၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီမှာ နည်းပညာသစ်တွေနဲ့ Features သစ်တွေ ပါဝင်တဲ့ စမတ်ဖုန်းသစ်တွေ မြင်ရတော့မှာပါ။ တချို့ဖုန်း Brands တွေကဆို ထွက်မယ့် မော်ဒယ်နဲ့ အချက်အလက်တချို့ပါ မျှဝေထားပြီ ဖြစ်ပါတယ်။ ဇန်နဝါရီမှာ ကြေညာဖို့ သေချာသလောက် ရှိတဲ့ ဖုန်းတွေထဲက စိတ်လှုပ်ရှားစရာဖုန်းတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Lenovo Legion Y90

Lenovo-Legion-Y90

Photo: pipanews

Gamer တွေ အတွက် အထူးထုတ်ထားတဲ့ Lenovo ရဲ့ Gaming စမတ်ဖုန်း Legion Y90 ကို ဒီလထဲ တရုတ်ဈေးကွက်မှာ ကြေညာသွားဖို့ ရှိပါတယ်။ Legion Y90 ဖုန်းရဲ့ အဓိက Specs နဲ့ ဖုန်းဒီဇိုင်းအကြောင်း သတင်းတွေ ပလူပျံနေအောင် ထွက်ထားပြီးသားပါ။ ဒီဖုန်းက အရင်ထွက်ပြီးသား Legion Phone 2 Pro လိုမျိုး ဘေးဘောင် Pop Up ဆယ်လ်ဖီကင်မရာ ဒီဇိုင်းပဲ သုံးလာဖို့ ရှိပြီး Samsung ထုတ် E4 AMOLED display အမျိုးအစားသုံး ၆.၉၂ လက်မ Screen နဲ့ လာဖို့ ရှိပါတယ်။

High-End Gaming ဖုန်းဖြစ်တဲ့အတိုင်း 144Hz Refresh Rate ၊ 720Hz Touch Sampling Rate စတဲ့ အမြင့်တန်း Display စွမ်းဆောင်ရည်တွေ ပါဝင်လာနိုင်ပါတယ်။ Legion Phone 2 Pro မှာ ပါတဲ့ Double Turbo Fan အအေးပေးနည်းပညာလိုမျိုး ဒီဖုန်းမှာလည်း Double Engine Air Cooling နည်းပညာ သုံးလာနိုင်ပါတယ်။ ၂၀၂၂ မော်ဒယ်ဆိုပေမယ့် အရင်နှစ်က ထွက်ခဲ့တဲ့ Snapdragon 888 SoC ပဲ ဆက်သုံးလာမယ်လို့ သတင်းထွက်နေတဲ့အချက်ကတော့ စောင့်ကြည့်ရမှာပါ။

(၂) Realme GT 2

Realme GT 2 goes official with paper-like back

Photo: GSMArena

ဒီတစ်ပတ်ထဲမှာကို Realme ရဲ့ Flagship စီးရီး ဖုန်းသစ် Realme GT 2 တွေ ထွက်လာဖို့ ရှိပါတယ်။ Realme GT 2 စီးရီးမှာ Realme GT 2 နဲ့ GT 2 Pro တို့ ပါလာမှာပါ။ Pro မော်ဒယ်ဟာ ကင်မရာအသားပေးဖုန်းဖြစ်ပြီး ၂၀၂၁ အကုန်က ထွက်ခဲ့တဲ့ နောက်ဆုံးပေါ် Qualcomm ရဲ့ Flagship SoC သစ် Snapdragon 8 Gen 1 Chipset နဲ့ လာမှာပါ။ Realme GT 2 ကတော့ မျက်နှာပြင် ၆.၆၂ လက်မ AMOLED display ၊ FHD+ ရုပ်ထွက်နဲ့ 120Hz Refresh Rate တို့ သုံးလာမှာပါ။

မျက်နှာပြင် ၆.၇ လက်မအရွယ် Realme GT 2 Pro ဟာ QHD+ AMOLED Screen ၊ 120Hz Refresh Rate ပါရှိမှာ ဖြစ်ပြီး ဖုန်းမော်ဒယ်နှစ်မျိုးစလုံးမှာ မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါလာမှာဖြစ်ပါတယ်။ ရိုးရိုး Realme GT 2 ဟာ Snapdragon 888 SoC သုံးလာနိုင်ပါတယ်။ Realme GT 2 စီးရီးတွေဟာ အကြီးစားဘက်ထရီနဲ့ 65W Fast harging အထောက်အပံ့ပေးလာမှာပါ။ Pro မော်ဒယ်မှာ 50MP ကင်မရာနှစ်လုံးနဲ့ Telelens တစ်ခု ပါမယ်လို့ သတင်းထွက်နေပါတယ်။

(မှတ်ချက်။ ဒီစာကို ရေးပြီးမှာပဲ Realme GT 2 စီးရီးတွေ ထွက်လာပါတယ်။ Relame GT 2 က ယွမ် ၂၇၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) နဲ့ GT 2 Pro က ယွမ် ၃၉၀၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးတွေနဲ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်)

