၂၀၁၈-၁၉ ဘောလုံးရာသီအတွက် PFA (Players’ Player Of The Year) အကောင်းဆုံးကစားသမားဆုကို နယ်သာလန်နောက်ခံကစားသမား လက်ရှိလီဗာပူးလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသပေးနေတဲ့ ခံစစ်ကစားသမား ဗန်ဒိုက်က ထိုက်ထိုက်တန်တန်ရရှိသွားပြီးဖြစ်ကြောင်း သိရပါတယ်။ (၂၇) နှစ်သာရှိသေးတဲ့ ကစားသမား ဗန်ဒိုက်ဟာ PFA (Players’ Player Of The Year) အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံး ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး နာမည်ကြီးနေတဲ့အတိုင်းပဲ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်ကို ကျော်ဖြတ်ကာ PFA ဆုကိုဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source : GiveMeSport

ယခုနှစ်ရဲ့ PFA ဆုပေးပွဲကိုတော့ လာမယ့် ဧပြီ (၂၈) ရက်နေ့တွင် လန်ဒန်မြို့ Grosvenor Hotel မှာ ကျင်းပသွားမှာ ဖြစ်ပေမယ့် ဧပြီလ(၂၅)ရက်နေ့ ဒီကနေ့မှာတော့ PFA အကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒိုက်ရရှိသွားကြောင်း ဗြိတိန်အားကစားသတင်းများက ကြေငြာခဲ့တာဖြစ်ပါတယ်။ ဧပြီလ ( ၂၀) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ PFA အကောင်းဆုံးကစားသမားဆုအတွက် ယာယီဆန်ခါတင်စာရင်းမှာတော့ ဗန်ဒိုက်နဲ့အတူ အသင်းဖော် မာနေး ၊ ပြိုင်ဘက်အသင်း မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဘာနာဒို ဆေးဗား ၊ စတာလင် ၊ အဂွေးရိုး နဲ့ ချဲလ်ဆီး တောင်ပံကစားသမား ဟာဇက်တို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source : SuperSport

ပြီးခဲ့တဲ့နှစ်ရဲ့ PFA အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလတ်မှ ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာလည်း လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်က ထပ်မံဆွတ်ခူးခဲ့တဲ့အတွက် လီဗာပူးလ်အတွက်တော့ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခြင်းဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ PFA အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ကစားသမားများအနက် (၈) ယောက်မြောက်ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကရရှိခဲ့တဲ့ ချယ်လ်ဆီးနောက်ခံလူ ဂျွန်တယ်ရီပြီးရင် ဒီဆုကိုပထမဆုံးပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ နောက်တန်းကစားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Source : givemesport.com