ရုပ်ရှင်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ထွက်ရှိသွားမယ့် ဇာတ်ကားသစ်များအကြောင်း ဝေမျှပေးချင်ပါတယ်။ ဇာတ်ကားအမျိုးအစား စုံလင်တာကြောင့် သူမတူတဲ့ ရသမျိုးစုံကို ကြည့်ရှုချင်သူများအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးစုံပေးစွမ်းနိုင်မယ့်အပြင် စိတ်အပန်းလည်း ပြေစေမှာပါ။

A Castle For Christmas

နာမည်ကြီး အမေရိကန်စာရေးဆရာမတစ်ဦးသည် စကော့တလန်ရှိ ရဲတိုက်တစ်ခုကို ဝယ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုရဲတိုက်ပိုင်ရှင်က အနည်းငယ်ဇီဇာကြောင်ပြီး သူ့ရဲ့ရဲတိုက်ကို အခြားသော နိုင်ငံခြားသားတစ်ယောက်ထံ ရောင်းချချင်နေတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ A Castle For Christmas မှာ ကြည့်ရှုနိုင်ပါတယ်။

Source: Netflix

‘Twas The Fight Before Christmas

ခရစ်စမတ်ကို အင်မတန်ချစ်မြတ်နိုးပြီး ခရစ်စမတ်အတွက် မိမိအိမ်ကို အလှဆင်ရတာ ကြိုက်နှစ်သက်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ Jeremy Morris တစ်ယောက် ရပ်ကွက်သစ်သို့ ပြောင်းရွေ့သွားတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာနဲ့ ကြုံတွေ့ရပါတော့တယ်။ မှတ်တမ်းရုပ်ရှင်ပုံစံ ရိုက်ကူးထားတာဖြစ်ပြီး သင့်ကို စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲခေါ်သွားမယ့် မှတ်တမ်းရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။

Source: AppleTV

Licorice Pizza

ကမ္ဘာကျော်စတားတွေဖြစ်တဲ့ Bradley Cooper ၊ Alana Haim ၊ Skyler Gisondo တို့အပြင် အခြားသော ရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ်အောင်မြင်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့အကြောင်းကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။

Source: MGM

An Intrusion

သည်းထိတ်ရင်ဖိုပရိသတ်များအတွက် ဒီတစ်ပတ်မှာလည်း စိတ်မပျက်သွားစေဖို့ရန်အတွက် An Intrusion ဆိုတဲ့ ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ Sam နဲ့ သူ့မိသားစုကို နောက်ယောင်ခံစိတ္တဇလူသတ်သမားက လိုက်ပြီး ဒုက္ခပေးနေသလဲ။ ဘာ့ကြောင့် ဒုက္ခပေးနေသလဲဆိုတာကိုတော့ ရုပ်ရှင်ချစ်ပရိသတ်များပဲ ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။

Source: BD Horror Trailers and Clips

Ayar

Ayar ဆိုတဲ့ အမျိုးသမီးသည် အမေရိကန် လက်တင်ကပြားပဲဖြစ်ပါတယ်။ သူ(မ)ရဲ့အနုပညာလုပ်ငန်းက ထင်သလောက် မအောင်မြင်တော့တဲ့အခါ သူ(မ)ရဲ့ ၅ နှစ်သမီးလေးရှိရာ Las Vegas ဆီသို့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့အမေလည်းဖြစ် ကလေးမလေးရဲ့အဘွားလည်းဖြစ်သူက ကိုဗစ်ကို အကြောင်းပြပြီး Ayar နဲ့ သူ့သမီးကို ပေးမတွေ့စေခဲ့ပါဘူး။ တကယ်ပဲ ကိုဗစ်ကြောင့် ပေးမတွေ့တာလား။ Ayar ကရော သူ့သမီးလေးနဲ့ တွေ့အောင် ဘယ်လိုကြိုးစားမလဲ။

Source: Movie Trailer 4K

House Of Gucci

ဒီဇာတ်ကားလေးကတော့ အီတလီနိုင်ငံရဲ့ထိပ်တန်းဒီဇိုင်နာထုတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Gucci ရဲ့ မိသားစုနောက်ခံသမိုင်းကြောင်းကို အခြေတည်ကာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သင်သည်လည်း Gucci ရဲ့ အမာခံပရိသတ်တစ်ဦးဆိုရင်တော့ ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့ကောင်းမှာအမှန်ပါပဲ။

Source: MGM

Lady Buds

LGBTQ ထောက်ခံလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးများသည် ဆေးခြောက်များကိုတရားဝင်စိုက်ပျိုးကာ ဆေးခြောက်ကုန်သွယ်ခြင်းကိုလည်း တရားဝင်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ တင်းကြပ်တဲ့ ဥပဒေအသစ်ကြောင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Documentary World