Zawgyi Version
ရိုးမားအသင္းကို အငွားနဲ႔ ေျပာင္းေရြ႕သြားတဲ႔ Henrikh Mkhitaryan (မက္ခီတာရန္း)
Source: Usa Today Post
အာဆင္နယ္ ကြင္းလယ္ကစားသမား Mkhitaryan (မက္ခီတာရန္း) ဟာ အီတလီ ကလပ္အသင္းတခုျဖစ္တဲ႔ ရိုးမားအသင္းကိုအငွားနဲ႔ ေျပာင္းေရြ႕သြားပါၿပီ။ရိုးမားအသင္းဟာ ကစား သမားအတြက္ အာဆင္နယ္အသင္းကို ေပါင္ ၃ သန္းေပးေခ်ခဲ႔ရၿပီး အငွာစာခ်ဳပ္ျပည္႔သြားရင္ တခါတည္း ဝယ္ယူခြင္႔ကိုပါ ထည္႔သြင္းခ်ဳပ္ဆိုထားတယ္လို႔ သိရပါတယ္။
မက္ခီတာရန္း ဟာ ၂၀၁၈ ခုနွစ္ ဇန္နဝါရီအေျပာင္းအေရြ႕ကာလမွာ မန္ယူအသင္းကေနျပီးေတာ႔ အာဆင္နယ္ကို ေျပာင္းေရြ႕လာခဲ႔တာပါ။ အာဆင္နယ္ အသင္းအတြက္ ၅၆ ပြဲကစားေပးထားျပီး ၉ ဂိုးသြင္းယူေပးထားပါတယ္။
ပါးမားအသင္းကို ေျပာင္းေရြ႕သြားတဲ႔ မန္ယူေနာက္ခံလူ Matteo Darmian (ဒါမီယန္)
Source: Sky Sports
Matteo Darmian (ဒါမီယန္) ဟာမန္ယူအသင္းအတြက္ ၄ နွစ္တာ ကစားေပးခဲ့ၿပီး ပါးမား အသင္းကို ေျပာင္းေရြ႕သြားခဲ႔ပါၿပီ။ ပါးမားအသင္းနဲ႔ ၄ နွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ ဆိုခဲ႔တယ္လို႔လည္း သိရပါတယ္။
အဆုိပါ ကစားသမားဟာ မန္ယူအသင္းကို တိုရီနို အသင္းကေန ၂၀၁၅ ခုနွစ္မွာ ေျပာင္းေရြ႕လာခဲ႔တာပါ။ မန္ယူအတြက္ ၉၂ ပြဲအထိ ကစားေပးခဲ႔ပါတယ္။ ဒါမီယန္ အတြက္ မန္ယူအသင္းဟာ ေပါင္ ၃.၆ သန္းခန္႔ ရရွိခဲ႔တယ္လို႔ သိရပါတယ္။
ဆီဗီလာအသင္းကို ေရာက္ရွိသြားတဲ႔ Javier Hernandez (ဟာနန္ဒက္ဇ္)
Source: Be In Sports
West Ham တိုက္စစ္မႈး ဟာနန္ဒက္ဇ္ ဟာ စပိန္ကလပ္ ဆီဗီလာ အသင္းကို ေပါင္ ၈ သန္းနဲ႔ ေျပာင္းေရြ႕သြားပါၿပီ။ West Ham အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၀ လခန္႔ က်န္ေသးေပမဲ႔ အခုလို ေျပာင္းေရြ႕သြားခဲ႔တာပါ။
၂၀၁၇ ခုနွစ္ ေလဗာကူဆင္ အသင္းကေန West Ham ကိုေျပာင္းေရြ႕လာၿပီးေနာက္ပိုင္း အသင္းအတြက္ ပြဲေပါင္း ၆၃ ပြဲကစားေပးခဲ့ၿပီး ၁၇ ဂိုးထိ သြင္းယူေပးခဲ႔ပါတယ္။ မန္ယူ နဲ႔ ရီးရဲ မက္ဒရစ္တို႔လို အသင္းႀကီးေတြမွာ ကစားဖူးတဲ႔ သူလည္းျဖစ္ပါတယ္။
စီးရီးေအ ကလပ္ Fiorentina ကိုေျပာင္းေရြ႕သြားတဲ႔ လီဗာပူးလူငယ္ကစားသမား Bobby Duncan
Source: Sky Sports
လီဗာပူးအသင္းရဲ႕ လူငယ္တိုက္စစ္မႈး Bobby Duncan ဟာ Fiorentina အသင္းကို ၃ နွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရြ႕သြားပါၿပီ။ ေနာက္ထပ္ ၂ နွစ္ထပ္တိုးခ်ဳပ္ဆိုခြင္႔ကို လည္း အသင္းဖက္က ထည္႔သြင္းခဲ႔တယ္လို႔ သိရပါတယ္။အဆိုပါ အသက္ ၁၈ နွစ္အရြယ္ တုိက္စစ္မႈးဟာ Steven Gerrard ရဲ႕ဝမ္းကြဲ ညီေတာ္စပ္ တဲ႔သူလည္းျဖစ္ပါတယ္။ Bobby ရဲ႕ေျပာင္းေရြ႕ေႀကးဟာ ေပါင္ ၂ သန္းခန္႔ ရွိမယ္လို႔ သိရပါတယ္။
Unicode Version
