သင်ဟာ ပရီးမီးယားလိဂ်ကို ဆယ်စုနှစ်တစ်ခုကြာလောက်ထဲကအားပေးခဲ့မယ်ဆိုရင်တော့ ဂိုးသွင်းကောင်းတဲ့ ကိုကြီး ဗန်ပါစီကို သိနိုင်မယ်ထင်ပါတယ်။ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့အတူ အောင်မြင်မှုတွေဆောင်းနိုင်ခဲ့တဲ့ ဗန်ပါစီရဲ့အကြောင်းအရာလေးတွေကို ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။

Source: wallpapercave.com

(၁) သူရဲ့ကစားသမားဘ၀နဲ့ ငယ်စဉ်အချိန်တွေဟာတော့ လမ်းဘေဘောလုံးဝိုင်းတွေမှာသာ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

(၂) သူ့အသက် (၁၄) နှစ်အရွယ်လောက်မှာတင်တောက်ပြောင်လှတဲ့ခြေစွမ်းကြောင့် Johan Cryuff နဲ့တူတယ်ဆိုပြီး ချီးမွမ်းခြင်းတွေခံရပါတယ်။

Source: wallpapercave.com

(၃) သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ အကောင်းဆုံးကစားနိုင်တယ်ဆိုပေမဲ့ သူငယ်စဉ်က ကစားခဲ့တဲ့နေရာကတော့ တောင်ပံတစ်လျှောက်မှာပါ။

(၄) သူဟာ စားပွဲတင်တင်းနစ်ရိုက်ခြင်းအားကစားကိုလည်း ကြိုက်နှစ်သက်တာဖြစ်ပါတယ်။

(၅) သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်နေပေမဲ့လည်း သူ့အဖေကတော့ အနုပညာသည်တွေဖြစ်ပါတယ်။ ကျောက်မျက်ရတနာတွေကို အလှဆင်သူတွေဖြစ်ပါတယ်။

Source: wallpapercave.com

(၆) သူဟာ အာဆင်နယ်အသင်းကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး သူ့သားလေးရဲ့နာမည်ကိုတောင် Dad Arsenal ဆိုပြီးပေးထားတာဖြစ်ပါတယ်။