ရုပ်ရှင်ဇာတ်ကားသစ်များကို ကြည့်ရှုရတာ နှစ်သက်တဲ့ ယောကျာ်းများအတွက် ဒီတစ်ခါမှာတော့ အောက်တိုဘာလ ဒုတိယပတ်အတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားအမျိုးအစားက တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့အတွက်ကြောင့် တစ်ကားနဲ့တစ်ကား မတူညီတဲ့ရသကို ခံစားရမှာဖြစ်ပါတယ်။

The Last Duel

Jean De Carrouges ဆိုတဲ့ နော်မန်စစ်သူရဲတစ်ဦးသည် စကော့တလန်တိုက်ပွဲမှ ပြန်ရောက်တဲ့အခါ သူ့ရဲ့အမျိုးသမီး Marguerite ကို ရှာဖွေခဲ့ပါတယ်။ သူ့မိန်းမကို ပြန်တွေ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် အဖြေရှာလို့ရပါပြီ။

Source: 20th Century Studios

Halloween Kills

သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူများအတွက်တော့ Halloween Kills က ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်မျိုးစုံနဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

Source: Universal Pictures

Demigod

ဒီဇာတ်ကားးသည်လည်း သည်းထိတ်ရင်ဖိုဇာတ်ကားအမျိုးအစားတစ်ခုပါပဲ။ ဇာတ်ကားနမူနာကို အမြည်းအနေနဲ့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Source: Movie Trailer

Breaking Them Up

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ Damien ဆိုသူကောင်လေးသည် သူ့မိဘများက တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်မရှိတော့ကြောင်းကို သိသွားတဲ့အခါ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ သူ့မိဘတွေကို အခြားသူများနဲ့ အောင်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ မိသားစု ဟာသဇာတ်ကားများ ကြိုက်နှစ်သက်သူများ သဘောကျမယ့် ကားမျိုးပါ။

Source: BlockBluster Trailers

Monster Family 2: Nobody is Perfect

Animation ဇာတ်ကားတွေ ကြိုက်နှစ်သက်သူများအတွက် Monster Family 2 သည်လည်း အသစ်ထွက်ရှိလာတော့မှာပါ။

Source: Viva Pictures

Needle In A Timestack

Nick နဲ့ Janine တို့ ချစ်သူစုံတွဲနှစ်ဦးသည် သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျောက်လှမ်းနေခဲ့ကြပါတယ်။ ဒါပေမဲ့ Janine ရဲ့ခင်ပွန်းဟောင်းက သူတို့ဘဝထဲ ပြန်လည်ဝင်ရောက်ကာ သူတို့ကို မကွဲ ကွဲအောင် လိုက်ခွဲပါတော့တယ်။ ဘယ်လိုနည်းလမ်းနဲ့ လိုက်ခွဲသလဲ Nick နဲ့ Janine ရဲ့အချစ်တွေကရော ရေရှည်ခိုင်မြဲနိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေး ကြည့်ရင်း အဖြေရှာကြည့်လိုက်ပါ။

Source: ONE Media

The Worst Person In The World

အချစ်ဟာသဇာတ်ကားများကို ကြိုက်နှစ်သက်သူတွေအတွက် The Worst Person In The World ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။

Source: NEON

The Grand Duke of Corsica

တကယ့်အနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒရမ်မာကားကောင်းတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို လက်မလွတ်တမ်းကြည့်ရှုသင့်ပါတယ်။

Source: Movieclips Indie

Introducing Selma Blair

Documentary ရုပ်ရှင်အမျိုးအစား ကြိုက်နှစ်သက်သူများအတွက် Introducing Selma Blair နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Source: discovery plus

Held For Ransom

ဒီဇာတ်ကားကတော့ ဒိန်းမတ် ဓာတ်ပုံဂျာနယ်လစ်သမား Daniel Rye ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူသည် စီးရီးယားတွင် ၃၉၈ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းခံထားရစဉ် ကြုံတွေ့ရသည်များကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Source: Movieclips Indie