အားလုံးပဲ မင်္ဂလာပါ။ ရုပ်ရှင်ချစ်သူပရိသတ်များအတွက် ယခုတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းပြီး စိတ်အပန်းပြေစေမယ့် ဇာတ်ကားသစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားသစ်၊ ဇာတ်ကားကောင်းများကြည့်ရင်း တစ်နေ့တာဘဝအမောများ ပြေနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

God’s Not Dead: We The People

ဒီကားရဲ့ကြာချိန်ကတော့ ၁ နာရီနဲ့ ၃၁ မိနစ်ဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ကမှ အသစ်ထွက်ရှိထားတာပါ။ ဇာတ်ကားနမူနာလေးကို အမြည်းကြည့်ရှုလိုက်ရအောင်။

Source: God’s Not Dead

There’s Someone Inside Your House

သည်းထိတ်ရင်ဖိုဇာတ်ကားများ ကြိုက်နှစ်သက်သူတွေအတွက် ဒီဇာတ်ကားကို ညွှန်းချင်ပါတယ်။ ဒီကားကတော့ အောက်တိုဘာလ (၆) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဇာတ်ကားနမူနာလေးကို အမြည်းကြည့်ရှုလိုက်ရအောင်။

Source: Netflix

No Time To Die

အက်ရှင်ဇာတ်ကားများကို ကြိုက်နှစ်သက်သူများအတွက် No Time To Die က အမိုက်စား ဇာတ်ကားတစ်ကားလည်းဖြစ်သလို ပရိသတ်များရဲ့အချစ်တော် ဂျိမ်းဘွန်းဇာတ်ကားဆိုလည်း မမှားပါဘူး။

Source: James Bond 007

Detention

သည်းထိတ်ရင်ဖိုဇာတ်ကား ကြိုက်နှစ်သက်သူများအတွက် နောက်ထပ်ညွှန်းပေးချင်တဲ့ဇာတ်ကားကတော့ Detention ပဲဖြစ်ပါတယ်။ ဇာတ်ကားနမူနာလေးကို အမြည်းကြည့်ရှုလိုက်ရအောင်။

Source: 華文創MandarinVision

Muppets Haunted Mansion

သည်းထိတ်ရင်ဖိုဇာတ်ကားတွေပဲ အသစ်ထွက်နေတာလားဆိုပြီး စိတ်မညစ်လိုက်ပါနဲ့ Disney+ ကနေပြီးလည်း ကာတွန်းကားအသစ်ထပ်ထွက်ထားပါသေးတယ်။

Source: Disney Plus

The Gig Is Up

ဒီဇာတ်ကားသည်လည်း Documentary အမျိုးအစားပါပဲ။ ဆိုရှယ်မီဒီယာသည် Uber ၊ Amazon နဲ့ Deliveroo စတဲ့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများရှိ ဝန်ထမ်းတွေရဲ့ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနေသလဲဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Source: Dogwoof