အက်စ်တွန်ဗီလာကြယ်ပွင့်တိုက်စစ်မှူးဟောင်း အက်ဘွန်လဟောက ဒေးဗစ်လုဇ်ဟာ ပရီးမီးယားလိဂ်နောက်ခံကစားသမားအဆင့်အတန်းမျိုးမှာ မရှိတော့ကြောင်း သတ်မှတ်ခဲ့ပြီး မူစတာဖီဟာ သုံးစားမရတဲ့လူလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

Photo: Metro

အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ဘွန်လဟောဟာ ယခုရာသီ မေးခွန်းထုတ်စရာစွမ်းဆောင်ရည်အချို့ ပြုလုပ်ပြခဲ့ပြီးနောက် အမ်းမရိတ်မှာ နောက်ထပ် ဆက်ရှိနေမယ့် စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကို အံ့အားသင့်မိခဲ့တာဖြစ်ပါတယ်။

အက်ဘွန်လဟောက အဝတ်လဲခန်းအတွင်းမှာ ခေါင်းဆောင်ကင်းမဲ့မှုက အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့စိုးရိမ်ပူပင်စရာလို့ ထင်မြင်နေပြီး အာဆင်နယ်အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

Source : Metro

“အဝတ်လဲခန်းထဲကို ဝင်သွားပြီး အော်ဟစ်ဟိန်းဟောက်မယ့်သူ ဘယ်သူမှမရှိဘူး။ တစ်ယောက်မှကို မရှိတာ။အဲဒီမှာ ရှိကောင်းရှိနိုင်တာက ‘သြော် ကံဆိုးလိုက်တဲ့ ဒေးဗစ်လုဇ်ရေ ငါတို့တွေ ပြီးရင် Nintendo DS ဂိမ်းလေး ကစားကြရအောင်’ဆိုတာမျိုးပဲ ရှိလိမ့်မယ်။အာဆင်နယ်အသင်းမှာ ခေါင်းဆောင်မရှိဘူး။ တိုဒီအဒမ်မရှိဘူး။ ရေးပါလာ ဒါမှမဟုတ် မာတီကီယွန် မရှိဘူး”လို့ ပြောကြားခဲ့ပါတယ်။