အားလုံးပဲ မင်္ဂလာပါ။ ရုပ်ရှင်ချစ်သူပရိသတ်များအတွက် ယခုတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းပြီး စိတ်အပန်းပြေစေမယ့် ဇာတ်ကားသစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားသစ်၊ ဇာတ်ကားကောင်းများကြည့်ရင်း တစ်နေ့တာဘဝအမောများ ပြေနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Warning

ဒီဇာတ်ကားကတော့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ကမ္ဘာ့မုန်တိုင်းကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လျှပ်စစ်ဓာတ်အားများသည် ထိန်းချုပ်မှုမဲ့ကာ အသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နေသလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်ကြည့်ရှုရမှာဖြစ်ပါတယ်။

Source: Movie Trailers Source

The Harder They Fall

ဒီတစ်ခါမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကတော့ Limited အနေနဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး Netflix မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ကျမှ ခံစားကြည့်ရှုနိုင်မှာပါ။

Source: Netflix

The Subject

ဒီဇာတ်ကားသည်လည်း အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ အောင်မြင်တဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာဖြစ်သူ Jason Biggs သည် သူ့ရဲ့ရုပ်ရှင်တိပ်ခွေထဲကတဆင့် မှုခင်းတစ်ခုကို မှတ်တမ်းတင်မိလျက်သားဖြစ်နေတာကို တွေ့ရပါတယ်။ သူသည်လည်း သူ့ရဲ့မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးနေစဉ်မှာ သူ့ရဲ့လှုပ်ရှားမှုတွေကို တစ်စုံတစ်ယောက်က ရိုက်ကူးထားပါတယ်။ ဘယ်သူကများ ဘာရည်ရွယ်ချက်နဲ့ ရိုက်ကူးသလဲဆိုတာကို ရုပ်ရှင်ချစ်သူများလည်း ကိုယ်တိုင်အဖြေရှာကြည့်နိုင်ပါတယ်။

Source: ComingSoon.net

The Estate

ဟာသဇာတ်ကားမျိုး နှစ်သက်သူတွေအနေနဲ့ အကြိုက်တွေ့မယ့် The Estate ဇာတ်ကားဖြစ်ပါတယ်။

Source: Movie Coverage

Rhapsody Of Love

ရိုမန့်တစ်လည်း ဆန်ရမယ် အချစ်ဟာသဇာတ်ကားလေးလည်းဖြစ်၊ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားမျိုးကို မျှော်လင့်တောင့်တနေသူတွေအတွက် Rhapsody Of Love သည်လည်း အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

Source: Movie Coverage

Ron’s Gone Wrong

Animation ဇာတ်ကားကောင်းတွေကို နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ Ron’s Gone Wrong ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စက်ရုပ်နဲ့ လူသားတို့အကြား ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ တကယ်စစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်မျိုး ပိုင်ဆိုင်သွားနိုင်မလားဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရင်း အဖြေရှာကြည့်လိုက်ပါ။

Source: 20th Century Studios