တက်တူးထိုးကြတဲ့ သူအများစုက တက်တူးကို အနုပညာတစ်ရပ်လို ရူးသွပ်ကြလို့ပဲဖြစ်ပါတယ်။ တချို့ကလည်း တက်တူးထိုးလိုက်တဲ့အခါ ကိုယ်ပိုင်စတိုင်လ်တစ်ခုဖန်တီးနိုင်တယ်ဆိုပြီး ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒီလိုကိုယ်ပိုင်စတိုင်တစ်ခုဖြစ်ဖို့ဆိုတာကလည်း သူများတွေ အထိုးများတဲ့ တက်တူးမထိုးဘဲ ကိုယ့်ဒီဇိုင်းနဲ့ကိုယ် တက်တူးပုံစံအသစ်ထွင်ထိုးမှပဲရမှာပါ။

တချို့ကလည်း ကိုယ့်ရဲ့အလုပ်ကို ကိုယ်စားပြုတဲ့တက်တူးပုံစံလေးတွေ ထိုးလေ့ရှိကြပါတယ်။ စာဖတ်သူလည်း သူများနဲ့မတူ တမူထူးခြားတဲ့တက်တူးထိုးချင်တယ်ဆိုရင်တော့ ဘယ်လိုတက်တူးဒီဇိုင်းထိုးရမလဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

တခြားတက်တူးချစ်သူတွေ ဘယ်လိုဒီဇိုင်းဆန်းဆန်းလေး ထိုးထားကြလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

အဏုမြူအလင်းရောင်အောက်မှာသာ မြင်ရတဲ့ ကိုယ်ပျောက်ကြောင်တက်တူး

မှင်စက်လေးတွေ တဖြည်းဖြည်းလွှင့်ပြယ်နေတဲ့ တက်တူးပုံစံ

ဒိုင်နိုဆောကို အိမ်မွေးတိရစ္ဆာန်အဖြစ် မမွေးချင်ကြဘူးလား။

ရိုးရိုးလေယာဉ်ပျံဖြစ်ပေမယ့် အရိပ်အဖြစ်မြင်တွေ့ရတဲ့အခါမှာတော့ အမိုက်စားလေယာဉ်ပျံအဖြစ်ပြောင်းလဲသွားတဲ့တက်တူး

ကိုယ်သွားခဲ့ဖူးတဲ့နေရာတွေကို လက်မှာတက်တူးပြန်ထိုးပြီး ပုံဖော်ခဲ့တဲ့ အမျိုးသား

တစ်ဖက်က ရေငုတ်သမား၊ တစ်ဖက်က အာကာသယာဉ်မှူး

တံတောင်ဆစ်နားက အမိုက်စား ကုလားထိုင်တက်တူး

အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နှလုံးသားပုံတက်တူး

စာဖတ်နေတဲ့ကောင်မလေးနဲ့ ကိုယ့်ကောင်မလေးကို ဓာတ်ဖမ်းပေးနေတဲ့ ကောင်လေး

ရိုးရှင်းပေမယ့် စတိုင်လ်ကျတဲ့တက်တူး

နီးစပ်ဖို့ ကြိုးစားနေတဲ့ ဘဝနှစ်ခု (သို့) လက်နှစ်ဖက်

ကြောင်လိုက်ဖမ်းနေတဲ့ ခွေး

ရောင်စုံမျဉ်းကြောင်း

ဟယ်ရီပေါ်တာဇာတ်ကားထဲက အစောင့်အရှောက်သမင်

တက်တူးထိုးရတာ နာမှကြောက်ရင် ဒီလိုသေးသေးလေးပဲ စမ်းထိုးကြည့်

ဘယ်လိုလဲ စာဖတ်သူတို့ရေ… ဒီတက်တူးဒီဇိုင်းတွေကြည့်ရင်း တက်တူးထိုးဖို့ အကြံဥာဏ်တစ်ခုခု၊ ဒီဇိုင်းအသစ်တစ်ခုခုများ စဉ်းစားမိကြရဲ့လား။

Source: Brightside.me