ခရစၥတီယာႏုိရုိနယ္ဒုိ ရီးရဲလ္မက္ဒရစ္ကုိ စြန္႔ခြာသြားၿပီးေနာက္မွာ သူ႔ေနရာအတြက္ ကစားသမားအသစ္တစ္ေယာက္ ျပန္လည္ဝင္ေရာက္မလား ဒါမွမဟုတ္ အသင္းရဲ႕ လက္ရွိကစာသမား ဂါရတ္ေဘးလ္ကပဲ ရုိနယ္ဒုိရဲ႕ ေနရာကုိ ဝင္ေရာက္ႏုိင္လိမ့္မယ္လုိ႔ ထင္ခဲ႔ၾကေပမယ့္ လက္ေတြ႕မွာေတာ့ ထင္သလုိေတြ ျဖစ္မလာခဲ႔ရပါဘူး။ ဒါေပမယ့္ လက္ရွိမွာေတာ့ ရီးရဲလ္အသင္းရဲ႕ အနာဂတ္အတြက္ အားကုိးအားထားရမယ့္ ၾကယ္ေလးတစ္ပြင့္က အားေကာင္းစြာနဲ႔ လင္းလက္ေတာက္ပလုိ႔ေနပါၿပီ။ ဒီၾကယ္ပြင့္ေလးကေတာ့ လူငယ္တုိက္စစ္ကစားသမားေလး ဗင္နီဆီယပ္စ္ပါ။

အသက္ ၁၈ႏွစ္သာရွိေသးတဲ႔ ဗင္နီဆီယပ္စ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကုိ ဘရာဇီးကလပ္အသင္း ဖလာမင္ဂုိကေန ေရာက္ရွိလာခဲ႔တဲ႔ ကစားသမားေလးတစ္ဦးပါ။ ၂၀၁၇ခုႏွစ္ ေမလက ရီးရဲလ္ကုိ စတင္ေရာက္ရွိခဲ႔ေပမယ့္ ၂၀၁၈ခုႏွစ္ ဇူလုိင္လမွသာ အသင္းနဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ခဲ႔ၿပီး ဂုိးမရွိသေရနဲ႔ ပြဲၿပီးသြားခဲ႔တဲ႔ မက္ဒရစ္ဒါဘီပြဲမွာ လူစားဝင္ကစားသမားအျဖစ္ စတင္ပါဝင္ခြင့္ရခဲ႔ပါတယ္။ သူရဲ႕ ရီးရဲလ္ကစားသမားဘဝ ပြဲဦးထြက္ပြဲအျဖစ္ ကုိပါဒယ္ေရးပြဲစဥ္မွာ စတင္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ၿပီး အသင္းသားေတြ သြင္းဂုိး၂ဂုိး သြင္းယူႏုိင္ေအာင္ပါ ဖန္တီးေပးသြားႏုိင္ခဲ႔ပါတယ္။

အခုေတာ့ ဗင္နီဆီယပ္စ္ဟာ ရီးရဲလ္စီနီယာအသင္းႀကီးမွာ ၄ပြဲဆက္တုိက္ ပြဲထြက္ကစားသမားတစ္ေယာက္အျဖစ္ ပါဝင္ကစားေနရၿပီးေတာ့ တစ္ေန႔ညက အလာဗက္အသင္းကုိ ၃ဂုိးျပတ္နဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲစဥ္မွာ အသင္းအတြက္ ဒုတိယေျမာက္သြင္းဂုိးကုိ သြင္းယူႏုိင္ခဲ့ပါတယ္။ ဒီပြဲမွာ ဗင္နီဆီယပ္စ္ဟာ ဘယ္ေတာင္ပံတစ္ျခမ္းလုံးမွာ ၿပိဳင္ဘက္ခံစစ္ကုိ အႀကိမ္ႀကိမ္ ဒုုကၡေပးသြားႏုိင္ခဲ႔ၿပီး အေကာင္းဆုံးေျခစြမ္းေတြကုိလည္း ျပသႏုိင္ခဲ႔ပါတယ္။

