တစ်နေ့တာလုံး ပင်ပန်းသမျှတွေကို ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေလေ့ရှိကြတဲ့ ရုပ်ရှင်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ဇူလိုင်လအတွင်း အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကောင်းများကို ညွှန်းချင်ပါတယ်။ ရုပ်ရှင်အမျိုးအစားလည်း စုံလင်တာကြောင့် ရုပ်ရှင်ချစ်သူများအားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

(1) Black Widow

Natasha Romanoff ရဲ့ပရိသတ်များအတွက် ဇူလိုင်လ (၉) ရက်နေ့မှာ Black Widow ဇာတ်ကားအသစ် ထွက်ရှိဖို့ရှိပါတယ်။

Source: Screen Culture

(2) The Boss Baby: Family Business

Boss Baby (1) ကို အားလုံးပဲ ကြည့်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒီဒုတိယတစ်ကားကလည်း အမိုက်စားပဲဆိုတာ ထွေလာကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Source:Movie Trailer Source

(3) Twist

Charles Dickens ရဲ့ဝတ္ထုတစ်ခုဖြစ်တဲ့ Oliver Twist ကို ယနေ့ခေတ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပုံဖောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Source: Sky TV

(4) Jungle Cruise

Dwayne Johnson နဲ့ Emily Blunt ပရိသတ်များအတွက် စွန့်စားခန်း အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Jungle Cruise ကတော့ ဇူလိုင်လ (၃၀) ရက်နေ့မှာ စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Source:Walt Disney Studios

(5) Escape Room: Tournament Of Champions

လူ (၆) ယောက်က အခန်းတွေ အများကြီးထဲကနေ အသက်ရှင်ရက် လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးစားမလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Source: Sony Picture Entertainment

(6) Till Death

သည်းထိတ်ရင်ဖို ဇာတ်ကား ကြိုက်နှစ်သက်သူများအတွက် Till Death က ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့မှာ ထွက်ရှိမှာပါ။

Source: ONE Media

(7) Old

အပူပိုင်းကမ်းခြေတစ်ခုပေါ်သို့ အားလပ်ရပ်ခရီးထွက်ခဲ့တဲ့ မိသားစုသည် နာရီပိုင်းလောက် ကမ်းခြေမှာ အနားယူပြီးတဲ့နောက်မှာတော့ နာရီပိုင်းအတွင်း တဖြည်းဖြည်းအသက်ကြီးသွားခြင်းနှင့် အခြားသော ထူးဆန်းတဲ့အရာများကို ကြုံတွေ့ရတဲ့နောက်မှာတော့ ထိုကမ်းခြေပေါ်ကနေ ထွက်ခွာဖို့ ကြိုးစားကြပါတယ်။ သူတို့ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇူလိုင်လ ၂၃ ရက်နေ့ကျမှပဲ အဖြေရှာနိုင်မှာပါ။

Source: Universal Pictures

(8) Space Jam: A New Legacy

ပျောက်သွားတဲ့ သူ့ရဲ့သားကို လိုက်ရှားဖို့အတွက် ကွန်ပျူတာစနစ်ထဲ ဝင်ရောက်သွားကာ ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အဖေတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူ့သားကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ဇူလိုင်လ ၁၆ ရက်နေ့မှာ ကြည့်ရှုနိုင်ပါလိမ့်မယ်။

Source: IGN

(9) The Forever Purge

အက်ရှင်ကား ကြည့်ချင်သူတွေအတွက် The Forever Purge ကလည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇူလိုင်လ (၂) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Source: Universal Pictures

(10) Gunpowder Milkshake

Sam တစ်ယောက် သူ့အမေရဲ့စွန့်ပစ်ခြင်းကို ခံရပြီးတဲ့နောက်မှာတော့ သူ့အမေ အလုပ်လုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းတစ်ခုက သူမကို ခေါ်ယူစောင့်ရှောက်ထားလိုက်ပါတယ်။ ၁၅ နှစ်ကြာတဲ့အခါမှာတော့ Sam တစ်ယောက် ထိုအဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးရင်း (၈) နှစ်အရွယ်ကလေးမလေး တစ်ယောက်ကို ကယ်တင်ဖို့အကြောင်းဖန်လာပါတယ်။ Sam တစ်ယောက် သူမကို မွေးစားခဲ့တဲ့အဖွဲ့အစည်းနဲ့ ကလေးငယ်လေးကြား ရွေးရခက်ကာ ဗျာများနေပါတော့တယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ (၁၄) ရက်နေ့မှာ စတင်ကြည့်ရှုခံစားနိုင်ပါပြီ။

Source: ONE Media