ဇာတ်ကားသစ်များကို စောင့်ဆိုင်းနေကြတဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် ဒီတစ်ခါမှာတော့ နိုဝင်ဘာလတတိယပတ်အတွင်းမှာ ဘယ်လိုဇာတ်ကားကောင်းအသစ်တွေ ထွက်ရှိလာမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ရုပ်ရှင်ဇာတ်ကားသစ်များ ကြည့်ရှုရင်း ဘဝအမောများ ဖြေဖျောက်ကာ စိတ်ဖိစီးစရာများကို မေ့ပျောက်ထားလိုက်ကြရအောင်လား။

Ghostbusters: Afterlife

ကလေးနှစ်ယောက်ကို Single Mom အနေနဲ့ ကြည့်ရှုစောင့်ရှောက်နေရတဲ့ အမျိုးသမီးတစ်ယောက်သည် သူမရဲ့ကလေးနှစ်ယောက်နဲ့ မြို့ငယ်လေးဆီ ပြောင်းရွေ့လာကြပါတယ်။ ထိုမြို့လေးနဲ့ သူတို့အဘိုးချန်ထားခဲ့တဲ့ လျှို့ဝှက်အမွေက ဘယ်လိုဆက်စပ်နေမလဲ။ ဟာသ၊ စွန့်စားခန်း၊ အက်ရှင်ဇာတ်ဝင်ခန်းဖြစ်တဲ့အပြင် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲဖြစ်တာကြောင့် ထိုဇာတ်ကားမျိုး ကြည့်ချင်နေသူတွေအတွက် အကြိုက်တွေ့စေမှာပါ။

Source: Sony Pictures Entertainment

King Richard

Richard Williams လို့ အမည်ရတဲ့ အမျိုးသားဆီမှာ တင်းနစ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာများ မရှိပေမယ့် တင်းနစ်အကျော်အမော်ဖြစ်လာမယ့် Serena Williams နဲ့ Venus Williams ကို ဘယ်လိုအောင်မြင်အောင် ထိန်းကျောင်းလေ့ကျင့်ပေးခဲ့သလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဖြစ်ရပ်မှန်အတ္ထုပ္ပတိဇာတ်လမ်းမျိုးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Source: Warner Bros. Pictures

Black Friday

သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ကျေးဇူးတော်ပွဲညမှာ စတိုးဆိုင်ဝန်ထမ်းများသည် သူတို့ရဲ့ဆိုင်ကို ပုံမှန်ပြုလုပ်နေကြအတိုင်းပဲ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေကြပါတယ်။ ဖြစ်ချင်တော့ ဂြိုလ်သားတစ်ကောင်သည် သူတို့ဆိုင်နားသို့ ဥက္ကာခဲနဲ့အတူ လွှင့်ပါလာပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထွက်တဲ့အခါ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ပါ။

Source: Screen Media Films

Alpha Rift

Nolan တစ်ယောက်သည် သူ့ရဲ့ကံကြမ္မာအရ သူရဲကောင်းဖြစ်လာမယ့်သူပါ။ သာမန်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ Nolan သည် သူရဲကောင်းတစ်ယောက်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ Alpha Rift ထဲတွင် စောင့်ကြည့်နိုင်ပါတယ်။

Source: Vertical Entertainment US

13 Minutes

ဇာတ်ကားနာမည်က 13 Minutes ဆိုတဲ့အတိုင်းပဲ မိသားစုလေးစုသည် ကြီးမားတဲ့ လေဆင်နှာမောင်း ကျရောက်တော့မှာဖြစ်ကြောင်း သတိပေးချက်ကို ကြားရပြီးတဲ့နောက်မှာတော့ လုံခြုံတဲ့အမိုးအကာအောက်ဆီသို့ ပြောင်းရွေ့ဖို့အတွက် အချိန် ၁၃ မိနစ်အတွင်း ကြိုးစားရမှာဖြစ်ပါတယ်။

Source: Movie Trailers Source

Pups Alone

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ Pups Alone ကို ကြည့်နိုင်တော့မှာပါ။ အိမ်ပိုင်ရှင်တွေက စကိတ်စီးဖို့ထွက်သွားကြတဲ့အခါ သူတို့ရဲ့ခွေးလေးတွေက အိမ်ဖောက်ဖို့ ကြံနေကြတဲ့သူခိုးတွေကို ဘယ်လိုပညာပေးမလဲဆိုတာကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Source: Paramount Movies

Featured Image Source: Lightfieldstudios.net