ဒီလထဲမှာ မိတ်ဆက်သွားတော့မယ် vivo ရဲ့ S20 နဲ့ S20 Pro စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ သတင်းတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက S20 ရဲ့ Specs တွေ ပေါက်ကြားလာခဲ့သလို ယခုအခါ S20 Pro ရဲ့ Specs တွေ ထပ်မံပေါက်ကြား လာခဲ့ပါတယ်။
Photo : GSMArena.com
Digital Chat Station ရဲ့အဆိုအရ S20 Pro မှာ ၆.၆၇ လက်မ 1260×2800 LTPS OLED ကွေးညွှတ် မျက်နှာပြင် တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 50 MP ဆယ်လ်ဖီကင်မရာ ပါဝင်ပါတယ်။ ကျောဘက်မှာတော့ Sony ရဲ့ IMX921 Sensor သုံး 50 MP Main ကင်မရာနဲ့အတူ 50 MP Ultrawide နဲ့ 50 MP 3x Zoom Periscope Telephoto ကင်မရာတို့ကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။
ဒီဖုန်းမှာ MediaTek ရဲ့ Dimensity 9300+ SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Optical In-display Fingerprint Sensor နဲ့ 90W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,500 mAh ဘက်ထရီတို့ ပါဝင်မယ်လို့ သိရပါတယ်။ ယခင်ပေါက်ကြားမှုတွေအရ S20 မှာလည်း Pro မော်ဒယ်နဲ့ တူညီတဲ့ မျက်နှာပြင် ၊ ဆယ်လ်ဖီကင်မရာတို့ ပါဝင်မှာဖြစ်ပြီး SoC အနေနနဲ့တော့ Snapdragon 7 Gen 3 မောင်းနှင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
Photo : Gagadget.com
အံ့သြစရာကောင်းတာက S20 မှာ ပိုကြီးတဲ့ 6,500 mAh ဘက်ထရီပါဝင်ပေမယ့် ဖုန်းရဲ့ အထူက ၇.၁၉ မီလီမီတာနဲ့ အလေးချိန် ၁၈၅.၅ ဂရမ်သာ ရှိတာ ဖြစ်ပါတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာတော့ S20 နဲ့ S20 Pro တို့ရဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင် ထုတ်ဖော်ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Source : GSMArena.com
Featured Photo : Notebookcheck