လူတိုင်းဟာ တစ်နည်းနည်းနဲ့ ကိုယ့်စိတ်နဲ့ ခန္ဓာကို ကြံ့ခိုင်အောင် တည်ဆောက်နေကြတာပါ။ ဒီနေ့ ခေတ်မှာ နည်းပညာတွေ ပိုတိုးတက်လာတာ ဖြစ်လို့ ဖုန်းထဲက App တွေဟာ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို လိုသလို ပုံဖော်ဖို့ အတွက် Personal Assistant တွေ ဖြစ်လာကြပါပြီ။

အလုပ်များပြီး မအားမလပ်ဖြစ်တာကြောင့် Gym ပုံမှန်မသွားနိုင်သူတွေဟာ Fitness Apps တွေကနေ လမ်းညွှန်ချက်နဲ့ ကိုယ့်အိမ်မှာကို နေရင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ၊ Diet Plan တွေ လုပ်နိုင်သလို Gym သွားစရာမလိုတဲ့ လေ့ကျင့်ခန်းတွေကိုလည်း အပြင်မှာ App အားကိုးနဲ့ ကိုယ်တိုင် လုပ်နိုင်လာကြပြီ ဖြစ်ပါတယ်။ Fitness App တွေကလည်း Play Store တွေ App Store တွေမှာ တစ်ပုံတစ်ပင်ကြီး ရှိနေတာ ဖြစ်လို့ ဒီထဲကမှ ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်ခန်းအလိုက် ဖုန်းထဲမှာ ထားသင့်တဲ့ Apps တစ်ချို့ အကြောင်း ညွှန်းပေးချင်ပါတယ်။

(၁) ကိုယ်အလေးချိန်နဲ့ ကယ်လီရီတွက်မယ့် App

Source: Medium

MyFitnessPal ဟာ အန်းဒရိုက်နဲ့ iOS နှစ်မျိုးစလုံးမှာ Free ပေးထားတဲ့ ကယ်လိုရီတွက်ချက်ရေး App ဖြစ်ပါတယ်။ ဒီ App မှာ အစားအသောက်ပေါင်း ၁၁ သန်း ကျော်ရဲ့ database ထည့်သွင်းထားပြီး ဘယ်အစားအသောက်မှာ ကယ်လိုရီနဲ့ အာဟာရဓါတ်ဘယ်လောက် ပါတယ်ဆိုတာ ဖော်ပြပေးမှာပါ။ အစားအသောက် ကယ်လိုရီတွက်ချက်ပေးမှုတင်မဟုတ်ဘဲ Diet Tracking ကြည့်ပေးတဲ့ စနစ်လည်းပါလို့ ဝိတ်ချချင်သူတွေအတွက် အသုံးတည့်တဲ့ App လို့ ပြောနိုင်ပါတယ်။

(၂) အပြေးလေ့ကျင့်မယ်

Source: AmericanInno

စက်ဘီးစီးတာ ၊ အပြေးလေ့ကျင့်တာတွေအတွက် နာမည်အကြီးဆုံး App တစ်ခုက Strava ပါ။ Strava ဟာ ပြေးတဲ့ အရှိန် ၊ မြန်နှုန်းနဲ့ နှလုံးခုန်မှုတွေ တိုင်းတာ ပေးသလို သွားတဲ့ အကွာအဝေးတွေကို တွက်ချက်ပေးမယ့် Suffer Score ဆိုတဲ့ Feature ပါ ထည့်ထားတဲ့ App ဖြစ်ပါတယ်။ နောက်တစ်ခုက Strava ဟာ အပြေးသမားနဲ့ စက်ဘီးစီးသူတွေ ဆုံဆည်းရာ လူမှုကွန်ရက်လည်း ပါတဲ့ App ဖြစ်လို့ ဝါသနာတူချင်း အတွေ့အကြုံနဲ့ ဗဟုသုတ ပြန်မျှဝေနိုင်မှ ဖြစ်ပါတယ။

(၃) Personal Training

Source: Men’s Journal

Workout အမျိုးပေါင်း ၉၀၀ ကျော် ပါဝင်တဲ့ Freeletics App ကလည်း ကိုယ့်အိတ်ကပ်ထဲက ဒစ်ဂျစ်တယ်လေ့ကျင့်ရေးဆရာတစ်ဆူလို့ ဆိုနိုင်ပါတယ်။ ကြွက်သား လေ့ကျင့်နည်း ၊ ကိုယ်အလေးချိန် လျှော့ချနည်းတွေကို Gym ပစ္စည်းတွေ မလိုဘဲ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ လုပ်နိုင်မယ့် နည်းစနစ်တွေ ထည့်ပေးထားပါတယ်။ ဒီ App ကလည်း iOS နဲ့ Android ပေါ်မှာ Free ရယူနိုင်ပါတယ်။

(၄) ကိုယ်လက်ကြံ့ခိုင်ရေး App

Source: iMore

Jefit App ကတော့ Workout ပရိုဂရမ်တွေ အသေးစိတ်ထည့်ပေးထားတဲ့ App ဖြစ်လို့ ဗိုက်အဆီချမလား ၊ လက်မောင်းနဲ့ ရင်ဘတ် ဘော်ဒီလှအောင် ဆော့မလား သုံးလို့ ရမယ့် App ဖြစ်ပါတယ်။ အပတ်စဉ် လုပ်ရမယ့် လေ့ကျင့်ခန်းပေါင်းများစွာကို ကျွမ်းကျင်သူတွေရဲ့ နည်းစနစ်အတိုင်း ထည့်သွင်းထားသလို လေ့ကျင့်ခန်းတစ်ခုချင်းစီအလိုက် ညွှန်ကြားထားတဲ့ ဗွီဒီယိုဖိုင်ပေါင်းများစွာလည်း ပါဝင်ပါတယ်။
အခုပြောခဲ့တဲ့ apps တွေဟာ App Store နဲ့ Google Play Store တို့ မှာ အခမဲ့ ဒေါင်းလုပ်ဆွဲပြီး ကိုယ့်ဖုန်းထဲမှာ ထည့်ထားလို့ ရတဲ့ Fitness App တွေ ဖြစ်ပါတယ်။ ဒီ App လေးတွေ ဖုန်းထဲမှာ ထည့်ထားမယ်ဆိုရင် Gym ဆရာကိုပဲ အားကိုးစရာမလိုဘဲ ကိုယ်တိုင်အားကစားအစုံ လုပ်ဆောင်နိုင်မှာပါ။