ရိုးမားအသင်းကို အငှားနဲ့ ပြောင်းရွေ့သွားတဲ့ Henrikh Mkhitaryan (မက်ခီတာရန်း)
Source: Usa Today Post
အာဆင်နယ် ကွင်းလယ်ကစားသမား Mkhitaryan (မက်ခီတာရန်း) ဟာ အီတလီ ကလပ်အသင်းတခုဖြစ်တဲ့ ရိုးမားအသင်းကို အငှားနဲ့ ပြောင်းရွေ့သွားပါပြီ။ရိုးမားအသင်းဟာ ကစားသမားအတွက် အာဆင်နယ်အသင်းကို ပေါင် ၃ သန်းပေးချေခဲ့ရပြီး အငှာစာချုပ်ပြည့်သွားရင် တခါတည်း ဝယ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။
မက်ခီတာရန်း ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ မန်ယူအသင်းကနေပြီးတော့ အာဆင်နယ်ကို ပြောင်းရွေ့လာခဲ့တာပါ။ အာဆင်နယ် အသင်းအတွက် ၅၆ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူပေးထားပါတယ်။
ပါးမားအသင်းကို ပြောင်းရွေ့သွားတဲ့ မန်ယူနောက်ခံလူ Matteo Darmian (ဒါမီယန်)
Source: Sky Sports
Matteo Darmian (ဒါမီယန်) ဟာမန်ယူအသင်းအတွက် ၄ နှစ်တာ ကစားပေးခဲ့ပြီး ပါးမား အသင်းကို ပြောင်းရွေ့သွားခဲ့ပါပြီ။ ပါးမားအသင်းနဲ့ ၄ နှစ်သက်တမ်းရှိ စာချုပ်ချုပ် ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ကစားသမားဟာ မန်ယူအသင်းကို တိုရီနို အသင်းကနေ ၂၀၁၅ ခုနှစ်မှာ ပြောင်းရွေ့လာခဲ့တာပါ။ မန်ယူအတွက် ၉၂ ပွဲအထိ ကစားပေးခဲ့ပါတယ်။ ဒါမီယန် အတွက် မန်ယူအသင်းဟာ ပေါင် ၃.၆ သန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆီဗီလာ အသင်းကို ရောက်ရှိသွားတဲ့ Javier Hernandez (ဟာနန်ဒက်ဇ်)
Source: Be In Sports
West Ham တိုက်စစ်မှုး ဟာနန်ဒက်ဇ် ဟာ စပိန်ကလပ် ဆီဗီလာ အသင်းကို ပေါင် ၈ သန်းနဲ့ ပြောင်းရွေ့သွားပါပြီ။ West Ham အသင်းနဲ့ စာချုပ်သက်တမ်း ၁၀ လခန့် ကျန်သေးပေမဲ့ အခုလို ပြောင်းရွေ့သွားခဲ့တာပါ။
၂၀၁၇ ခုနှစ် လေဗာကူဆင် အသင်းကနေ West Ham ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း ၆၃ ပွဲကစားပေးခဲ့ပြီး ၁၇ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ မန်ယူ နဲ့ ရီးရဲ မက်ဒရစ် တို့လို အသင်းကြီးတွေမှာ ကစားဖူးတဲ့ သူလည်းဖြစ်ပါတယ်။
စီးရီးအေ ကလပ် Fiorentina ကိုပြောင်းရွေ့သွားတဲ့ လီဗာပူးလူငယ်ကစားသမား Bobby Duncan
Source: Sky Sports
လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်မှုး Bobby Duncan ဟာ Fiorentina အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွေ့သွားပါပြီ။ နောက်ထပ် ၂ နှစ်ထပ်တိုးချုပ်ဆိုခွင့်ကို လည်း အသင်းဖက်က ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှုးဟာ Steven Gerrard ရဲ့ဝမ်းကွဲ ညီတော်စပ် တဲ့သူလည်းဖြစ်ပါတယ်။ Bobby ရဲ့ပြောင်းရွေ့ကြေးဟာ ပေါင် ၂ သန်းခန့် ရှိမယ်လို့ သိရပါတယ်။