နဲ့ Shirts တွေဆိုရင် Light Color တွေကို ဝတ်ရမယ်လို့ တသမှတ်တည်း ယူဆနေကြတာပါ။ Black Tie နဲ့ တက်ရတဲ့ ပိုပြီး Formal ကျတဲ့ အခမ်းအနားတွေမှာဆိုရင် အရောင်ရင့်တဲ့ Black Tuxedo တို့ Jacket တို့ကို ဝတ်တာ ပိုစတိုင်လ်ကျပါတယ်။
(၄) ကိုယ်နဲ့ Perfect Fit ဖြစ်တာ မရှာခြင်း
Photo: Shutterstock
ဝိတ်တက်နေတဲ့သူတွေဟာ Baggy ဖြစ်နေတဲ့ ခပ်ပွပွဝတ်စုံတွေ ဝတ်ပြီး သူတို့ရဲ့ အဆီတက်နေတဲ့ ကိုယ်ကို ဖုံးကွယ်ဖို့ ကြိုးစားကြပါတယ်။ ပိန်လွန်းတဲ့သူကလည်း သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုကြီးသယောင်ထင်စေအောင် ဝတ်ရင်းနဲ့ ကိုးရိုးကားယားဖြစ်ပြီး ကြည့်လို့မကောင်းဖြစ်သွားတတ်ပါတယ်။ Overweight ပဲ ဖြစ်ဖြစ် Underweight ပဲ ဖြစ်ဖြစ် အဝတ်အစားတွေ ဝတ်ရာမှာ အချိုးအစားမှန်ကန်ပြီး ကိုယ့်ကိုယ်လုံးကိုယ်ပေါက်နဲ့ Fitting ကျတာကို ရွေးတာက အမှန်ဆုံးပါပဲ။
(၅) ကိုယ်နဲ့ မလိုက်ဖက်တဲ့ တခြားသူတွေရဲ့ စတိုင်အတိုင်း လိုက်ဝတ်ခြင်း
Photo: Mens Fashion Magazine
လူတွေမှာ ကိုယ်ပိုင်ဖြစ်တည်မှုဆိုတာ ရှိပါတယ်။ ဒီဖြစ်တည်မှုကို လက်ခံတဲ့သူဟာ ဘယ်သူ့အရိပ်မှ မခိုဘဲ ကိုယ်ပိုင်သီးခြားနေထိုင်ရှင်သန်နိုင်ပါတယ်။ နာမည်ကြီး Influencers တွေ ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေရဲ့ ပုံစံကို အားကျပြီး သူတို့ ဝတ်တဲ့အတိုင်း လိုက်ဝတ်လို့ ကိုယ်နဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်ပါမယ်။ အရေးကြီးတာက စတိုင်မြှင့်တင်ဖို့ အတုယူသင့်တာ ယူပြီး ကိုယ့်ပုံစံ ကိုယ့်အတွေ့အကြုံအဖြစ် ပြန်သွင်းယူရတာ ဖြစ်ပါတယ်။