အက်စ်တွန်ဗီလာအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား တွမ်ဇီဘီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဗျွန်းအန်ဂဲလ်ကို ရိုင်ရယ် အန့်တ်ဝါ့ပ်ကို ရောင်းထုတ်ခဲ့တဲ့ အက်စ်တွန်ဗီလာ နည်းပြ ဒင်း စမစ်က ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားသစ် ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပါတယ်။ တိုင်ရုန်း မင်းစ်နဲ့ ခွန်ဆာတို့ဟာ ဗီလာအတွက် ပထမဦးစားပေးရွေးချယ်စရာ ဗဟိုခံစစ်အတွဲအဖြစ် သက်သေပြသထားခဲ့ပေမယ့် စမစ်က ခံစစ်မှာ စစ်မှန်တဲ့ ယှဉ်ပြိုင်မှုမျိုး ပေးနိုင်တဲ့ တစ်စုံတယောက်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Axel-Tuanzebe

Photo: footballinsider247

တွမ်ဇီဘီဟာ အက်စ်တွန်ဗီလာအသင်း တန်းတက်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီမှာ အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အဲဒါကြောင့် ဗီလာကို ပြန်သွားချင်ကောင်း ပြန်သွားချင်နေလိမ့်မယ်လို့ ထင်မြင်ရပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အတွက် ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

တွမ်ဇီဘီအနေနဲ့ ဗဟိုခံစစ်နေရာအတွက် မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ အဲရစ် ဘိုင်လီတို့နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားက ယခုနွေရာသီမှာ ဗဟိုခံစစ်နေရာကို နောက်ထပ်အင်အားဖြည့်တင်းဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဒါကြောင့် တွမ်ဇီဘီဟာ ပွဲထွက်ခွင့်အတွက် မျှော်လင့်ချက် ပိုမိုဝေဝါးသွားဖို့ ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ကစားချိန်ရရှိနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ မြင့်တက်နေတာဖြစ်ပါတယ်။

Aston Villa have interest in re-signing Manchester United defender Axel Tuanzebe

Photo: football365

Football Insider ရဲ့ ဖော်ပြချက်အရ ဗီလာဟာ တွမ်ဇီဘီကို ခေါ်ယူဖို့ ခိုင်မာတဲ့ စိတ်ဝင်စားမှုမျိုးရှိပြီး မန်ချက်စတာယူနိုက်တက်အသင်းကသာ ၎င်းတို့နဲ့ ဆွေးနွေးညှိနှိုင်းချင်စိတ်ရှိရင် ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တွမ်ဇီဘီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ယူနိုက်တက်ကလည်း ရာဖေး ဗာရန်းကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။