ကိုယ်ခံအားစနစ်အတွက် ဗီတာမင် စီဟာ အဓိကနေရာကနေပါဝင်နေတယ်ဆိုတာ လူတော်တော်များများသိထားကြပါတယ်။ ဗီတာမင် စီဟာ ကိုယ်ခံအားနစ်အတွက်တင် ကောင်းမွန်တာမဟုတ်ဘဲ အဆုတ်ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ဗီတာမင် စီ ဟာ အဆုတ်ရောင်ရမ်းခြင်းကို တာဆီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီနေ့မှာတော့ ဆောင်းရာသီမှာ အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်သော ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေကို ဖော်ပြပေးသွားမှာပါ။

လိမ္မော်သီး

လိမ္မော်သီးဟာ အရသာရှိရုံတင်မကဘဲ ဗီတာမင်စီဓာတ်အပါအဝင် အာဟာရဓာတ်ကြွယ်ဝပါတယ်။ ဗီတာမင် စီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အူမကြီးကျန်းမာရေးအတွက်လည်း ကောင်းတဲ့အသီးဖြစ်ပါတယ်။

မာလကာသီး

လတ်ဆက်ပြီး ကြွပ်ရွတဲ့ မာလကာသီးရဲ့အရသာက ငရုတ်သီးမှုန့်နဲ့တို့စားရင် အကောင်းဆုံးပါပဲ။ မာလကာသီးဟာ ဝိတ်ကျစေတဲ့ အသီးအဖြစ်လည်း လူသိများပါတယ်။ အဲဒါအပြင် အဆုတ်ကျန်းမာရေးအတွက် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့အပြင် ဆီးချိုရောဂါကိုလည်း ထိန်းပေးနိုင်ပါတယ်။

သလဲသီး

အရည်ရွှမ်းတဲ့ သလဲသီးတွေဟာ အာဟာရဓာတ်ကြွယ်ဝတဲ့အပြင် ဗိုင်းရပ်စ်တွေကိုတိုက် တိုက်ဖျက်ပေးတဲ့ အသီးအဖြစ်လူသိများပါတယ်။ ကျန်းမာရေးကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ အဆုတ်အားကောင်းဖို့အတွက်လည်း သလဲသီးကို စားပေးသင့်ပါတယ်။

စတော်ဘယ်ရီသီး

ဆောင်းရာသီစာဖြစ်တဲ့ စတော်ဘယ်ရီသီးက ဗီတာမင်ဓာတ်တွေ၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ အန်တီအောက်စီဒန့်တွေလို အာဟာရဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောဓာတ်နဲ့အဆီဓာတ်တွေလည်း နည်းပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်နဲ့ အဆုတ်ကျန်းမာရေးအတွက် စတော်ဘယ်ရီသီးကို စားသုံးပေးသင့်ပါတယ်။

ကီဝီသီး

လေ့လာချက်တွေအရ ကီဝီ (၁၀၀) ဂရမ်က ဗီတာမင်စီ (၇၄.၇) ဂရမ် ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးကို မြှင့်တင်ပေးဖို့အတွက် တစ်နေ့တာမှာ ကီဝီသီးကိုလည်း စားပေးသင့်ပါတယ်။

Source: Times of India