ယုံကြည်မှုဆိုတာ မွေးကတည်းက ပါလာတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင် တည်ဆောက်ယူရတဲ့အရာပဲဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာတော့ ထမင်းစားတဲ့အခါ မိဘတွေခွံ့ကျွေးတာကို စားရပြီး အဝတ်အစားဝတ်တဲ့အခါမှာလည်း ငယ်သေးတဲ့အရွယ်ဆိုတော့ သူများကို မှီခိုနေရပါတယ်။ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတော့ ကျောင်းတက်၊ ဘွဲ့ရနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့အတွက် လုပ်ငန်းခွင်ထဲဝင်ရပါတော့တယ်။

လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အမှားတွေပြုလုပ်မိတဲ့အခါလည်း ရှိသလို၊ တော်တယ်လို့ ချီးကျူးခံရတဲ့အချိန်လည်း ရှိပါတယ်။ ထို့အပြင် လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိခြင်းက မိမိကိုယ်ကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိလေ ပိုအောင်မြင်လေပါပဲ။

ဒါ့ကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ စာဖတ်သူတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မိမိရဲ့ ဗဟုသုတအဆင့်ကို မြှင့်တင်ပါ။

Source: Talkativeman.com

များများသင်ယူလေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့ဗဟုသုတကို တိုးမြှင့်နိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း သင်ယူလေ့လာခြင်းက အောင်မြင်သူတို့ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တို့ပဲဖြစ်ပါတယ်။

မိမိအောင်မြင်မှုကို ကြေညာပါ။

Source: Dreamsrocket.com

အသေးအမွှားကိစ္စလေးတွေကအစ အောင်အောင်မြင်မြင်ပြုလုပ်နိုင်ပြီး ရလဒ်ကောင်းတွေရရှိတယ်ဆိုရင် သင့်ရဲ့သူငယ်ချင်းတွေကို ပြောပြလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက မိမိကိုယ်ကို ဆုချပြီး အသိအမှတ်ပြုခြင်းနည်းလမ်းပဲဖြစ်ပါတယ်။

အဆိုးမြင်ဝေဖန်မှုများကို လျစ်လျူရှုထားပါ။

Source: Tipsforlawyers.com

ဝေဖန်မှုများက သင့်ရဲ့ ယုံကြည်မှုကို လှုပ်ခတ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ အကောင်းမြင်စိတ်၊ မိမိကိုယ်ကိုတိုးတက်စေချင်တဲ့စိတ်နဲ့ အကြံပေးသူများရဲ့ ဝေဖန်မှုကိုတော့ အလေးထားပေးပါ။ ပြီးရင် ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်တွေကို ပြောင်းလဲနိုင်ရင် ပြောင်းလဲပစ်လိုက်ပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ သင့်ကို မနာလိုသူများ၊ သင် ကျရှုံးမှာကို လိုလားသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ လျစ်လျူရှုထားသင့်ပါတယ်။ နို့မဟုတ်ရင် မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းသွားပါလိမ့်မယ်။

ပြုံးပါ။

Source: Austinfoodmagazine.com

ပြုံးရယ်ခြင်းက သင့်ကို ပျော်ရွှင်ခြင်းတွေ ယူဆောင်ပေးနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုမြှင့်တင်ပေးတဲ့ နည်းလမ်းကောင်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များကို သင့်ဘက်က စတင်ပြီး ပြုံးရယ်နှုတ်ဆက်ခြင်းက သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေပါတယ်။