မန်ယူအသင်းရဲ့လက်ရှိအသင်းခေါင်းဆောင်ဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့လုံးပန်းနေရတဲ့ အသင်းခေါင်းဆောင် ဗလင်စီယာကတော့ မန်ယူအသင်းကနေ ဒီနှစ်နွေရာသီမှာ ထွက်ခွာဖို့သေချာသလောက်ရှိနေပါပြီ။

Source : facebook

သူဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်စုကြာ ကစားခဲ့ပြီး ခုအပတ် သောကြာနေ့ညက အိုးထရဒ်ဖို့နဲ့ စာချူပ်သက်တမ်းကုန်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ကိုမပြောင်းရွေ့ခင်က ဝီဂန်အသင်းမှာကစားခဲ့တဲ့သူဟာ အသင်းကိုစွန့်ခွာတော့မယ်ဆိုပေမဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ကိုတော့ မန်ယူဘုတ်အဖွဲ့က ပြုလုပ်နိုင်သေးတာပဲဖြစ်ပါတယ်။

Source:facebook

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ ဒဏ်ရာပြဿနာတွေကြောင့် နည်းပြသစ်ဆိုးရှားရဲ့ လက်ထက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်မရတာပဲဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ ပွဲပေါင်းကိုးပွဲပဲ ဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးရှားရဲ့ အသွင်သစ်ယူနိုက်တတ်မှာတော့ နေရာရဖို့တော်တော်လေးရုန်းကန်နေရတာပါ။

Source: facebook

ယူနိုက်တက်အနေနဲ့တော့ ဗလင်စီယာနဲ့ကစားရာနေရာတူတဲ့ အသက် (၁၉) နှစ်အရွယ် ဒါ့လော့၊ စာချူပ်သက်တမ်းတိုးထားတဲ့ ယန်းတို့ရှိနေတဲ့ အတွက် စာချုပ်သစ်ကမ်းလှမ်းဖွယ်တော့ မရှိလောက်ပါဘူး။

ဗလင်စီယာက မန်ယူအသင်းမှာပဲဆက်ရှိနေသင့်သလား၊ အသင်းပဲပြောင်းသင့်သလား။ အားလုံးရဲ့ ဆန္ဒတွေကိုလည်းကောမန့်ပေးခဲ့ဦးနော်။