ရုပ်ရှင်ချစ်ပရိသတ်များအတွက် ဇန်နဝါရီလသည် ရုပ်ရှင်ကားကောင်းများ အများအပြားထွက်ရှိလာမယ့်အချိန်ဖြစ်ပါတယ်။ ကိုယ် နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားကြည့်ရှုရင်း စိတ်အပန်းဖြေစေနိုင်ဖို့ရန်အတွက် ဇန်နဝါရီလအတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်များကို ဝေမျှပေးလိုက်ရပါတယ်။

Harry Potter 20th Anniversary: Return to Hogwarts

ဟယ်ရီပေါ်တာ ပရိသတ်တွေအတွက်တော့ အချိန်အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့အချိန်လေး ရောက်ရှိလို့လာခဲ့ပါပြီ။ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး အရင်ဇာတ်ကောင်များအတိုင်း မှတ်တမ်းရုပ်ရှင်ပုံစံ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Source: HBO Max

The Kindred

သူ(မ)ရဲ့အဖေ သူ့ကိုယ်သူ အဆုံးစီရင်တဲ့နောက်မှာ ဘယ်အရာက သူ(မ)အဖေကို အဆုံးစီရင်ဖို့ ဖြစ်စေသလဲဆိုတာကို စတင်ဆုံးစမ်းပါတော့တယ်။ ဝိညာဉ်များ၊ မကောင်းဆိုးဝါးများရဲ့ နှောင့်ယှက်ခြင်းကို ခံရတဲ့နောက်မျာတော့ သူ(မ)သည် လွန်ခဲ့တဲ့ နှစ် ၃၀ က ဘာဖြစ်ခဲ့သလဲဆိုတာကို သိရှိသွားပါတော့တယ်။

Source: Movieclips Indie

June Again

ဒရမ်မာ ကားလေးကိုတော့ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုချင်သူများအတွက်တော့ June Again ဇာတ်ကားလေးကို ကြည့်ရှုခံစားနိုင်ပါတယ်။ June ဆိုတဲ့ အမျိုးသမီးသည် အကူအညီလိုအပ်သူများကို ကူညီဖို့ ကြိုးစားတဲ့အချိန်မှာ ထိုသူတွေဆီကပဲ အကူအညီရယူဖို့အကြောင်းဖန်လာပါတော့တယ်။

Source: Movie Trailer

Scream

Woodsboro ဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ငယ်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဇာတ်တိုက်ဖြစ်ခဲ့ပါတယ်။ ထိုလူသတ်မှုက တကျော့ပြန်လည်လာခဲ့ပြီး ဒီတစ်ခါမှာတော့ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားက ဆယ်ကျော်သက်အုပ်စုတစ်စုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ထိုဆယ်ကျော်သက်လူငယ်တွေ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ဘေးအန္တရာယ်က လွတ်မြောက်နိုင်ပါ့မလား။

Source: Paramount Pictures

Hotel Transylvania: Transformania

ဒရက်ကူလာကြီးနဲ့ သူ့ရဲ့အပေါင်းအပါတွေသည် Van Helsing ရဲ့ တီထွင်ထားတဲ့ လက်နက်ကြောင့် လူပြန်ဖြစ်သွားပြီး Johnny တစ်ယောက်ကတော့ ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ဖြစ်သွားပါတယ်။ သူတို့တွေ နဂိုမူလအတိုင်း ပြန်ဖြစ်ဖို့အတွက်ဆို ကမ္ဘာပတ်ပြီး ဖြေဆေးရှာရမှာဖြစ်ပါတယ်။ ထိုဖြေဆေးကို ရှာတွေ့နိုင်ပါ့မလားဆိုတာကိုတော့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စောင့်မျှော်ကြည့်ရှုခံစားနိုင်ပါပြီ။

Source: Amazon Prime Video

Shattered

မီလီယံနာ သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Chris တစ်ယောက်သည် ဆွဲဆောင်မှုရှိတဲ့ Sky နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ အချစ်မီးဖွားလေး ပေါက်ဖွားလာပါတော့တယ်။ ဒါပေမဲ့ Sky ရဲ့ အပြုအမူတွေသည် သံသယဖြစ်စရာကောင်းတယ်ဆိုတာကို Chris တစ်ယောက် သိရှိလာခဲ့ပါတယ်။ အထူးသဖြင့် Sky ရဲ့ အခန်းဖော် ရုတ်တရက် ထူးဆန်းစွာ သေဆုံးမှုကနေ စတင်လာခဲ့ပါတယ်။

Source: Movie Trailers Source

Ditched

သူနာပြုအသက်ကယ်အဖွဲ့တစ်ဖွဲ့သည် အကြမ်းဖက်ထောင်သာများနဲ့ အရေးပေါ်လူနာတင်ကားပေါ်တွင် ပိတ်မိနေကြတာဖြစ်ပါတယ်။ သူနာပြုအဖွဲ့သည် သူတို့သည် ရာဇဝတ်သားများရဲ့ သားကောင်ဖြစ်တယ်ဆိုတာကိုတော့ တဖြည်းဖြည်းနဲ့ သိနားလည်လာတဲ့အခါ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။

Source: Shadowbrook Pictures

Warhunt

၁၉၄၅ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်တစ်စီးသည် အထန်းအချုပ်မဲ့စွာဖြင့် ရန်သူ့ပိုင်နက်တစ်ခုဖြစ်တဲ့ ဂျာမန်တွေရဲ့အနက်ရောင်တောအုပ်ထဲသို့ ပျက်ကျသွားခဲ့ပါတယ်။ ထိုလေယာဉ်ထဲတွင် လျှို့ဝှက်ပစ္စည်းတစ်ခုပါ ပါသွားတာဖြစ်ပါတယ်။ အမေရိကန်အရာရှိများက ထိုလေယာဉ်ရှိ စစ်သားများကို ကယ်တင်ဖို့ရန်နှင့် ထိုလျှို့ဝှက်ပစ္စည်းကို ပြန်လည်ရယူဖို့ရန်အတွက် အရဲရင့်ဆုံးစစ်သားများကို စေလွှတ်ခဲ့ပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Warhunt မှာ ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Source: Movieclips Indie

Redeeming Love

Francine Rivers ရဲ့ အရောင်ရဆုံး ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းကာ ရုပ်ရှင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ လူငယ်နှစ်ယောက်ကြား အဖျက်အမှောက်တွေ ဝင်လာတဲ့အချိန်မှာတော့ သူတို့ရဲ့အချစ်ခရီးလမ်းက ဘယ်လိုတွေပြောင်းလဲသွားမလဲ။

Source: Movieclips Trailer

Morbius

ဒေါက်တာ မိုးဘီးယက်စ်တစ်ယောက် သူ့လိုပဲ ရှားပါးသွေးဖြူဥရောဂါ ခံစားနေရသူများအတွက် ကုသနည်းရှာဖွေဖို့ရန်အတွက် သူ့အသက်ကို အလောင်းအစားထပ်ကာ ထူးဆန်းတဲ့နေရာတစ်ခုသို့ သွားရောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ သူ့ရဲ့စမ်းသပ်ချက်က အောင်မြင်သယောင်ယောင်ပါပဲ။ ဒါပေမဲ့ သူသည် လူသားတစ်ယောက်မဟုတ်တော့ဘူးဆိုတာကို သိရှိသွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ Morbius ဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Sony Pictures Entertainment