ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါ၊ နှလုံးအဆီဖုံးခြင်း စတဲ့ ရောဂါမျိုးစုံတွေက အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ မဖိတ်ခေါ်ပါဘဲနဲ့ ဝင်ရောက်လာပါတော့တယ်။ အသက် (၂၀) ကျော်မှာတော့ Gym လေးဘာလေး သွားဆော့၊ ကြွက်သားကြီးဖို့ လေ့ကျင့်ခန်းအမျိုးမျိုးလုပ်တယ်။ အစားအသောက်လည်း ဆင်ခြင်တတ်တဲ့အလေ့အကျင့်က အမျိုးသားအများစုဆီမှာ ရှိကြပါတယ်။

အသက် (၃၀) ကျော်တဲ့အခါမှာတော့ ကြွက်သားတွေရဲ့ ဖွံ့ဖြိုးမှုက အားနည်းသွားတတ်ပါတယ်။ အသက် (၄၀) ကျော်မှာတော့ ကြွက်သားတွေက လျော့တိလျော့ရဲဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် အသက် (၄၀)ကျော်မှာ ဗိုက်ရွှဲရွှဲကြီးနဲ့ ဝဖိုင့်နေတဲ့အမျိုးသားတစ်ယောက်မဖြစ်ချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အပြုအမူတွေကို လိုက်နာပေးဖို့လိုပါမယ်။

ပန်းသီးတစ်နေ့တစ်လုံး စားပါ။

ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သင့်ခန္ဓာကိုယ်ကို ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ဝမ်းဗိုက်ကအဆီပိုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

မနက်စောစော အိပ်ရာထပါ။

မနက်စောစောထတဲ့ငှက်က အစာဝသလိုပဲ အိပ်ရာစောစောထတဲ့သူက ကိုယ်အလေးချိန် ကျနိုင်ချေပိုများပါတယ်။ မနက်ခင်နေရောင်ခြည်နဲ့ ထိတွေ့ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ချပေးပြီး သင့်ကို အကောင်းမြင်စိတ်ရရှိအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပါ။

အစားအစာများကို ကြေညက်အောင် မဝါးဘဲ မျိုချခြင်းက သင့်ကို ဝိတ်တက်စေပါတယ်။ ဒါ့ကြောင့် အသက် ၄၀ ကျော်အရွယ်မှာ ဗိုက်ရွှဲရွှဲကြီးမဖြစ်ချင်ဘူးဆိုရင်တော့ အစာကို ဖြည်းဖြည်းမှန်မှန်နဲ့ ကြေညက်အောင် ဝါးစားပေးရပါမယ်။

အလေးမပါ။

တစ်နေ့ကို မိနစ် (၂၀)ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက အဝလွန်မှုက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရိုးများ အားနည်းခြင်း၊ ကြွက်သားများ လျော့တိလျော့ရဲဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ကြွက်သားများ ကျစ်လျစ်တောင့်တင်းအောင် ကူညီပေးပါတယ်။

ကြက်ဥများများစားပါ။

တစ်နေ့ကို ကြက်ဥ ၃ လုံး စားသုံးခြင်းက သင့်ရဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ကြက်ဥ ၃ လုံးမှန်မှတ်စားတဲ့သူက ကြက်ဥမှန်မှန်မစားတဲ့သူတွေထက် ကိုယ်အလေးချိန်အကျမြန်ပါတယ်။

ခရမ်းချဉ်သီး နေ့တိုင်းစားပါ။

ခရမ်းချဉ်သီး စားသုံးခြင်းက သင့်အသားအရေကို စိုပြေဝင်းပစေတဲ့အပြင် သင့်ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးဆော့စ်များ စားသုံးခြင်းထက် လတ်ဆတ်သောခရမ်းချဉ်သီးများကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ်။

Source: Eatthis.com