ရုပ်ရှင်ဇာတ်ကားသစ်များကို ကြည့်ရှုရတာ နှစ်သက်တဲ့ ယောကျာ်းများအတွက် ဒီတစ်ခါမှာတော့ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားအမျိုးအစားက တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့အတွက်ကြောင့် တစ်ကားနဲ့တစ်ကား မတူညီတဲ့ရသကို ခံစားရမှာဖြစ်ပါတယ်။

A Mouthful Of Air

Julie Davis ဆိုသူသည် ရောင်းအားအကောင်းဆုံးကလေးစာအုပ်များကို ရေးသားတဲ့စာရေးဆရာတစ်ယောက်ပါ။ သူ(မ)မှာ သူ(မ) ချစ်ရတဲ့ ခင်ပွန်းနဲ့ ကလေးလေးတစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့စာအုပ်တွေသည် ကလေးတွေရဲ့အကြောက်တရားကို ဖယ်ရှားဖို့ရန်အတွက် ရေးသားလေ့ရှိပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ကိုယ်ပိုင်အကြောက်တရားကိုတော့ သူ(မ)ရင်မဆိုင်ရဲတဲ့အခြေအနေပါ။ သူ(မ)ရဲ့ဒုတိယမြောက်ကလေး မွေးဖွားပြီးတဲ့အခါမှာတော့ သူ(မ)ရဲ့အကြောက်တရားကို ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ ဘယ်လိုဆက်ဖြစ်မလဲသိချင်ရင်တော့ A Mouthful Of Air ဇာတ်ကား ထွက်ရှိလာတဲ့အခါ ဆက်ကြည့်လိုက်ပါ။

Source: Sony Pictures Entertainment

Last Night In Soho

သည်းထိတ်ရင်ဖိုဇာတ်ကားများ ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်ကားသည် စိတ်လှုပ်ရှားမှုမျိုးစုံကို ပေးစွမ်းပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Source: Focus Features

Later Days

အချစ်ဟာသဇာတ်ကားများ ကြိုက်နှစ်သကသူတွေအတွက် ဒီဇာတ်ကားသည် စိတ်ပြေလက်ပျောက်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအမြည်းလေးကို ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Source: Film Threat

Snakehead

Tse သည် လူမှောင်ခိုကူးတဲ့ Snakehead ကနေတဆင့် နယူးယောက်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ(မ)သည် နယူးယောက်ခ်သို့ ဘာ့ကြောင့် တရားမဝင် ဝင်ရောက်လာတာလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်း အဖြေရှာနိုင်ပါတယ်။ အက်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ခုပါ။

Source: Samuel Goldwyn Films

Violet

Violet ဆိုတဲ့ကောင်မလေးသည် သူ(မ)ရဲ့အတွေးများက သူ(မ)ကို ပိတ်လှောင်ထားတယ်ဆိုတာကို သိရှိသွားတဲ့အခါ ထိုအတွေးများကို ဆက်မတွေးဘဲ သူ(မ)ဘဝကို ဘယ်လိုပြန်လည်တည့်မတ်မဲဆိုတာကို ဒီဇာတ်ကားလေးက ကြည့်ရှုနိုင်ပါတယ်။ သူ(မ)ကိုရော ဘယ်သူတွေက လက်ကမ်းပြီး ကူညီပေးနေမလဲ။

အချစ်ဒရမ်မာဇာတ်ကားများ ကြိုက်နှစ်သက်သူတွေအတွက် ကျေနပ်အားရစေမယ့် ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။

Source: Movieclips Indie

Featured Image Source: The New York Times