ကမ္ဘာ့ရောဂါတစ်မျိုးဖြစ်တဲ့ ကိုဗစ် ၁၉ ကြောင့် ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ဖို့ရန်အတွက် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရတဲ့ အလေ့အကျင့်ကို ကျင့်သုံးကြရပါတယ်။ ဒီလိုနဲ့ပဲ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရတဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် ရုံထဲမှာ ရုပ်ရှင်ကြည့်ရတဲ့ ခံစားချက်ကို အားလုံးပဲ လွမ်းနေကြမယ်လို့ ထင်မိပါတယ်။

Netflix က ဇာတ်ကားကောင်းတွေ ကိုရီးယားဇာတ်လမ်းတွဲတွေ အက်ရှင်ဇာတ်ကားအဟောင်းတွေနဲ့ပဲ ကျေနပ်တင်းတိမ်နေရတဲ့ ရုပ်ရှင်ချစ်သူ ယောကျာ်းများအတွက် ယခုလမှာ ဘယ်လိုဇာတ်ကားကောင်းတွေ ထွက်ရှိလာမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ မိမိရဲ့အိပ်ခန်းလေးကိုပဲ ရုပ်ရှင်ရုံအဖြစ် ဆက်တင်ချပြောင်းလဲကာ အခုဖော်ပြပေးမယ့် ဇာတ်ကားတွေနဲ့ ရုပ်ရှင်ရုံလွမ်းတဲ့စိတ်ကို ဖြေဖျောက်လိုက်ကြပါလို့ပဲ အကြံပေးလိုက်ချင်ပါတယ်။

The Conjuring: The Devli Made Me Do It

Conjuring ပရိသတ်များအတွက် ဇွန်လ ၄ ရက်နေ့က ထွက်ရှိထားတဲ့ ဒီကားအသစ်က စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီး ဘဝအမောတွေ ပြေစေပါလိမ့်မယ်။

Grace And Grit

ရိုမန့်တစ်ဆန်တဲ့ အချစ်ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ၁၉၈၀ ပြည့်နှစ်က လူနေမှုဘဝကို အခြေခံထားတဲ့ Grace And Grit ဇာတ်ကားက စိတ်ကျေနပ်မှုအပြည့်အဝရစေမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် လက်မလွတ်တမ်းစောင့်ကြည့်သင့်ပါတယ်။

Peter Rabbit 2: The Runaway

Peter Rabbit ဇာတ်ကားထဲက ခပ်ဆိုးဆိုး ယုန်လေးတွေကို မှတ်မိဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကားအသစ်ထဲမှာတော့ ယုန်လေးတွေကို အိမ်ပြေးတွေအဖြစ် မြင်ရမှာဖြစ်ပြီး သူတို့ဒုက္ခရောက်တဲ့အခါ သူတို့သခင်တွေက ဘယ်လိုကယ်တင်ရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဇွန်လ ၁၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

The Hitman’s Wife’s Bodyguard

အက်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူများအတွက်သာမက Ryan Reynolds ကို ကြိုက်နှစ်သက်သူတွေအတွက် ဇွန်လ ၁၆ ရက်နေ့မှာ ထွက်ရှိမယ့် The Hitman’s Wife’s Bodyguard ဇာတ်ကားကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

Luca

Disney ကာတွန်းဇာတ်လမ်းတွေကိုမှ နှစ်သက်သူတွေအဖို့ Luca ကာတွန်းဇာတ်လမ်းလေးကလည်း ခံစားချက်အသစ် ခံစားနိုင်စေပါလိမ့်မယ်။ ဒီဇာတ်ကားလေးကတော့ ဇွန်လ ၁၈ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Fatherhood

Source: Netflix

မုဆိုးဖိုအဖေတစ်ယောက်တည်း သူ့သမီးလေးကို ပြုစုစောင့်ရှေက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံတွေ့ရသလဲဆိုတာကို ဒီဇာတ်ကားလေးထဲကနေ တင်ဆက်ထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

F9

Source: The Fast Saga

Vin Diesel ပရိသတ်များအတွက် ဇွန် ၂၅ ရက်နေ့မှာ ထွက်ရှိမယ့် F9 ဇာတ်ကားသည်လည်း မတူညီတဲ့ ဇာတ်ကွက်အသစ်၊ အမိုက်စား အက်ရှင်ဇာတ်ဝင်ခန်းများနဲ့ ကြည့်ရှုခံစားနိုင်မှာပါ။

Good On Paper

Source: Netflix

အချစ်ဇာတ်ကားကိုမှ ဟာသမြူးမြူးလေးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်တာကြောင့် တစ်နေ့တာလုံး ကြုံတွေ့ရတဲ့ ဘဝအမောများကို ပြေပျောက်စေပါလိမ့်မယ်။

Source: Movieinsider.com