ဥေရာပေဘာလုံးနယ္ပယ္တခြင္ထဲကမွ မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ေရြးခ်ယ္အားေပးၾကတဲ႔ ယူႏုိက္တက္ဖန္ကြီးတုိ႔အ တြက္ ေနာက္ဆုံးရရွိထားတဲ႔ ယူႏုိက္တက္သတင္းထူးသတင္းဦးမ်ားအေၾကာင္းကုိ စုစည္းတင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပြဲထြက္ခြင့္ေတြ နည္းပါးလုိ႔ေနတဲ႔ အသက္၂၄ ႏွစ္အရြယ္ စပိန္ကြင္းလယ္ကစားသမား မားကုိစ့္ေလာ္ရန္ေတးကုိ လာမယ့္ေႏြရာသီမွာ ေခၚယူသြားဖုိ႔ ျပင္ဆင္ေနေပမယ့္လည္း ေလာ္ရန္ေတးကုိ အာဆင္နယ္အသင္းကပါ စိတ္ဝင္တစားရွိေနတာမုိ႔ အၿပိဳင္ကမ္းလွမ္းမႈေတြ ျပဳလုပ္လာရႏုိင္ပါတယ္။

Photo Credit : AS English – Diario AS

ေအဂ်က္စ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေနာက္ခံကစားသမားေလး ဒီလစ္ဟာ လာမယ့္ေႏြရာသီမွာ ခံစစ္ပုိင္းကုိ ျပဳျပင္သြားဖုိ႔ လုိအပ္ေနတဲ့ ယူႏုိက္တက္အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္လာခဲ႔ရေပမယ့္လည္း ဖခင္ျဖစ္သူရဲ႕ အဝလြန္ေနျခင္းေၾကာင့္ မ်ိဳးရုိးလုိက္ၿပီး အဝလြန္လာမွာကုိ စုိးရိမ္ေနတာမို႔ ကမ္းလွမ္းမႈေတြ ရုတ္သိမ္းလုိက္တယ္ဆိုတဲ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနပါတယ္။

Photo Credit : Telegrpah

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာနဲ႔ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကေန နာမည္ေက်ာ္ အီတလီလူမ်ိဳး ေဘာလုံးေအးဂ်င့္ျဖစ္သူ ရြိဳင္အုိလာကုိ ေအးဂ်င့္အျဖစ္ ေဆာင္ရြက္လုပ္ခြင့္ ၃ လပိတ္ပင္တားျမစ္လုိက္ျခင္းေၾကာင့္ ရြိဳင္အုိလာနဲ႔ ခ်ိတ္ဆက္ထားတဲ႔ ယူႏုိက္တက္ကြင္းလယ္ကစားသမား ေပါ့ဘာမွာ လာမယ့္ေႏြရာသီေစ်းကြက္အတြင္း ရီးရဲလ္မက္ဒရစ္အသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔ အခက္ႀကံဳလာရႏုိင္ပါတယ္။

Photo Credit : Sky Sports

ယူႏုိက္တက္အသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္သူ ေဒါ့မြန္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ေဂ်ဒင္ဆန္ခ်ိဳဟာ လာမယ့္ေဘာလုံးရာသီ ေဒါ့မြန္အသင္းမွာပဲ ဆက္လက္ရွိေနဦးမွာပဲျဖစ္တာေၾကာင့္ တျခားညာေတာင္ပံကစားသမားတစ္ေယာက္ကုိ ေျပာင္းလဲပစ္မွတ္ထားရႏုိင္ပါတယ္။ လက္ရွိမွာေတာ့ ယူႏုိက္တက္ဟာ ဆြမ္ဆီးကစားသမားေလး ဒင္နီရယ္ဂ်ိမ္းစ္ကုိ ေပါင္ ၁၅ သန္းနဲ႔ ေခၚယူသြားဖုိ႔ အရမ္းကုိ နီးစပ္လုိ႔ေနပါတယ္။

(Unicode)

ဥရောပဘောလုံးနယ်ပယ်တခွင်ထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းကို ရွေးချယ်အားပေးကြတဲ့ ယူနိုက်တက်ဖန်ကွီးတို့အတွက် နောက်ဆုံးရရှိထားတဲ့ ယူနိုက်တက်သတင်းထူးသတင်းဦးများအကြောင်းကို စုစည်းတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးလို့နေတဲ့ အသက်၂၄နှစ်အရွှယ် စပိန်ကွင်းလယ်ကစားသမား မားကိုစ့်လော်ရန်တေးကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေပေမယ့်လည်း လော်ရန်တေးကို အာဆင်နယ်အသင်းကပါ စိတ်ဝင်တစားရှိနေတာမို့ အပြိုင်ကမ်းလှမ်းမှုတွေ ပြုလုပ်လာရနိုင်ပါတယ်။

Photo Credit : AS English – Diario AS

အေဂျက်စ်အသင်းရဲ့ လူငယ်ကြယ်ပွင့် နောက်ခံကစားသမားလေး ဒီလစ်ဟာ လာမယ့်နွေရာသီမှာ ခံစစ်ပိုင်းကို ပြုပြင်သွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့ရပေမယ့်လည်း ဖခင်ဖြစ်သူရဲ့ အဝလွန်နေခြင်းကြောင့် မျိုးရိုးလိုက်ပြီး အဝလွန်လာမှာကို စိုးရိမ်နေတာမို့ ကမ်းလှမ်းမှုတွေ ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Telegrpah

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ကနေ နာမည်ကျော် အီတလီလူမျိုး ဘောလုံးအေးဂျင့်ဖြစ်သူ ရွိုင်အိုလာကို အေးဂျင့်အဖြစ် ဆောင်ရွှက်လုပ်ခွင့် ၃လပိတ်ပင်တားမြစ်လိုက်ခြင်းကြောင့် ရွိုင်အိုလာနဲ့ ချိတ်ဆက်ထားတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာမှာ လာမယ့်နွေရာသီစျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ အခက်ကြုံလာရနိုင်ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်သူ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျေဒင်ဆန်ချိုဟာ လာမယ့်ဘောလုံးရာသီ ဒေါ့မွန်အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာပဲဖြစ်တာကြောင့် တခြားညာတောင်ပံကစားသမားတစ်ယောက်ကို ပြောင်းလဲပစ်မှတ်ထားရနိုင်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဆွမ်ဆီးကစားသမားလေး ဒင်နီရယ်ဂျိမ်းစ်ကို ပေါင်၁၅သန်းနဲ့ ခေါ်ယူသွားဖို့ အရမ်းကို နီးစပ်လို့နေပါတယ်။