အားလုံးပဲ မင်္ဂလာပါ။ Marvel ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာမယ့် Marvel ဇာတ်ကားသစ် (၆) ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Doctor Strange In The Multiverse Of Madness

ဒီဇာတ်ကားသစ်ကတော့ မေလ ၆ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ Doctor Strange တစ်ယောက် Multiverse တွေ အများကြီး ကွဲသွားတာကို ဘယ်လိုပြန်လည်ပြင်ဆင်ပေးမလဲ။ Wanda ထံမှရော ဘယ်လိုအကူအညီရယူမလဲ၊ ဘယ်လိုပူးပေါင်းမလဲဆိုတာကိုတော့ ထွေလာလေးကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်စားလိုက်ပါဦး။

Source: Marvel Entertainment

Thor: Love And Thunder

Thor ဇာတ်ကားအသစ်ကတော့ ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Source: Screen Culture

Black Panther: Wakanda Forever/Black Panther 2

Black Panther 2 ကိုတော့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ Official Trailer ကတော့ မထွက်သေးဘဲ First Look အနေနဲ့ပဲ မြည်းစမ်းခံစားနိုင်အောင် တည်းဖြတ်တင်ဆက်ပေးထားပါတယ်။

Source: Screen Culture

The Marvels/Captain Marvel 2

Captain Marvel 2 ကိုတော့ ၂၀၂၃၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်လို့ Marvel က အတည်ပြုထားပါတယ်။ Official Trailer မထွက်သေးတဲ့အတွက်ကြောင့် ဇာတ်လမ်းကို ကြိုတင်ခန့်မှန်းဖို့တော့ ခက်ပါသေးတယ်။ ဖြစ်နိုင်ချေရှိတာကတော့ Wandavision ထဲမှာ ပါဝါရသွားတဲ့ Monica Rambeau ကို ဒုတိယ Captain Marvel အဖြစ် ဇာတ်လမ်းဆင်ထားနိုင်ချေရှိပါတယ်။

Source: Screen Culture

Gurdians Of The Galaxy Vol.3

ဒီဇာတ်ကားသစ်ကိုတော့ နောက်နှစ် မေလ ၅ ရက်နေ့မှာ ထွက်ရှိမယ်လို့ Marvel Studios က အတည်ပြုထားပါတယ်။

Source: Screen Culture

Ant-Man And The Wasp: Quantumania

Ant-Man တစ်ယောက် ကွန်တမ်ထဲကို ဝင်မိတဲ့အတွက်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေ ဘယ်လိုကြုံတွေ့ခံစားရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ စတင်ကြည့်ရှုနိုင်မယ့် ရက်ကတော့ ဇူလိုင်လ ၂၈ ရက်နေ့ ၂၀၂၃ ဖြစ်ပါတယ်။

Source: Screen Culture

သင်ရော ဘယ်ဇာတ်ကားကို အကြည့်ချင်ဆုံးပါလဲ။

Featured Image Source: Screenrant.com