ချစ်သူများနေ့မှာ လက်ထပ်ခွင့်တောင်းခြင်းသည် အင်မတန်မှ ရိုမန့်တစ်ဆန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ဘက်က ကြိုတင်ပြင်ဆင်ထားမှု အားနည်းသွားပါက ထိုအရေးကြီးဆုံးနေ့ရက်သည် အဆိုးဝါးဆုံးနေ့ရက်တစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

ဒါ့ကြောင့် ချစ်သူများနေ့မျာ လက်ထပ်ခွင့်တောင်းပြီး Yes ဆိုတဲ့ အဖြေကို ရယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန်ရှောင်ရန်အချက်များကို သိထားသင့်ပါတယ်။

ကိုယ့်ကောင်မလေးရဲ့ Type ကို ထည့်သွင်းစဉ်းစားခြင်းသည် အရေးအကြီးဆုံးပါ

Valentine's Day Proposal Dos and Don'ts

ကွီးတို့ရဲ့ကောင်မလေးသည် လူအများရှေ့မှာ လက်ထပ်ခွင့်တောင်းခံရတာကို ကြိုက်နှစ်သက်သူလား (သို့) ချစ်သူနှစ်ကိုယ်ကြား Private ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရတာကို ကြိုက်နှစ်သက်သူလားဆိုတာကို အရင်ဆုံး သိထားဖို့လိုအပ်ပါတယ်။

သူ(မ)အနေနဲ့ ဘယ်လိုမျိုုး လက်ထပ်ခွင့်တောင်းခံရတာကို ကြိုက်နှစ်သက်သလဲဆိုတာကို စကားအစ်အောက် မေးကြည့်ပါ။ အရမ်းတော့ မသိသာပါစေနဲ့။

တကယ်လို့ သင့်ကောင်မလေးက လူအများရဲ့ အာရုံစိုက်ခြင်းကို မကြိုက်နှစ်သက်ဘူးဆိုရင်တော့ နှစ်ယောက်တည်း သီးသန့်အချိန်လေး ဖန်တီးပြီး လက်ထပ်ခွင့်တောင်းတာမျိုး (သို့) အရင်းနှီးဆုံး သူငယ်ချင်းတွေကိုပဲ ဖိတ်ထားပြီး လက်ထပ်ခွင့်တောင်းတာမျိုး ပြုလုပ်နိုင်ပါတယ်။

အလွန်အကျွံမစီစဉ်ပါနဲ့

Valentine's Day Proposal Dos and Don'ts

Photo: Pinterest

ကွီးတို့အနေနဲ့ စိတ်လှုပ်ရှားလွန်ပြီး အသေးစိတ်ကအစ သေသေချာချာပြင်ဆင်ထားကြမှာပါ။ ဒါပေမဲ့ စိုးရိမ်မှုလွန်ကဲပြီး အရမ်းကာရောပြင်ဆင်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ရှိသမျှ အဆိုတော်တွေအကုန်လုံး၊ အတီးအမှုတ်အကသများ၊ ပန်းစည်းများ၊ ဂီတသမားများ အကုန်လုံးကို ဖိတ်ကြားထားပြီး စီစဉ်စရာမလိုပါဘူး။ နို့မဟုတ်ရင် ကွီးတို့ရဲ့ Proposal ပွဲကြီးက အသုပ်စုံရောထားတဲ့ ပွဲကြီးဖြစ်သွားပါလိမ့်မယ်။

မှတ်တမ်းရိုက်ကူးထားဖို့လည်း စဉ်းစားပါ

Valentine's Day Proposal Dos and Don'ts

Photo: Kissinparis

ကွီးတို့ရဲ့ကောင်မလေးက ဓာတ်ပုံအရိုက်ခံရတာမျိုး၊ ကင်မရာအရိုက်ခံရတာမျိုးကို နှစ်သက်တယ်၊ သူ့ရဲ့ပုံလေးတွေကို ဆိုရှယ်မီဒီယာမှာ တင်ရတာ သဘောကျတဲ့သူဆိုရင်တော့ ကင်မရာမန်း သီးသန့်ငှားထားဖို့လိုအပ်ပါလိမ့်မယ်။

စိတ်ခြောက်ခြားဖွယ်ရာကောင်းတဲ့ နည်းလမ်းနဲ့ လက်ထပ်ခွင့်မတောင်းပါနဲ့

Valentine's Day Proposal Dos and Don'ts

Photo: Bolde

ဥပမာ ကိုယ်က မတော်တဆမှု တစ်ခုခု ဖြစ်သွားတယ် (သို့) သေဆုံးသွားတယ်ဆိုပြီး ကိုယ့်ဘော်ဒါတွေကို ကိုယ့်ကောင်မလေးထံ ဖုန်းဆက်အကြောင်းကြားခိုင်း၊ ကောင်မလေးက မျက်ရည်လည်ရွှဲနဲ့ ရောက်ချလာ၊ နောက်မှ သင်က ဘာမှမဖြစ်ဘဲ သူရဲကောင်းဆန်ဆန်ပေါ်လာတယ်။ ကောင်မလေးက သင့်ရဲ့တည်ရှိမှုကိုတန်ဖိုးထားတယ် စတဲ့ ကလေးကလားဆန်တဲ့ နည်းလမ်းတွေနဲ့ လက်ထပ်ခွင့်မတောင်းပါနဲ့။ နောင်တချိန်မှာ အမှတ်တရအနေနဲ့ ပြန်လည်အမှတ်ရတဲ့အခါ သာယာကြည်နူးပျော်ရွှင်မှုကို ခံစားချင်တာမဟုတ်လား။

လက်ထပ်လက်စွပ်ကို ဖွက်မထားပါနဲ့

Valentine's Day Proposal Dos and Don'ts

Photo: Petitfashion

ရုပ်ရှင်တွေထဲမှာ လက်ထပ်လက်စွပ်ကို ကိတ်မုန့်တွေထဲ ဖွက်ထားတာမျိုး၊ ဝိုင်ဖန်ခွက်တွေထဲ ထည့်ဖွက်ထားတာမျိုးတွေကို မြင်ဖူးပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ထိုအရာကို (လုံးဝ) အတုမယူလိုက်ပါနဲ။ ပျော်စရာအချိန်ကို အပြည့်အဝခံစားချင်တယ်ဆိုရင် လက်ထပ်လက်စွပ်ကို ကွီးတို့အလွယ်တကူ မှတ်မိနိုင်မယ့်နေရာမှာသာ ထားထားရပါမယ်။

ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို သိသွားပြီဆိုတော့ ကွီးတို့အားလုံး ချစ်သူများနေ့မှာ လက်ထပ်ခွင့်တောင်းတဲ့အခါ ကိုယ်မျှော်လင့်တဲ့အဖြေမျိုး ပိုင်ဆိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Huffpost.com

Featured Image: Weddingbee