အခုနှစ်ပိုင်း အတွင်းမှာ Digital Video နယ်ပယ်ဟာ အဆက်မပြတ်ကို တိုးတက်လာနေပါတယ်။ သမားရိုးကျ မီဒီယာအများစုလည်း Digital ပလက်ဖောင်းတွေ ပေါ်တက်လာကြသလို တစ်ကိုယ်ရည်တစ်ကာရ ဖန်တီးမှုစွမ်းရည်ရှိတဲ့ လူငယ်တွေအနေနဲ့လည်း Facebook ၊ Youtube တို့လို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ တဆင့် ဗီဒီယိုတွေ ဖန်တီးပြီး ကိုယ်ပိုင်ဝင်ငွေ လမ်းကြောင်းတစ်ခု ဖန်တီးနေနိုင်ကြပြီ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ ဗီဒီယိုတွေ ဖန်တီးရတာ ဝါသနာပါတယ် ၊ Video Creator တစ်ယောက်အဖြစ် ဝင်ငွေရှာချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေကို မဖြစ်မနေ သိထားဖို့ လိုပါလိမ့်မယ်။

(၁) Digital ပလက်ဖောင်းတွေအကြောင်း ကောင်းကောင်း နားလည်ရမယ်

Photo : The World Economic Forum

အကယ်၍ ကွီးတို့က YouTuber တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် YouTube ပလက်ဖောင်းနဲ့ပတ်သတ်တဲ့ အခြေခံ သဘောတရားတွေ အားလုံးကို နားလည်အောင် လေ့လာထားဖို့ အရေးကြီးပါတယ်။ YouTube ရဲ့ သတ်မှတ်ချက်တွေက ဘာတွေဖြစ်မလဲ ၊ ဝင်ငွေရအောင် ဘယ်လို လုပ်ဆောင်ရမလဲ ၊ လူတွေ စိတ်ဝင်စားမှုရှိတဲ့ ဗီဒီယိုတွေကို ဘယ်လိုဖန်တီးမှု စွမ်းရည်ကောင်းကောင်းနဲ့ တင်ဆက်ရမလဲ စသည်ဖြင့် ဒီအချက်အလက် အကြောင်းအရာတွေကို သေချာသိထားမှ ကွီးတို့ဖန်တီးမယ့် ဗီဒီယိုတွေ ၊ အကြောင်းအရာတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ခိုင်မာတဲ့ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၂) Content Research Skills ကောင်းရမယ်

Digital

Photo : OECD

Video Creator တစ်ယောက်အတွက် Content Research Skills ကောင်းဖို့လည်း အရေးကြီးပါတယ်။ Fine Brothers ၊ FOMO Daily ၊ Philip DeFranco တို့လို YouTube ချန်နယ်တွေဆိုရင် နေ့စဉ်နေ့တိုင်း နီးပါး အသစ်သစ်သော မတူညီတဲ့ ဗီဒီယိုတွေကို ဖန်တီးတင်ဆက်နေကြတာ ဖြစ်ပါတယ်။ ဒီလို ဗီဒီယိုအကြောင်းအရာ အသစ်တွေကို အမြဲစဉ်ဆက်မပြတ် တင်ဆက်နိုင်ဖို့ဆိုရင် Research ကောင်းကောင်း လုပ်နိုင်တဲ့ Skills ရှိမှ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

(၃) Video တည်းဖြတ်မှု Skills ကောင်းရမယ်

video editing

Photo : IGN

Video ကောင်းကောင်းတစ်ပုဒ် ဖန်တီးချင်တယ် ၊ လူတွေရဲ့ စိတ်ဝင်စားမှုရစေမယ့် Video တွေ ဖန်တီးနိုင်ချင်တယ်ဆိုရင် ဗီဒီယိုတည်းဖြတ်မှုဆိုင်ရာ ပညာရပ်လို့ခေါ်တဲ့ Video Editing Skills ကလည်း မရှိမဖြစ် အရေးပါပါတယ်။ ဗီဒီယိုတစ်ပုဒ် စိတ်ဝင်စားဖို့ ကောင်းမကောင်းဆိုတာ တင်ဆက်တဲ့ အကြောင်းအရာအပြင် ဗီဒီယိုတည်းဖြတ်မှုပိုင်းနဲ့လည်း အများကြီး ဆိုင်ပါတယ်။ ဆိုတော့ ကွီးတို့အနေနဲ့Video တည်းဖြတ်မှုပိုင်းမှာ အားနည်းနေသေးတယ်ဆိုရင် အခမဲ့လေ့လာလို့ရတဲ့ Editing Tools တွေ ၊ အွန်လိုင်းကနေ လေ့လာနိုင်မယ့် Tutorials ဗီဒီယိုတွေကို ကြည့်ရှုလေ့လာ မှတ်သားပြီး ကိုယ့်ရဲ့ Video Editing Skills ကို မြှင့်တင်ထားဖို့ လိုပါမယ်။

(၄) မတူညီတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို သုံးတက်ရမယ်

social media apps

Photo : PR Daily

ဒီနေ့ခေတ်မှာ Video Creator လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ဖန်တီးတင်ဆက်မှုတွေကို လူတွေဆီ များများရောက်ဖို့ ၊ လူများများ သိနိုင်ဖို့ ဆိုရှယ်မီဒီယာပလက်ဖောင်း တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတော့ပါဘူး။ Facebook ၊ Youtube ၊ TikTok စသည်ဖြင့် လူသုံးများတဲ့ မတူညီတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို တွဲဖက်အသုံးပြုတက်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ဖန်တီးတင်ဆက်မှုတွေဟာ လူတွေအများကြီးစီရောက်နိုင်မှာဖြစ်ပြီး မတူညီတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း အသီးသီးကနေ ထိုးဖောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို အသုံးချတက်ရမယ်

Photo : Emeritus

Video Creator တစ်ယောက်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အရင်ဆုံးလေ့လာဖို့ လိုပါမယ်။ ကိုယ်ကဘာဝါသနာပါလဲ ၊ ဘာကျွမ်းကျင်လဲ ဆိုတာပေါ်မူတည်ပြီး ဗီဒီယိုတွေကို ဖန်တီးတင်ဆက်တာက သင့်ရဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကွီးတို့က ဟင်းချက်ပြမှာလား ၊ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေ မျှဝေမှာလား ၊ Reaction ဗီဒီယိုတွေ ဖန်တီးမလား ၊ အားကစားဆိုင်ရာသတင်းတွေ တင်ဆက်ချင်လား ၊ ရှာရှာဖွေဖွေ ဗဟုသုတအကြောင်းအရာတွေ တင်ဆက်မှာလား ၊ ခရီးသွား ဗီဒီယိုတွေ ဖန်တီးမလား စသည်ဖြင့် ကိုယ်ဘာကျွမ်းကျင်လဲ ၊ ဘာစိတ်ဝင်စားလဲဆိုတာပေါ်မူတည်ပြီး Video တွေ ဖန်တီးတင်ဆက်တာက အောင်မြင်တဲ့ Video Creator တစ်ယောက် ဖြစ်စေဖို့အတွက် များစွာအကူအညီ ဖြစ်စေနိုင်ပါတယ်။

Featured Photo : Visible Music College