ရုပ်ရှင်ချစ်သူ ပရိသတ်များအတွက် ဒီတစ်ခါမှာတော့ နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ ဘယ်လိုဇာတ်ကားကောင်း ဇာတ်ကားသစ်များ ထွက်ရှိလာမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ရိုမန့်ချစ်သူများအတွက် ရိုမန့်ဇာတ်ကားကောင်းတွေလည်း ပါသလို အက်ရှင်ချစ်သူများအတွက်လည်း အက်ရှင်ဇာတ်ကား၊ သည်းထိတ်ရင်ဖိုချစ်သူများအတွက်လည်း သည်းထိတ်ရင်ဖိုဇာတ်ကားသစ်များပါ ပါဝင်ပါတယ်။

ဇာတ်ကားအညွှန်းနဲ့ အမြည်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်။

Clifford The Big Red Dog

Emily Elizabeth လို့အမည်ရတဲ့ အလယ်တန်းကျောင်းသူတစ်ယောက်သည် တိရစ္ဆာန်ကယ်ဆယ်သူတစ်ယောက်ဖြစ်တဲ့ John Cleese နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ John သည် Emily အား ခွေးအနီဗရာင်ပေါက်စလေးတစ်ယောက် လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ထိုခွေးသည် ဧရာမခွေးနီကြီးအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ Emily တစ်ယောက် ဘယ်လိုပြုမူမလဲဆိုတာကို ဇာတ်ကားအမြည်းလေး ကြည့်ရှုခံစားကြည့်လိုက်ပါ။

Source: Paramount Pictures

Passing

၁၉၂၀ ခုနှစ်ကို ဆက်တင်ထားပြီး ဇာတ်ကားရိုက်ကူးထားတာဖြစ်ပါတယ်။ လူမဲအမျိုးသမီးတစ်ဦးသည် သူမရဲ့ငယ်သူငယ်ချင်းလူဖြူအမျိုးသမီးနဲ့ ပြန်လည်တွေ့ဆုံတဲ့အခါ သူ(မ)ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Source: Netflix

Love Is Love Is Love

အချစ်ဟာသ ဒရာမာဇာတ်ကားများ နှစ်သက်သူတွေအတွက် ဒီဇာတ်ကားသစ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ စုံတွဲတိုင်းမှာ ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဖော်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Blue Fox Entertainment

Home Sweet Home Alone

ခရစ်စမတ်ရောက်ခါနီးပြီဆိုရင် Home Alone ဇာတ်ကားတွေ ကြည့်ရင်း အပန်းဖြေအနားယူလေ့ရှိပါသလား။ Home Alone ဇာတ်ကားဟောင်းတွေပဲ ကြည့်ရတာ ငြီးငွေ့နေလောက်ပြီပေါ့။ ဒီတစ်ခါမှာတော့ Home Sweet Home Alone ဆိုတဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့လာခဲ့ပါပြီ။ ရုပ်ရှင်ပရိသတ်တွေ စောင့်ရကျိုးနပ်စေမယ့် ဇာတ်ကားတစ်ကားပါ။

Souce: 20th Century Studios

Multiverse

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေအတွက် Multiverse ဇာတ်ကားအသစ်လည်း ထွက်ရှိလို့လာပါတော့မယ်။ အနန္တစကြာဝဠာထဲမှာ သင့်ရဲ့မူကွဲအမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်ပြီး ထိုမတူညီတဲ့သင်မူကွဲတွေထဲကမှ တစ်ယောက်တည်းသာ ရှင်သန်ကျန်ရစ်ခဲ့ရမှာဖြစ်ပါတယ်။ သင်သည် သင့်ရဲ့မူကွဲအမျိုးမျိုးနဲ့ အသက်ရှင်ဖို့ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ ဒီဇာတ်ကားသည်လည်း ထိုကဲ့သို့သော ခံစားချက်ကို ခံစားရစေမှာပါ။

Source: Saban Films

Tick, Tick…Boom!

ဇာတ်ကားလည်းကြည့်ချင်တယ် သီချင်းလည်း နားထောင်ချင်တယ်ဆိုရင်တော့ ဒီ Musical Drama လေးက သင့်ကို အကြိုက်တွေ့စေမှာပါ။ ပရိသတ်တွေရဲ့အချစ်တော် Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်ကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Netflix

The Accursed

ကြောက်တတ်သူများ မကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။ Hana ဆိုတဲ့အမျိုးသမီးသည် သူ(မ)ရဲ့မိသားစုပေါ်မှာ ကျရောက်နေတဲ့ ကျိန်စာနဲ့ အနှစ် ၂၀ တိုင်တိုင် ယှဉ်တွဲနေထိုင်ခဲ့ရတာပါ။ ထိုကျိန်စာကြောင့် သူ(မ)သည် အသတ်ခံရခြင်း (သို့) အခြားသူကို ချိန်းခြောက်သတ်ဖြတ်ခြင်းကို ပြုလုပ်နေမှာဖြစ်ပါတယ်။ ထိုကျိန်စာကနေ သူ(မ) လွတ်မြောက်နိုင်ပါ့မလား။ ရုပ်ရှင်အမြည်းလေး ကြည့်ရှုခံစားလိုက်ပါ။

Source: BD Horror Trailers And Clips