ချစ်သူရည်းစားဆိုတာ တကယ်တော့ မရှိမကောင်း ရှိမကောင်းပါ။ ချစ်သူထားမယ်ဆိုရင် ပျော်ရွှင်ရတဲ့ အချိန်ရှိသလို စိတ်ညစ်ရတဲ့အချိန်တွေလည်းရှိပါတယ်။ တကယ်တော့ ချစ်သူရှိမှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ ချစ်သူမရှိလည်းပျော်ရွှင်အောင်နေနိုင်မဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်နေတဲ့သူက ချစ်သူမရှိသေးတဲ့ တစ်ကိုယ်တည်းသမားဆိုရင်တော့ ဂုဏ်ယူလိုက်ပါ။သင်မှာသူများနဲ့ မတူတဲ့အခွင့်အရေးတွေအများကြီးရှိနေလို့ပါပဲ။
(၁) အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်မယ်
Source : Shutterstock
ချစ်သူရှိမယ်ဆိုရင် အနည်းဆုံး ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ရဲ့ သုံးပုံတစ်ပုံလောက်က ကိုယ့်ချစ်သူအပေါ် ပေးထားရတာပါ။ ချစ်သူမရှိတဲ့အတွက် ကိုယ့်ဘဝရဲ့ အချိန်တွေအားလုံးက ကိုယ်ပိုင်အချိန်တွေပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်း သင်တန်းတွေတက်လို့ရမယ် လေ့လာသင်ယူစရာတွေလုပ်လို့ရမယ် စသဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချလိုက်ပါ။
(၂) သူငယ်ချင်းတွေနဲ့လွတ်လပ်စွာပေါင်းသင်းနိုင်မယ်
Source : Shutterstock
သူငယ်ချင်းတွေဆိုတာလည်း ကိုယ့်ဘဝအတွက် အရေးပါတဲ့ လူတွေပါ။ တစ်ချို့သဝန်တိုတက်တဲ့ မိန်းကလေးနဲ့ ချစ်သူတော်ထားရမယ်ဆိုရင် ဘယ်မိန်းကလေးသူငယ်ချင်းနဲ့ မပေါင်းရဘူး ဘယ်သူနဲ့ မတွေ့ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။ တစ်ကိုယ်တည်းသမားတွေကတော့ ကြိုက်တဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းနိုင်မယ်။ ချုပ်နှောင်ခြင်းတွေ သဝန်တိုခံရခြင်းတွေမရှိဘဲ ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေဖန်တီးနိုင်မှာဖြစ်ပါတယ်။
(၃) ငွေကြေးကုန်ကျမှုသက်သာမယ်
Source : Freepik
ဒီအချက်ကအားလုံးသိတဲ့အတိုင်း ငြင်းဆိုစရာမရှိပါဘူး။ ချစ်သူရှိတဲ့ သူတွေက ချစ်သူမရှိတဲ့သူတွေထက် ငွေကြေးကုန်ကျမှုများပါတယ်။ တစ်ကိုယ်တည်းသမားတစ်ယောက်အတွက်တော့ ကိုယ့်ရဲ့ ဝင်ငွေက ကိုယ်တစ်ကိုယ်အတွက် စိတ်ကြိုက်သုံးနိုင်သလို တခြားအပိုငွေကုန်ကျတာမျိုးတွေမရှိတဲ့အတွက် ဝါသနာပါရင် စုဆောင်းထားလို့တောင်ရနိုင်ပါတယ်။
(၄) ခေါင်းအေးအေးနေနိုင်မယ်
Source : Shutterstock
ချစ်သူရလာပြီဆိုရင် အနည်းဆုံးတော့ ဂရုစိုက်ရမယ် ချစ်ရမယ်။ ရစ်တာ စိတ်ဆိုးတာတွေလည်းခံရမယ်။ Anni နေ့တွေ အမှတ်တရနေ့တွေ မှတ်ထားရမယ်။ တစ်ခါတစ်လေ နားလည်မှုလွဲတဲ့ အခြေအနေကနေ ပြဿနာအကြီးအကျယ်ဖြစ်ရတာမျိုးတွေရှိမယ်။ နေ့စဉ်ခေါင်းရှုပ်စရာကိစ္စတွေအများကြီး ကြုံလာနိုင်ပါတယ်။ တစ်ကိုယ်တည်းသမားတွေကတော့ ရှင်းပါတယ်။ ကော်ဖီတစ်ခွက်နဲ့ အေးဆေးစာဖတ်နေမလား။ ညလုံးပေါက်ဂိမ်းဆော့မလား။ ပျင်းလို့အိပ်နေမလား။ ကြိုက်တာလုပ်ခွင့်ရှိပါတယ်။ အနည်းဆုံးတော့ခေါင်းအေးအေးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်မှာပါ။