အားလုံးပဲ မင်္ဂလာပါ။ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာ တင်ဆက်ပေးဖို့အလှည့်ကျလာတာကတော့ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်များပဲဖြစ်ပါတယ်။ သင့်ရဲ့ ခရစ္စမတ်အားလပ်ရက်လေးတွေကို ဇာတ်ကားကောင်းတွေကြည့်ရှုရင်း ပေါ့ပါးလွတ်လပ်စွာ အချိန်ကုန်ဆုံးနိုင်ပါပြီ။

Being The Ricardos

အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Lucille Ball နဲ့ Desi Arnaz တို့သည် ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ရဲ့ပရော်ဖက်ရှင်ဘဝကြီးသည် ခြိမ်းခြောက်ခံရတဲ့အခါ ထိုစွပ်စွဲချက်များကို ဘယ်လိုပျောက်ပျက်အောင် ဖန်တီးမလဲဆိုတာကို ရင်သပ်ရှုမောစွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Source: Amazon Prime Video

Grumpy Christmas

Don Servando ဆိုတဲ့ အဘိုးအိုကြီးသည် သူ့ရဲ့သား၊ ချွေးမနဲ့ အခြားသောဆွေမျိုးအပေါင်းအဖော်များနဲ့ ခရစ်စမတ်အားလပ်ရက်ကို ကမ်းခြေမှာ ပျော်ပျော်ပါးပါးကုန်ဆုံးဖို့ ခရီးထွက်လာခဲ့ကြပါတယ်။ သူ့ချွေးမရဲ့ အဒေါ်လည်း ထိုခရီးမှာ လိုက်ပါလာပါတယ်။ ခရီးတစ်လျှောက်မှာတော့ သူ့ကို ဘယ်သူမှ Attention မပေးတဲ့အခါမျိုးမှာ Don Servando တစ်ယောက် ပေါက်ကွဲလာပါတယ်။ နောက်ဆုံးမှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ Grumpy Christmas မှာ ကြည့်ရှုခံစားနိုင်ပါတယ်။

Source: Trailer Party

The Martix Resurrections

ဒီဇာတ်ကားထဲမှာတော့ Keanu Reeves နဲ့ Carrie-Anne Moss တို့ကို အတွဲညီညီသရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Adventure နဲ့ အက်ရှင်ဇာတ်ကားမျိုး နှစ်သက်သူတွေအတွက် စတုတ္ထအကြိမ်မြောက်စီးရီးတစ်ကားပဲဖြစ်ပါတယ်။

Source: Warner Bros. Pictures

Sing 2

Animation ချစ်သူတွေအတွက်ကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ Sing 2 အန်နီမေးရှင်းဇာတ်ကားလေးကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်ကားအမြည်းလေးကို ကြည့်ရှုခံစားလိုက်ရအောင်။

Source: Illumination

The King’s Man

၁၉၀၀ နောက်ပိုင်းကနေ ပထမကမ္ဘာစစ်အထိ ဆက်တင်ယူထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီး အက်ရှင် ဟာသကားအမျိုးအစားပဲ ဖြစ်ပါတယ်။ အက်ရှင်ရော ဟာသပါ ရောနှောထားတဲ့ရသကို ခံစားချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ခံစားနိုင်ပါတယ်။

Source: 20th Century Studios

Parallel Mothers

Janis လို့ခေါ်တဲ့ အမျိုးသမီးနဲ့ Ana လို့ခေါ်တဲ့ အမျိုးသမီးတို့သည် ဆေးရုံတစ်ရုံတွင် မီးဖွားရန်အတွက် ဆေးရုံတက်နေကြတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးသည် လက်မထပ်ထားရသေးတဲ့သူတွေဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားတာဖြစ်ပါတယ်။ Janis လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးကတော့ သတ္တိခဲဖြစ်ပြီး Ana ဆိုတဲ့ ဆယ်ကျော်သက်လေးကတော့ ကြောက်ရွံနေပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ Parallel Mothers ဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုခံစားနိုင်ပါတယ်။

Source: Sony Pictures Classics

Don’t Look Up

အာကာသယာဉ်မှူးထဲမှာမှ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ ယာဉ်မှူးနှစ်ယောက်သည် ကမ္ဘာမြေကြီးကို ဖျက်ဆီးမယ့် ဥက္ကာခဲတစ်လုံး ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လာတော့မှာဖြစ်ပြီး လူသားတွေကို အသိပေးရမှာဖြစ်ပါတယ်။ သူတို့ရဲ့စကားကိုရော လူသားတွေက နားထောင်ပါ့မလား။ Leonardo Dicaprio နဲ့ Jennifer Lawrence တို့အပြင် အခြားသော နာမည်ကြီးများလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source: Netflix

Munich – The Edge Of War

Robert Harris ရဲ့ ကမ္ဘာ့အရောင်းရဆုံးစာအုပ်ကို အခြေခံထားတာဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ် ဆောင်းရာသီကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ ဟစ်တလာတစ်ယောက် ချက်ကိုစလိုဗားကီးယားနဲ့ အခြားသောမြို့တွေကို ကျူးကျော်ဖို့ ပြင်ဆင်နေတဲ့အချိန်ကို ပုံဖော်ထားပြီး သမိုင်းဝင်ဇာတ်ကားမျိုး၊ ဒရမ်မာဇာတ်ကားမျိုး ကြည့်ရှုချင်သူများအတွက် တကယ့်ရသစုံလင်စွာခံစားနိုင်မယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Source:  Netflix