(၃) iQOO 9/9 Pro

iQOO 9 Pro

Photo: GSMArena

ဇန်နဝါရီလ ၅ ရက်နေ့မှာ iQOO 9 စီးရီး တရားဝင် ထွက်မယ်လို့ ဆိုပါတယ်။ iQOO 9 နဲ့ 9 Pro တို့ဟာ နောက်ဆုံးပေါ် Snapdragon 8 Gen 1 SoC သုံးထားပြီး မော်ဒယ်နှစ်မျိုစလုံးဟာ 120Hz Refresh Rate ပါ ၆.၇၈ လက်မ AMOLED Screen နဲ့ လာဖို့ ရှိပါတယ်။ iQOO 9 ဟာ FHD+ ပါ Flat Screen နဲ့ လာပြီး Pro မော်ဒယ်မှာ QHD+ ရုပ်ထွက်ပါ မှန်ခုံး Curved ဒီဇိုင်း သုံးလာမှာပါ။
iQOO 9 စီးရီးဟာ Samsung GN5 Sensor တစ်ခု ပါရှိပြီး သုံးလုံးတွဲကင်မရာစနစ်နဲ့ ထွက်လာဖို့ ရှိပါတယ်။ Pro မော်ဒယ်မှာ 50MP Samsung JN1 အရန် Sensor နဲ့ 16MP Telephoto Lens သုံးလာနိုင်ပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 4700mAh သုံးပြီး 120W Fast Charging Support ပေးလာဖို့ ရှိပါတယ်။

(၄) Xiaomi 11i

Xiaomi 11i

Photo: xiaomiplanet

Redmi Note 11 Pro+ ကို ပြန်ပြီး အပြောင်းအလဲ နည်းနည်းလုပ်ထားတယ်လို့ သတင်းထွက်နေတဲ့ Xiaomi 11i HyperCharge ကို ဇန်နဝါရီ ၆ ရက်နေ့ အိန္ဒိယဈေးကွက်မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ Xiaomi 11i HyperCharge ဟာ မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ Samsung ထုတ် AMOLED Screen သုံးပြီး 120Hz Refresh Rate ပါရှိမှာပါ။ MediaTek Dimensity 920 SoC နဲ့ လာပြီး ကျောဘက်မှာ အကြီးစား 108MP Main Sensor ၊ 8MP နဲ့ 2MP Triple Camera Setup သုံးလာဖို့ ရှိပါတယ်။ ဘက်ထရီပါဝါ 4500mAh အားဖြစ်ပြီး 120Hz Refresh Rate သုံးလာနိုင်ပါတယ်။

(၅) OnePlus 10

OnePlus-10-Pro

Photo: Gizmochina

ဇန်နဝါရီလမှာ ထွက်လာမယ့် ဖုန်းတွေထဲမှာ စမတ်ဖုန်းပရိသတ်တွေ စောင့်နေကြတဲ့ ဖုန်းတစ်လုံးက OnePlus 10 Series ပဲ ဖြစ်ပါတယ်။ Flagship Fighter တွေအဖြစ် ရပ်တည်ခဲ့တဲ့ OnePlus ဟာ နောက်ပိုင်းမှာ ပရီမီယံဖုန်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းလာနိုင်ပြီလို့ ဆိုရမှာပါ။ ဇန်နဝါရီလ ၁၁ ရက်နေ့ တရုတ်‌ဈေးကွက်မှာ ကြေညာသွားဖို့ရှိတဲ့ ဒီစီးရီးမှာ OnePlus 10 Pro ဟာ Screen Size ၆.၇ လက်မ QHD+ AMOLED display နဲ့ 120Hz Refresh Rate သုံးလာဖို့ ရှိပါတယ်။

ရှေ့ဒီဇိုင်းဟာ အရင် OnePlus 9/9 Pro တို့လိုပဲ Punch-Hole Screen သုံးလာနိုင်ပါတယ်။ Hasselblad ကင်မရာနည်းပညာ သုံးလုံးတွဲကင်မရာစနစ်ဖြစ်တဲ့ 48MP + 50MP + 8MP အတွဲကို ဒီစီးရီးမှာ သုံးလာဖို့ ရှိပါတယ်။ Flagship ဖုန်းဖြစ်တဲ့အတိုင်း ၂၀၂၂ အန်းဒရိုက် Flagship SoC ဖြစ်တဲ့ Snapdragon 8 Gen 1 Processor ပါရှိဖို့ ရှိပါတယ်။ OnePlus 9T ကတော့ ဇန်နဝါရီ ၁၄ ရက်နေ့ အိန္ဒိယမှာ မိတ်ဆက်မှာပါ။ ဒီဖုန်းမှာ ၆.၆၂ လက်မ 120Hz Screen ၊ 50MP Triple Lens နဲ့ Snapdragon 888 SoC တွေ တွေ့ရဖို့ ရှိပါတယ်။

Featured Photo: Gizmochina