ဗင်နစ်ရှပ်ဂျူနီယာ ဘာစီလိုနာအသင်း က၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဘယ်အသင်းကို ပြောင်းမလဲ ဆုံးဖြတ်ချက်ချဖို့ ၂ ရက်ပဲ အချိန်ရခဲ့ပြီးနောက် ဘာစီလိုနာရဲ့ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

Photo: lance
ဘရာဇီးလ်တိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဘာနေဗျူးကို တရားဝင်ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက ဗင်နစ်ရှပ်ဂျူနီယာအတွက် ဖလာမင်ဂိုအသင်းကို ပေါင် ၃၈.၇ သန်းပေးချေခဲ့ရတာဖြစ်ပါတယ်။
ဗင်နစ်ရှပ်ဟာ ရီးရဲမက်ဒရစ်အသင်းအတွက် သွင်းဂိုးနဲ့ပတ်သက်ပြီး ကိန်းဂဏန်း ၂ လုံးအထိ သွင်းယူနိုင်ခြင်းမရှိသေးပေမယ့် ပြီးခဲ့တဲ့မတ်လက လာလီဂါဖလားအဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ ကြီးမားတဲ့နိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: bleacherreport
ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေးကမ်းလှမ်းခြင်းခံခဲ့ရတုန်းက လက်ခံလိုက်မယ်ဆိုရင်တော့ ဗင်နစ်ရှပ်အတွက် အရာအားလုံးက အများကြီးကွဲပြားခြားနားသွားမှာဖြစ်ပါတယ်။
“ကျွန်တော် ဘာကာနဲ့ ရီးရဲမက်ဒရစ်တို့ဆီကနေ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး ရွေးချယ်ဖို့ အချိန် ၂ ရက်ပဲရခဲ့ပါတယ် ကျွန်တော့်ကိုယ်ကျွန်တော် ရီးရဲမက်ဒရစ်ကစားသမားအဖြစ် မြင်ယောင်ခဲ့တာ ဟိုးအရင်ကတည်းကပါ။ အရာအားလုံးကို အနိုင်ရရှိပြီး အရမ်းအောင်မြင်တဲ့ကစားသမားအဖြစ်ပေါ့”လို့ ပြောကြားခဲ့ပါတယ်။
