တစ်နေ့တာလုံး ပင်ပန်းထားသမျှ ဘဝအမောများကို ပြေစေနိုင်ဖို့ရန်အတွက် နိုဝင်ဘာလပထမပတ်အတွင်း ထွက်ရှိလာမယ့် ဇာတ်ကားများကို ဝေမျှပေးချင်ပါတယ်။

ဇာတ်ကားသစ်များကို ကြည့်ရှုခံစားရင်း ဘဝအမောများကို ပြေပျောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ဘယ်လိုဇာတ်ကားသစ်လေးတွေဖြစ်မလဲဆိုတော့ …

A Boy Called Christmas

Nikolas လို့လည်း အမည်ရသလို Christmas လို့လည်း နာမည်ပြောင်ပေးထားတဲ့ ကောင်ကလေးရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ သူသည် ခရစ်စမတ်နေ့မှာ မွေးလို့ ခရစ်စမတ်လို့ နာမည်ပြောင်ပေးထားတာပါ။ တစ်နေ့မှာတော့ သူ့အဖေက ပဟေဠိဆန်စွာ ပျောက်သွားခဲ့ပါတယ်။ သူ့အဖေကို ရှာပုံတော်ဖွင့်ရင်း ဘယ်လိုအရာတွေနဲ့ ကြုံတွေ့မလဲဆိုတာကိုတော့ အမြည်းလေး ကြည့်ရှုခံစားလိုက်ပါ။

Source: KinoCheck Family

7 Prisoners

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်သည် သူ့မိသားစုရဲ့စားဝတ်နေရေးကို ထောက်ပံ့ဖို့အတွက် ကြုံရာကျပန်းအလုပ်ကို ဝင်လုပ်နေရသူပါ။ ဒါပေမဲ့ သူလုပ်နေရတဲ့အလုပ်က လူကုန်ကူးနေရတယ်ဆိုတာ သိသွားတဲ့အခါမှာတော့ သူဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်လိုက်ပါ။

Source: Netflix

Son Of Monachs

မက်ဆီကန်လူမျိုး ဇီဝဗေဒပညာရှင်တစ်ဦးသည် သူ့မိခင် သေဆုံးပြီးတဲ့နောက်မှာတော့ နယူးယောက်ခ်မြို့ကနေ သူ့ရဲ့မွေးရပ်မြေသို့ ပြန်လာခဲ့ပါတယ်။ သူ့မွေးရပ်မြေရောက်တဲ့အခါမှာတော့ ဘယ်လိုဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ။

Source: Movieclips Indie

The Electrical Life Of Louis Wain

Louis Wain ဆိုသူသည် ပန်းချီဆရာ၊ တီထွင်သူနှင့် စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် လုပ်ကိုင်ရင်း သူ့ရဲ့ညီမ ၅ ယောက်နဲ့ မိခင်ကို ပြုစုစောင့်ရှောက်နေတာပါ။ ဒါပေမဲ့ သူချစ်ရတဲ့ Emily နဲ့ တွေ့ပြီးနောက်နှင့် လမ်းဘေးကြောင်လေး Peter ကို ကောက်ယူမွေးစားပြီးတဲ့နောက်မှာတော့ သူ့ဘဝက ပြောင်းလဲသွားပါတယ်။

ဒီဇာတ်ကားကတော့ ဒရမ်မာနှင့် အတ္ထုပ္ပတိဇာတ်ကားလေးဖြစ်ပါတယ်။

Source: Amaon Prime Video

Eternals

သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများကို ကြိုက်နှစ်သက်သူတွေအတွက် Eternals ဇာတ်ကားလေးကို လက်တို့ပေးချင်ပါတယ်။ ဒီဇာတ်ကားသည် နှစ်ပေါင်း ၃၅၀၀၀ သက်တမ်းရှိတဲ့ ဂြိုလ်သားများအကြောင်းကို ရိုက်ကူးထားတာပါ။

Source: Marvel Entertainment

Finch

မင်းသားကြီး Tom Hanks ကို Finch လို့ခေါ်တဲ့ စက်ရုပ်တီထွင်သူအင်ဂျင်နီယာတစ်ဦးအဖြစ် တွေ့မြင်ရမှာပါ။ သူ့မှာ Goodyear လို့ခေါ်တဲ့ အချစ်တော်ခွေးလေးလည်းရှိပါတယ်။ သူသည် နာမကျန်းဖြစ်လာပြီး သူ့ခွေးလေးကို မကြည့်ရှုနိုင်တော့တဲ့အချိန်မှာ သူ့ခွေးလေးကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် စက်ရုပ်လေးတစ်ရုပ်ကို တီထွင်ဖန်တီးခဲ့ပါတယ်။ ထိုစက်ရုပ်လေးကတော့ Jeff ပါ။

Goodyear တစ်ကောင်တော့ သူ့သခင်အသစ်နဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားအမြည်းလေးကြည့်ရင်း ခန့်မှန်းကြည့်လိုက်ပါ။

Source: AppleTV