လက္ရွိမွာေတာ့ ေတာင္ပံတုိက္စစ္ ကစားသမားေလး ဗင္နီဆီယပ္စ္ဟာ ရီးရဲလ္အသင္းအတြက္ ၿပိုင္ပြဲစုံ ပြဲ၂၀အထိ ပါဝင္ေပးထားႏုိင္ၿပီး ဂုိး၄ဂုိးကုိ သြင္းယူထားပါတယ္။ ကုိပါဒယ္ေရးၿပိဳင္ပြဲအတြင္းမွာလည္း ဂုိးဖန္တီးမႈေပါင္း ၇ႀကိမ္အထိကုိ ျပဳလုပ္ထားႏုိင္ပါတယ္။ ဒါေၾကာင့္ ဗင္နီစီယပ္စ္ဟာ ရီးရဲလ္အတြက္ အနာဂတ္မွာ မရွိမျဖစ္ အေရးပါမယ့္ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ ျဖစ္လာႏုိင္မယ့္ အလားအလာေကာင္းေတြ ပုိင္ဆုိင္ေနတဲ႔ ကစားသမားတစ္ေယာက္ ျဖစ္ေနတာ အေသအခ်ာပါပဲခင္ဗ်ာ။

(Unicode)

ခရစ္စတီယာနိုရိုနယ်ဒို ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာသွားပြီးနောက်မှာ သူ့နေရာအတွက် ကစားသမားအသစ်တစ်ယောက် ပြန်လည်ဝင်ရောက်မလား ဒါမှမဟုတ် အသင်းရဲ့ လက်ရှိကစာသမား ဂါရတ်ဘေးလ်ကပဲ ရိုနယ်ဒိုရဲ့ နေရာကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ထင်သလိုတွေ ဖြစ်မလာခဲ့ရပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ရီးရဲလ်အသင်းရဲ့ အနာဂတ်အတွက် အားကိုးအားထားရမယ့် ကြယ်လေးတစ်ပွင့်က အားကောင်းစွာနဲ့ လင်းလက်တောက်ပလို့နေပါပြီ။ ဒီကြယ်ပွင့်လေးကတော့ လူငယ်တိုက်စစ်ကစားသမားလေး ဗင်နီဆီယပ်စ်ပါ။

အသက် ၁၈နှစ်သာရှိသေးတဲ့ ဗင်နီဆီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဘရာဇီးကလပ်အသင်း ဖလာမင်ဂိုကနေ ရောက်ရှိလာခဲ့တဲ့ ကစားသမားလေးတစ်ဦးပါ။ ၂၀၁၇ခုနှစ် မေလက ရီးရဲလ်ကို စတင်ရောက်ရှိခဲ့ပေမယ့် ၂၀၁၈ခုနှစ် ဇူလိုင်လမှသာ အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဂိုးမရှိသရေနဲ့ ပွဲပြီးသွားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ သူရဲ့ ရီးရဲလ်ကစားသမားဘဝ ပွဲဦးထွက်ပွဲအဖြစ် ကိုပါဒယ်ရေးပွဲစဉ်မှာ စတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး အသင်းသားတွေ သွင်းဂိုး၂ဂိုး သွင်းယူနိုင်အောင်ပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

အခုတော့ ဗင်နီဆီယပ်စ်ဟာ ရီးရဲလ်စီနီယာအသင်းကြီးမှာ ၄ပွဲဆက်တိုက် ပွဲထွက်ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားနေရပြီးတော့ မနေ့ညက အလာဗက်အသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗင်နီဆီယပ်စ်ဟာ ဘယ်တောင်ပံတစ်ခြမ်းလုံးမှာ ပြိုင်ဘက်ခံစစ်ကို အကြိမ်ကြိမ် ဒုုက္ခပေးသွားနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ တောင်ပံတိုက်စစ် ကစားသမားလေး ဗင်နီဆီယပ်စ်ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ၂၀အထိ ပါဝင်ပေးထားနိုင်ပြီး ဂိုး၄ဂိုးကို သွင်းယူထားပါတယ်။ ကိုပါဒယ်ရေးပြိုင်ပွဲအတွင်းမှာလည်း ဂိုးဖန်တီးမှုပေါင်း ရကြိမ်အထိကို ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ဗင်နီစီယပ်စ်ဟာ ရီးရဲလ်အတွက် အနာဂတ်မှာ မရှိမဖြစ် အရေးပါမယ့် ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်နေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတာ အသေအချာပါပဲခင်ဗျာ။